ပုပ်ဖရန်စစ် အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာသို့လုံခြုံစွာရောက်ရှိ

ပုပ်ဖရန်စစ် အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာသို့လုံခြုံစွာရောက်ရှိ

ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာသို့ ဒေသစံ တော်ချိန်နံနက် (၁၁း၁၉) ၌ Jakarta Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လုံခြုံစွာရောက်ရှိသွားခြင်းဖြင့် သူ၏ (၄၅) ကြိမ်မြောက်တမန်တော်ခရီးစဉ်ကိုစတင်လိုက်ပြီဖြစ်ပါသည်။

ရဟန်းမင်းကြီးဖရန်စစ်နှင့်သတင်းသမားများလိုက်ပါသော အီတလီလေကြောင်းသည် ရောမမြို့၊ ဖူမီချီးနိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒေသစံတော်ချိန်ညနေ (၅း၃၂)၊ စက်တင်ဘ ာလ (၂) ရက်၊ တနလ်ာနေ့ကစတင်ထွက်ခွာလာခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် လေယာဉ်ပေါ်သို့ကြွရောက်သွားသည်နှင့်လေယာဉ်ပေါ်သို့အသင့် ရောက်ရှိနေပြီဖြစ်သော သတင်းသမားများအားလိုက်လံနှုတ်ဆက်ခဲ့သည်။

ဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်သည်နှင့်ရဟန်းမင်းကြီးအားလှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။ ရဟန်းမင်းကြီးသည် ဆိုက် ရောက်သောနေ့၌မည်သည့်အစီအစဉ်မျှမရှိဘဲအနားယူကာ ဗုဒ္ဓဟူးနေ့မှသာအစီအစဉ်များကိုစတင်မည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့၌ တွေ့ဆုံရန်၊ သွားရောက်လည်ပတ်ကြည့်ရှုရန်အစီအစဉ်များဖြင့်သူ၏ (၁၂) ရက်ကြာတမန်တော်ခရီးကိုစတင်တော့မည်ဖြစ်သည်။

ရဟန်းမင်းကြီးသည် ရှည်လျားသောသူ၏ ပါပူအာနူးဂီနီ၊ အရှေ့တီမော၊ စင်ကာပူနိုင်ငံများသို့မကြွရောက်မီ ဂျာကာတာ၌ (၃) ညတာသီတင်းသုံးမည်။ ကြွရောက်မည့်နိုင်ငံအသီးသီးရှိ ကာဒီနယ်များကရဟန်းမင်းကြီးအားလှိုက်လှဲနွေထွေးစွာကြိုဆိုကြမည်။ ဤကာဒီနယ်များသည် များသောအားဖြင့် ရဟန်း မင်းကြီးဖရန်စစ် ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်ပြီးနောက်ပိုင်းမှရွေးခံခဲ့ရသောကာဒီနယ်များ သည်။ အချို့သည် ၄င်းတို့နိုင်ငံ၏ကက်သလစ်သာသနာသမိုင်းတွင် ပထမဦးဆုံးကာဒီနယ်ပင်ဖြစ်လာခဲ့ကြသည်။

အင်ဒိုနီးရှား (Indonesia)

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်၌ မွတ်စလင်ဘာသာ၀င်အများဆုံးရှိသောနိုင်ငံတစ်ခုဖြစ် သည်။ ကျွန်းစုပေါင်း (၁၇၀၀၀) ရှိသောနိုင်ငံလည်းဖြစ်သည်။ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှုကွဲပြားမှုအလွန်ကြီးမား သောနိုင်ငံတစ်ခုလည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်မတိုင်မီ ရဟန်းမင်းကြီးစိန့်ပီအုစ့် (၆) က (၁၉၇၀) ၌လည်းကောင်း၊ ရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) က (၁၉၈၉) ခုနှစ်၌လည်းကောင်း ကြွရောက်ခဲ့သည်။

