ပုပ်ဖရန်စစ်၏ အာရှ (၄) နိုင်ငံနှင့်ကမ်းရိုးတန်းနိုင်ငံ (၁) သို့ တမန်တော်ခရီးနှင့်စပ်လျင်း၍ ကာဒီနယ်တားဂလေ၏သုံးသပ်

ပုပ်ဖရန်စစ်၏ အာရှ (၄) နိုင်ငံနှင့်ကမ်းရိုးတန်းနိုင်ငံ (၁) သို့ တမန်တော်ခရီးနှင့်စပ်လျင်း၍ ကာဒီနယ်တားဂလေ၏သုံးသပ်

ကာဒီနယ်အန်တိုးနီယို တာ့ဂလယ် သည် ပုပ်ရဟန်းမင်းကြီး ၏လက်အောက်ရှိ ဧ၀ံဂေလိပြန့်ပွားရေးရုံးတော်၏ဥက္ကဌဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် စက်တင်ဘာလ (၂) ရက်နေ့မှစ၍ ကမ္ဘာ့တိုက်ကြီး (၂) တိုက်အတွင်းရှိ နိုင်ငံ (၄) ခုဆီသို့ကြွရောက်ပြီဖြစ်သည်။ ဤခရီးစဉ်တစ်ခုလုံး၏အကွာအ‌ေ၀းမှာ ကီလိုမီတာ (၄) သောင်းခန့်ရှိသည်။ ရဟန်းမင်းကြီးလိုက်ပါမည့်လေယာဉ်သည် ရောမမြို့၊ ဖူမီချီးနိုလေဆိပ်မှ စက်တင် ဘာလ (၂) ရက်နေ့၌စတင်ထွက်ခွာသည်။ ဤအာရှနှင့်ကမ်းရိုးတန်းဒေသခရီးစဉ်သည် ရဟန်းမင်းကြီးဖရန်စစ်၏ခရီးမိုင်အရှည်ဆုံးနှင့်စိန်ခေါ်မှုအများဆုံးသောတမန်တော်ခရီးဖြစ်သည်။

ရဟန်းမင်းကြီးရန်စစ်၏ အသက်အရွယ်နှင့်မည်မျှပင်ခရီးမိုင်ရှည်လျားပြီး စိန်ခေါ်မှုများပြည့်နေစေကာမူ ရဟန်း မင်းကြီးသည် သူဦးဆောင်ရသောရောမဂိုဏ်းချုပ်သာသနာအပြင် ရဟန်းမင်းကြီးတစ်ပါးအဖြစ် ကမ္ဘာပေါ်ရှိကက်သလစ်သာသနာတော်ကြီးတစ်ခုလုံး၏အကျိုးအတွက်မောသည်ပန်းသည်မတွက်ဘဲ လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖ၀ါးအောက်အရောက် အောင်သွားရန်ဆိုင်းပြင်းထားသည်။ ဤသို့သော ပြတ် သားသည့်ဆုံးဖြတ်ချက်ကိုချမှတ်ရခြင်းမှာ သူစွမ်း၍၊ သူတတ်နိုင်၍မဟုတ်။ လူသားအားလုံးကိုအစေခံရန် ဘုရား သခင် ၏ ခေါ်တော်မူခြင်းကိုခံထားရသည့်အမှုတော်၌ နှိမ့်ချနာခံခြင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်ခြင်းသာဖြစ်သည်။

ရဟန်းမင်းကြီး၏အာရှခရီး၌ အင်ဒိုနီးရှား၊ ပါပူအာနူးဂီနီ၊ အရှေ့တီမောနှင့်စကာပူနိုင်ငံများအား နီးနီးကပ်ကပ်ဖြစ်စေပေလိမ့်မည်။ တမန်တော်ကြီးပေတရု၏အရိုက်အရာကိုဆက်ခံသော ရဟန်းမင်း ကြီးဖရန်စစ်အနေဖြင့် အဘယ် ကြောင့်ခရစ်ယာန်ဘာသာ၀င်ဦးအနည်းငယ်သာရှိသောနိုင်ငံများသို့တမန်တော်ခရီးကိုဦးစားပေးရွေးချယ်ရခြင်းမှာ လူ့အမြင်၌အရေးမပါလှဟုထင်ရသော်လည်း ဘုရားသခင် ၏ ရှေ့တော်မှောက်၌အသိမ်ငယ်ဆုံးသောသူတို့သည်လည်းကြီးမြတ်ပြီး အရာရောက်သူများဖြစ်သောကြောင့် ကက် သလစ်သာသနာတော်ကြီးအတွက်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေကိုအမှန်တကယ်လိုလားသူများအားရိုက်ခတ်သွားစေနိုင်ပါသည်။

