News

Friday, September 18, 2020

သက်ကြီးရွယ်အိုရဟန်းများ၏အဆုံးတိုင်တည်ကြည်မူအတွက်ရဟန်းမင်းကြီးကျေးဇူးတင်

ဘ၀တူရဟန်းများအားမိန့်ကြားချက်၌ ရဟန်းမင်းကြီးကလွန်ဘာဒီဆရာတော်ကြီးများအဖွဲ့အားကျေးဇူးတင် ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ယခုတစ်ကြိမ်နှင့်ဆိုလျှင်သက်ကြီးရွယ်အိုရဟန်းတော်များနှင့်စုပေါင်း၍တစ်ရက်တာအ တူတကွစုပေါင်းဆုတောင်းခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့သည်မှာ (၆) ကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ ဤအစီအစဉ်သည်အလွန်လှ ပပြီး၊ အနစ်သာရပြည့်၀လှသည်။

Friday, September 18, 2020

ရိုမေးနီးယားမှ ဖွားဖွား တစ်ဉီးနှင့်မြေးလေး ဓာတ်ပုံအား ပုပ်ဖရန်၏ဆုတောင်းကဒ်ပြားသစ်လေး၌ ဖော်ပြခြင်းခံရ

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်ဟာ ၎င်းနှင့်တွေ့ဆုံသူများအားဝေငှ ပေးတတ်သည့် ဆုတောင်းမေတ္တာကဒ် အသစ်လေး ထွက်ရှိရာ ထိုကဒ်ပေါ်မှာတော့ ရိုမေးနီးယား မှ ဖွားဖွားတဉီးနှင့် ၂ နှစ်သား မြေးငယ်လေး ဓာတ်ပုံ ၂၀၁၉ ခုနှစ် နွေရာသီ အလည်အပတ်ကြွရောက်ခြင်းတွင် ရိုက်ထားတဲ့ ပုံကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Friday, September 18, 2020

ပုပ်ဘယ်နဒစ် ဗြိတိန်သို့ကြွရောက်ခြင်း အပေါ် အမှတ်ရစရာအဖြစ် ကာဒီနယ် နီကော မှ သုံးသပ်ထောက်ရှု

Westminster ရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ဗင်းဆင့်နီကော မှ ဒီတပတ်ထဲမှာကျရောက်တဲ့ အနားယူသွားပြီဖြစ်သော ၁၆ ဆက်မြောက် ပုပ်ဘယ်နဒစ် အရှင်သူမြတ် ဗြိတိန်နိုင်ငံသို့ အလည် အပတ် ကြွရောက်ခြင်း ၁၀ နှစ်ပြည့်အပေါ် ထောက်ရှုသုံးသပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ၊ ၂၀၁၀ ခုနှစ်စက်တင်ဘာလ ၁၆ မှ ၁၉ အထိ ပုပ်ဘယ်နဒစ်ဟာ ဗြိတိန် နိုင်ငံကို တမန်တော်ကြီးခရီးစဉ်အနေနဲ့ ကြွရောက်ခဲ့ပါတယ်။

Friday, September 18, 2020

ဂျပန်နိုင်ငံ အတွက် ပုပ်ရဟန်း မင်းကြီး ကိုယ်စားလှယ်တော် ပျံလွန်ခြင်း အောက်မေ့ဖွယ်မစ္ဆား ကျင်းပ

စက်တင်ဘာ ၈ ရက် နေ့က ပျံလွန်တော်မူသွားတဲ့ ဂျပန်နိုင်ငံ အတွက် ပုပ်ရဟန်း မင်း ကြီး ကိုယ်စားလှယ်တော် ဖြစ်သည့် ဂိုဏ်းချုပ်ဆရာတော်ကြီး Archbishop Chennoth အတွက် မစ္ဆားတရားကို ဂျပန်နိုင်ငံ၊ တိုကျို ကာသီဒြယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စျာပန အခမ်းအနားကိုတော့ ဆရာတော်ကြီး၏ မိခင်နိုင်ငံဖြစ်တဲ့ အိန္ဒိယ မှာ ကျင်းပသွားမှာပါ။