ယခုတစ်ကြိမ်ဖော်ဆောင်သော ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးစဉ်သည် ကိုးဗစ် (၁၉) မဖြစ်ပွားမည်ကစီစဉ်ထားခဲ့သောခရီးစဉ်ဖြစ်သည်။ အင်ဒိုနီးရှားနိင်ငံသည် အသွင်မတူကွဲပြားမှုများကြားယှဉ်တွဲနေထိုင်နိုင်ခြင်း၏ ကြီးမားသောပြယုဂ်တစ်ခုဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်ပင်လျှင် ‘Fratelli Tutti’ (ကျွန်ုပ်တို့အားလုံးသည် ညီရင်းအစ်ကိုမောင်နှမများဖြစ်ကြသည်) ဟုအမည်ပေးထားသည့် စာချွန်တော်တစ်စောင်ကိုလည်း ထုတ်‌ေ၀ထားသော ကြောင့် အမှန်တကယ်ပင် လူသားများကြား ညီရင်းအစ်ကိုမောင်နှမစိတ်မွေးမြူရေးနှင့်သက်၀င်ယုံကြည်မှုမတူသောလည်း လေးစားခင်စွာအတူယှဉ်တွဲနေ ထိုင်ဆွေးနွေးညှိုနှိုင်းတိုင်ပင်သည့်ယဉ်ကျေးမှုကိုအားပေးတိုက်တွန်းသွားမည်မှာသေချာလှပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏လူဦးရေထဲမှ ကက်သလစ်ဘာသာ၀င်သည် (၃) ရာခိုင်နှုန်းသာရှိသာရှိသည်။ ထို (၃) ရာခိုင်နှုန်းသည်လူဦးရေ (၈) သန်းသာရှိသော်လည်း မွတ်စလင်ဘာသာ၀င်ဦးရေ (၂၈၀) သန်းတို့က အချင်းချင်းကြား၌လည်းကောင်း၊ မတူညီသောဘာသာရေးယုံကြည်မှုများကိုလည်း ကောင်း လေးစားကြသည်။

ရဟန်းမင်းကြီးသည် ဂျာကာတာ၌ သီတင်းသုံးမည့်တိုတောင်းသောကာလ၌လည်း သက်၀င်ယုံ ကြည်မှုမတူသောဘာသာအချင်းချင်းချစ်ကြည်ရင်းနှီးစွာတွေ့ဆုံဆွေးနွေးသည့်အစီအစဉ်ကို Istiqlal ဗလီ ၌ကျင်းပမည်ဖြစ်သည်။

ဗာတီကန်သတင်းဌာနမှအင်ဒိုနီးရှားကာဒီနယ် Ignatius Suhryo Hardijoatmodjo အားနိုင်ငံအတွင်းလက်ထပ်ထိမ်းမြှားခြင်းနှင့်စပ်လျင်း၍ မေးမြန်းရာ ဘာသာမတူသောအမျိုးသား၊ အမျိုးသမီးများကြား အိမ်ထောင်ပြုကြသည်မှာများစွာရှိကြောင်း၊ ဥပမာအားဖြင့် ကက်သလစ်နှင့်မွတ်စလင်ဘာသာ၀င်များကြား၌ လည်းရှိကြောင်း၊ မွတ်စလင်ဘာသာ၀င်အများစုရှိသောကမ္ဘာ့နိုင်ငံများကဲ့သို့မဟုတ်ကြောင်း၊ ၄င်းအပြင် တစ်ခါ တစ်ရံ၌ ကက်သလစ်ဘုန်းတော်ကြီးများပင်လျင် မွတ်စလင် (သို့) ဗုဒ္ဓဘာသာဖြစ်နေသောမိသား စုမှလည်းရှိကြောင်းဖြေကြားခဲ့ဖူးသည်။ ထို့ကြောင့်လည်း ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့တမန်တော်ခရီးကြွရောက်ရခြင်း၏ ဦးတည်ချက်ကို ‘ယုံကြည်ခြင်း၊ ညီရင်းအစ်ကိုမောင်နှမ၊ စာနာတတ်ခြင်း’ ဟုယူထားခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/EIXz
 

Add new comment

2 + 4 =