မကြာမီသက်တော် (၈၈) နှစ်ပြည့်တော့မည့် ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဤမျှ ‌ေ၀းလံရှည်လျားပြီး မောပန်းစေမည့်ခရီးကိုရွေးချယ်ရသည့်ရည်ရွယ်ချက်မှာ ယခုမှတစ်ရေးနိုးစီစဉ်ခြင်းမဟုတ်ဘဲ (၂၀၂၀) ကပင်စီစဉ်ခဲ့သည်။ သို့သော် ကိုးဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် အစီအစဉ်အားလုံးဆိုင်းငံ့ထားခဲ့ရသည်။ အံ့အားသင့်ရသည့်အချက်ကား ရဟန်းမင်းကြီးသည် ဤ (၄) နှစ်တာကာလအတွင်းကျန်းမာရေးအနည်းငယ်ချိနှဲ့လာသည်။ အကြီးစားခွဲစိတ်မှုများကိုလည်းပြုလုပ်ခဲ့ရသည်။ ထိုစိန်ခေါ်မှုများကြားမှ ဤခရီးစဉ်ကိုမေ့မေ့ ပျောက်ပျောက်ခေါက်မထားခဲ့ဘဲ သူ၏ဦးစားပေးအစီအစဉ်ထဲပြန်လည်ထည့်သွင်းလာသည်။ ဤအချက်ကား ရဟန်းမင်းကြီးဖရန်စစ်၏ဖခင်စိတ်အပြည့်ရှိနေခြင်းပင်ဖြစ်သည်။ တစ်နည်းဆိုရသော် ရဟန်းမင်းကြီးလက်သုံးစကားဖြစ်သော ‘ဆင်ခြေဖုံးရပ်ကွက်ရပ်ရွာများသို့သွားရောက်ခြင်း’ ဟူသောစကားစုကိုလက်တွေ့ပြသခြင်းဖြစ်သည်။

ဆင်ခြေဖုံးနှင့်‌ေ၀းလံခေါင်ဖျားသောဒေသ၌ရှိသော လူသားများသည်လည်း ဘုရား သခင် ၏ သားသမီးများဖြစ်ကြသည်ကိုဖော်ပြလိုခြင်းဖြစ်သည်။ ရဟန်းမင်းကြီး၏အသက်အရွယ်မျှပင်မရှိသေးသောဘုရားအမှုထမ်းများအတွက်ပင် ယခုခရီးစဉ်သည်လွန်စွာပင်ပန်းနွမ်းနှယ်စေမည့်ခရီးတစ်ခုဖြစ် သည်။ သို့သော် လှိုက်လှဲ၀မ်းသာစွာစီစဉ်ရခြင်းမှာ ရဟန်း မင်းကြီးအမှုတော်ကိုနှိမ့်ချနာခံခြင်းဖြင့်ဖော်ဆောင်ခြင်းဖြစ်သည်။ သူစွမ်းသည်ဟုပြသလိုခြင်းလုံး၀မဟုတ်ဘဲ ‘ငါ့သိုးတို့ကိုကျွေးမွေးလော့၊ စောင့် ရှောက် လော့’ ဟူသောသူ့အားခေါ်တော်မူခဲ့သည့်သခင်၏ အမိန့်တော်ကိုနာခံဖြည့်ဆည်းခြင်းသာဖြစ်သည်။

ဤခရီးစဉ်သည် ပဋိပက္ခမြောက်များစွာဖြင့်ပြည့်နေသော အနောက်နိုင်ငံများ၏ အရေးကိုရဟန်းမင်းကြီးသည် ဥပေက္ခာပြု၍ အရှေ့နိုင်ငံသို့မျက်နှာမူခြင်းလည်းမဟုတ်။ ရဟန်းမင်းကြီးအနေဖြင့် အချို့အပိုင်းကိုစိတ်၀င်စား၍ အချို့အပိုင်းကိုလစ်လျှူရူထားမည့်အတွေးအခေါ်၊ အယူအဆသည် ရဟန်းမင်းကြီးရေးဆွဲသော တမန်တော်ခရီး၏ အကြောင်းတရားမဟုတ်ပေ။ ဤသုံးသပ်ချက်မျိုးသည် သုံးသပ်ချက်အလွဲအမှားသာဖြစ်သည်။