Thursday, September 17, 2020

တရုတ်ဗာတီကန်ဆက်ဆံရေးကိုထိခိုက်စေနိုင်သောလုပ်ရပ်ကိုဘုန်းတော်ကြီးတစ်ပါးပြုလုပ် (သို့) တရုတ်ဗာတီကန်ဆက်ဆံရေးအပေါ်ဘုန်းတော်ကြီးတစ်ပါး၏သုံးသပ်ချက်ထွက်ပေါ်လာ

တရုတ်ပြည်အလယ်ပိုင်းမှကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက တရုတ်ပြည်၏လုပ်ရပ်သည်သာသနာတော်အား ဆိုးရွားသောအခြေအနေကိုဖြစ်ပေါ်စေကြောင်းပြောကြားခဲ့သည်။ ဤသို့ပြောကြားခြင်းသည်လွန်ခဲ့သောနှစ်နှစ်ခန့်ကပေဂျင်း မြို့၌ဗာတီကန်နှင့်တရုတ်လက်မှတ်ရေးထိုးခဲ့သောသဘောတူချက်ကိုထိခိုက်စေသည်။

Thursday, September 17, 2020

ဆန္ဒထုတ်ဖော်သူတို့၏အသံကိုနား ထောင်ပေးရန် ပုပ်ဖရန် စစ်မေတ္တာရပ်ခံ

ကမ္ဘာကြီး၏နိုင်ငံအတော်များများ၌ မိမိတို့နိုင်ငံ၏ လိုအပ် ချက်များအပေါ်မူတည်၍ဆန္ဒထုတ်ဖော်နေကြသည်ကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် သတိ ထားမိပြီး၊ ကမ္ဘာသူကမ္ဘာသားများတစ်ဖြေးဖြေးနှင့်စိတ်ပျက်လာနေကြသည့်အကြောင်း၊ နိုင်ငံတကာ၌ဖြစ်ပျက်နေသောနိုင်ငံရေးနှင့်လူမူရေးပဋိပက္ခအချို့ကိုဖော်ထုတ်မြွတ်ကြားခဲ့သည်။

ဆန္ဒ ထုတ်ဖော်နေကြသောသူ များအားလည်း ၄င်းတို့ ၏ လိုလားချက်များကိုငြိမ်းချမ်းစွာတောင်းခံရန်၊ မည်သည့် အ ကြမ်း ဖက်မူ၊ ဒေါသရှေ့ထားလုပ်ဆောင်ခြင်းများကိုမပြု လုပ်ရန်လည်းတိုက်တွန်းခဲ့သည်။

Thursday, September 17, 2020

မုန်တိုင်းဒဏ်ခံဘုရားကျောင်းမှ ခရူစူးကားတိုင်ကို ကျောင်း သားများက ပင့်ဆောင်နိုင်ခဲ့

သြဂုတ်လအတွင်းက တိုက် ခတ်ခဲ့သော ဟာရီကိန်းမုန် တိုင်းလော်ရာသည် လွီစီယားနားပြည်နယ်၏သုံးပုံတစ်ပုံခန့်ကို ပျက်စီးစေခဲ့သည်။ထို့အတူ ထိုပြည်နယ်ရှိ များစွာသော ဘုရားကျောင်းများကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

သာသနာပိုင် ဆရာတော်ကြီး Bishop Glen John Provost ၏ထုတ်ပြန်ချက်အရ ဘုရားကျောင်း ၃၉ ကျောင်းပျက်စီးခဲ့ပြီး သာသနာ့လုပ်ငန်းခုနစ်ခုလည်း ရပ်တန့်သွားသည်ဟုသိရသည်။