ရဟန်းမင်းကြီးသည် ဤတမန်တော်ခရီးစဉ်ပြီးဆုံးသည်နှင့် Luxembourg နှင့် Belgium သို့ဆက်လက်ကြွရောက်မည်ဖြစ်သည်။ ရဟန်းမင်းကြီးသည် အာရှနိုင်ငံထက်စာလျှင် ဥရောပနိုင်ငံများစွာသို့ ကြွရောက်ခဲ့ပြီးဖြစ်သည်။

ကမ္ဘာတစ်၀ှမ်းသို့အခြေအနေပေးလျှင်ပေးသည့်အတိုင်းရဟန်းမင်းကြီးကြွရောက်ခြင်းမှာ ကမ္ဘာ၏မည်သည့်အပိုင်း၊ အရပ်ဒေသ၌ရှိနေစေကာမူ ၄င်းတို့အားရဟန်းမင်းကြီးအနေဖြင့်အလေးထား၍ အားပေးလျှက်ရှိကြောင်းပြသလိုသည်။ ၄င်းအပြင် အာရှတိုက်သည် ကမ္ဘာ့လူဦးရေ၏ (၃) ပုံ (၂) ပုံရှင်သန်နေထိုင်သောတိုက်ကြီးတစ်တိုက်လည်းဖြစ်သည်ကိုမမေ့အပ်ပေ။ ဤတိုက်ကြီးအတွင်းနေထိုင်ကြသောလူသားများသည် ချို့တဲ့နွမ်းပါးကြပြီး ၄င်းတို့အနက် များစွာသောသူတို့သည် ဆေးကြောခြင်းမင်္ဂလာ ကိုခံယူထားကြသူများဖြစ်ကြသည်။ ဤဒေသ၌ ချို့တဲ့နွမ်းပါးသူများစွာရှိကြောင်းကိုရဟန်းမင်းကြီးကောင်းစွာင်းကောင်း သိသည်။ ချို့တဲ့နွမ်းပါးသူများသည် ယေဇူးသခင်ကိုပို၍ချစ်ခြင်လိုစိတ်၊ ဧ၀ံဂေလိတရားကိုကျင့်ကြံရှင်သန်လိုစိတ်ပို၍အားကောင်းသည်ကိုလည်းရဟန်းမင်းကြီးသိသည်။ ဤစိတ်ထားသည် သာချိန်၊ စံချိန်၌သာမဟုတ်ဘဲ စစ်၏အနိဌာရုံကြား၊ ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုကြား၊ ပဋိပက္ခာများကြား၌ပင်ဆက်လက်ရှင်သန်အား ကောင်းလျှက်ရှိသည်ကိုသိနေသည်။

ရဟန်းမင်းကြီးသည် ဤခရီးကိုမစတင်မှီက ယခုကြွရောက်မည့်ဒေသန္တ သာသနာ၏အကြီး အကဲများမှဖိတ်ကြားရုံမကဘဲ နိုင်ငံအသီးသီး၏ အစိုးရ၊ အရပ်ဖက်အဖွဲအစည်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှလည်းလှိုက်လှဲစွာဖိတ်ကြားခဲ့သည်။ ဖိတ်ကြားသောအစိုးရ၊ အရပ်ဖက်၊ နိုင်ငံရေးရပ်၀န်းမှအဖွဲ့အစည်းများအနေဖြင့် ရဟန်းမင်းကြီးအား ဘာသာရေးအကြောင်တရားတစ်ခုတည်းအတွက်သာဖိတ်ကြားကြွရောက်စေလိုခြင်းမဟုတ်။ လူမှုအသိုင်းအ၀ိုင်းနှင့်ဆိုင်သောအာဏာပိုင်များနှင့်စပ်ဆိုင်သောအကြောင်တရားများရှိပါ သည်။ ၄င်းတို့အတွက်မှာ ရဟန်းမင်းကြီးသည် လူသားထုတည်ရှိခြင်းအတွက် အလွန်လွှမ်းမိုးအားကောင်းသောအမှတ်သ​ေင်္ကတတစ်ခု၊ လူသားတိုင်းအားညီအစ်ကိုရင်းစိတ်ဓာတ်မျိုးထားရှိနိုင်ခြင်းနှင့်ဖန်ဆင်းခြင်းလုပ်ငန်းစဉ်အား ပြုစုစောင့်ရှောက်ထိန်းသိမ်းရေးကိုအားပေးတိုက်တွန်းသူအဖြစ်လည်းမြင်တွေ့ခံယူထား သည်။ တစ်နည်းဆိုရသော် ဖန်ဆင်းခြင်းကိုလုပ်ဆောင်ခြင်းသည် လူသားထုကိုစောင့်ရှောက်ကာကွယ်ခြင်းပင်ဖြစ်သည်။