Wednesday, September 16, 2020

လူမျိုးခွဲခြားရေး ဝါဒကို ကိုင်တွယ်ရန် ကယ်လီဖိုးနီးယား ကက်သလစ် ဆရာတော်ကြီးများ စတင်

ကယ်လီဖိုးနီးယားရှိ အာဖရိကန် အမေရိကန် ကက်သလစ် ဆရာတော်ကြီးများဟာ လူမျိုးခွဲခြားရေးဝါဒ ကို တိုက်ဖျက်ချေမှုန်း ဘို့ တနှစ်တာ အစီအစဉ်ကို စတင်ရန် စက်တင်ဘာ ၉ ရက်နေ့က အစည်းအဝေးကျင်းပခဲ့ကြပါတယ်။

အထက်ပါ အစည်းအဝေးဟာ စိန့်ပီတာကလာဗာ ရဲ့ပွဲနေ့မှာ ကျရောက်ပြီး အမေရိကား ကက်သလစ် သာသနာနယ် များစွာတို့မှ လူမျိုးခွဲခြားရေးဝါဒ အဆုံးသတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆုတောင်းခြင်း အစာရှောင်ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

Wednesday, September 16, 2020

ရဟန်းမင်းကြီးသည်ပါပူ၀ါဂီနီနိုင်ငံ၊ Bougainville အတွက်ဆရာတော်အသစ်ရွေးချယ်ခံအပ်

ပြီးခဲ့သောစနေနေ့က ရဟန်းမင်းကြီးဖရန်စစ်သည် Dariusz Kałuża, M.S.F. ဆရာတော်အား ပါပူ၀◌ါနူးဂီနီနိုင်ငံ၊ Bougainville သာသနာ၏ဆရာတော်အဖြစ်ခန့်အပ်လိုက်သည်။

ဆရာတော်အား (၁၉၆၇) ပိုလန်နိုင်ငံ၊ Pszczyna ၌မွေးဖွား ခဲ့သည်။ သူသည် M.S.F. သာသနာပြုအသင်း၀င်တစ်ပါးဖြစ်ပြီး၊ (၁၉၈၇) တွင်ရာသက်ပန်သစ္စာကိုခံယူခဲ့သည်။ ထို့နောက် (၁၉၉၃) ခုနှစ်၌ရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည်ပိုလန်နိုင်ငံ၏သာသနာနယ်အတော်များများ၌ကျောင်းထိုင်အဖြစ်အ မူတော်ထမ်းခဲ့သည်။

Wednesday, September 16, 2020

ပြည်သာသနာမှ  ကက်သလစ်ရဟန်းတပါး ၌ ကိုဗစ် ပိုးတွေ့ရှိ

မြန်မာနိုင်ငံမှ ကက်သလစ် ဘုန်းတော်ကြီးများထဲမှ ပထမဉီးဆုံး ကိုဗစ်ပိုး positive တွေ့ရှိရသူ အဖြစ် ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသ နာမှ ရဟန်းဝါတော် ၁ နှစ် ရှိပြီဖြစ်သော ပလက်ဝ လက် ထောက်ဘုန်းတော်ကြီး ဖာသာရ်စတီးဗင်းစိုးဘူ ဖြစ်ပါတယ်။

အထက်ပါဘုန်းတော်ကြီးအားအာဗီအေ မြန်မာ မှ ၁၅ မိနစ် ၄၅ စက္ကန့် အင်တာဗျူးခဲ့ပါတယ်။

သတင်းအစုံမှာ ၊ ဖာသာရ် စတီးဗင်း ဟာ သြဂုတ် လ ၁၁ ရက်နေ့မှာ ပလက်ဝ ကနေ ရန်ကုန်ကို ခရီးသွားခဲ့ရာ စစ်တွေ ရန်ကုန် လေယာဉ်ကို စီးနင်းလိုက်ပါခဲ့သူဖြစ်ကြောင်း