ကာဒီနယ်တာ့ဂလယ် အနေဖြင့် ယခုရဟန်းမင်းကြီးကြွရောက်မည့်နိုင်ငံများသို့ သာသနာပြန့်ပွားရေးနှင့်စပ်လျင်း ၍ရောက်ရှိခဲ့ဖူးသော်လည်း အရှေ့တီမောကိုမူမရောက်ဖူးခဲ့သေးပေ။ သို့သော် နိုင်ငံအတွင်းမှဆရာတော်များ၊ ရဟန်းတော်များ၊ သူတော်စင်များ၊ သာမန်ဘာသာတူများနှင့်မူတွေ့ဆုံခဲ့သည်။ ထိုအတွေ့အကြုံများကိုအခြေခံ၍သုံးသပ်ရမည်ဆိုပါက အာရှတိုက်သည် ကမ္ဘာငယ်များစွာဖြင့်တည်ဆောက်ထားသည်။ ကာဒီနယ်အနေဖြင့် အာရှသားတစ်ဦးဖြစ်နေသော် လည်း ယခုရဟန်းမင်းကြီးကြွရောက်မည့်အာရှနိုင်ငံများသို့သွားရောက်ပြီးမှသာ အာရှဒေသအချို့၏အခြေအနေမှန်၊ ယဉ်ကျေးမှု၊ နေထိုင်သည့်ပုံစံကိုသိရှိလာရသည်။ အတွေးအမြင်များပွင့်လာရ၊ နှလုံးလည်းကန့်လန့်ဖြတ်ကြီးမားကျယ်ပြန့်သွားရ၊ အတွေ့ အကြုံများစွာကိုလည်းရရှိခဲ့သည်။ အာရှ၌အမြစ်တွယ်နေသော ခရစ်ယာန်တရားသည်လည်း သူ့အားအံ့အားသင့်စေခဲ့သည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏ဉာဏ်ပညာနှင့်ဖန်ဆင်းခြင်းမှများစွာသင်ယူခဲ့ရသည်။ ဧ၀ံဂေလိတရားကိုဖော်ကျူးသောနည်းလမ်းများနှင့်လက်တွေ့ကျကျရှင်သန်သောဘ၀များသည် သူ့အားအစဉ်အံ့အားသင့်သွားစေသည်။
ရဟန်းမင်းကြီး၏ခရီးစဉ်၌လိုက်ပါကြမည့်သတင်းသမားများအားလုံးလည်း ဤခရီးမှရလိုက်သောအတွေ့အကြုံနှင့်သန့်ရှင်းသော၀ိညာဉ်တော်၏ ဖန်ဆင်းခြင်းလက်ရာအသစ်ကိုထိတွေ့ခံစားရပေမည်ဟုယုံကြည်သည်။ ယခု ရဟန်းမင်းကြီးကြွရောက်မည့်နိုင်ငံများ၌ ကက်သလစ်ဘာသာတူဦးရေမှာ လူနည်းစုသာဖြစ် သည်။ ဥရောပကဲ့သို့သော ခရစ်ယာန်နိုင်ငံများ၌ သာသနာတော်ကြီးအနေဖြင့် ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍတို့၌လေးစားမှုကိုခံရဆဲဖြစ်သည်။

အနောက်နိုင်ငံများ၌ သာသနာသည် သိုးစုငယ်လေးအဖြစ်နောက်ကြောင်းပြန်လှည့်နေသည်။ ထို့ကြောင့် အရှေ့ တိုင်းသာသနာအတော်များများကိုမျော်ကြည့်၍ ခရစ်ယာန်တစ်ဦးအနေဖြင့် အခြေအနေတစ်ခု ခု၊ နှိမ့်ကျသည့်အခြေအနေမျိုးနှင့်ကြုံရသည့်အခါ အဘယ်သို့ ပြုမူဆောင်ရွက်သင့်ကြောင်း သင်ယူသင့်လှပေသည်။

ယေဇူးသခင်၏ ရှေ့ဦးတမန်တော်တို့၏အတွေ့အကြုံများသည် ဤနိုင်ငံများ၌ အကြိမ်ကြိမ်ကြုံတွေ့ရင်ဆိုင်ဖြတ်သန်းနေကြရသည်။ နေပယ်မှကျောင်းထိုင်ဘုန်းကြီးတစ်ပါးပြောပြဖူးသည်မှာ သူ၏ သာသနာနယ်သည် အီတလီနိုင်ငံ၏သုံးဆခန့်မျှကျယ် ၀န်းသည်ဟုဆိုပါသည်။ ဘာသာတူ (၅) ဦးသာရှိပြီး ထိုဘာသာတူ (၅) ဦးမှာလည်း တစ်နေရာတည်း၌ စုစည်းနေခြင်မဟုတ်ဘဲပြန့်ကြဲနေသည်။ တမန်တော် ၀တ္ထုကျမ်းမှအကြောင်း အရာသည် ယခု (၂၀၂၄) ခုနှစ်၌ တွေ့ကြုံဖြတ်သန်းနေရသည်။ ထို့ ကြောင့် အရှေ့တိုင်းမှသာသနာနယ်လေးများမှသင်ယူသင့်သည်။

ရဟန်းမင်းကြီး၏ပထမဦးဆုံးရောက်ရှိမည့်နိုင်ငံမှာအင်ဒိုနီးရှားဖြစ်သည်။ လူဦးရေလွန်စွာထူထပ်သကဲ့သို့ ယဉ်ကျေးမှု၊ ဘာသာစကား၊ စီးပွားရေးနှင့်လူမှုရေးမတူညီမှုများစွာရှိသည်။ ဘာသာရေးအရကြည်လျှင်လည်း ကမ္ဘာပေါ်၌မွတ်ဆလင်ဘာသာ၀င်အများဆုံးနေထိုင်သောနိုင်ငံတစ်ခုလည်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံရှိကက်သလစ်ဘာသာ၀င်အတွက် သန့်ရှင်းသော၀ိညာဉ်တော်၏ ကြီးမြတ်သောဆုလာဒ်မှာ အတူယှဉ်တွဲနေထိုင်နိင်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီး၏ကြွရောက်ခြင်းသည် အတူယှဉ်တွဲနေထိုင်သည့်ပုံစံအသစ်ဖြစ်သည့် သက်၀င်ယုံကြည်မှုမတူသူများအချင်းချင်း ညီအစ်ကိုရင်းချာစိတ်ဖြင့်နေထိုင်သည့်နေထိုင်မှုကိုယူဆောင်ပေးမည်ဟုမျှော်လင့်ပါသည်။

အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ကက်သလစ်တက္ကသိုလ်တည် ဆောက်ထားသောမြေနေရာသည် နိုင်ငံ၏ပထမဦးဆုံးသောသမ္မတကပေးခဲ့ခြင်းဖြစ်၍ အတူယှဉ်တွဲနေထိုင်ရေးကိုနိုင်ငံ့ခေါင်းဆောင်များလည်း အား ပေးအားမြောက်ပြုကြောင်းတွေ့ရပါသည်။

အာရှကမ္ဘာ့လူငယ်ကျင်းပစဉ်ကလည်း ကက်သလစ်လုပ် အားပေးလူငယ်များ၏ဦးရေမလုံလောက်သောကြောင့် မွတ်ဆလင်လူငယ်များလည်းပါ၀င်လုပ်အားဖြည့်ခဲ့သည်ကိုလည်းမြင်တွေ့ခဲ့ရသည်။ ကာဒီနယ်၏‌ေ၀ယျာကိစ္စ၀ိစ္စများကိုကူညီဆောင်ရွက်ရန်ပေးထားသောလူငယ်နှစ်ဦးလုံးမှာ မွတ်ဆလင်လူငယ်ချည်းသာဖြစ်သည်ကိုကိုယ်တိုင်သိရှိခဲ့ရသည်။ ၄င်းတို့၏၀န်ဆောင်မှုသည် ၀တ်ကျေရုံမျှမဟုတ်ဘဲ အမှန်တကယ်စိတ်ထားပြည့်၀စွာဆောင်ရွက်ပေးခဲ့သည်ကိုခံစားခဲ့ရသည်။

အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/9Yzf

#PopeFrancis #PopeInAsia #rvamyanmar #CardinalTagle

Add new comment

1 + 1 =