Shanshan တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့်ဂျပန်ပြည်သူများစွာဘေးကင်းရာသို့ရွေ့ပြောင်းခိုလုံနေကြရ

Shanshan တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့်ဂျပန်ပြည်သူများစွာဘေးကင်းရာသို့ရွေ့ပြောင်းခိုလုံနေကြရ

ရဟန်းမင်းကြီးဖရန်စစ်၏ အာရှ-ကမ်းရိုးတန်းဒေသခရီးစဉ်မစတင်မီရက်ပိုင်းအလို၌ ဂျပန်ပြည်သူများသည် Shanshan တိုင်ဖုန်းမုန်တိုင်း၏ဒဏ်ကိုအလူးအလဲခံနေကြရသည်။ ဤမုန်တိုင်းသည် မုန်တိုင်းဒဏ်ခံရသောဒေသအတွက် ကြုံခဲ့သမျှသောမုန်းတိုင်းအနက် အလွန်ပြင်းထန်အားကောင်းသောမုန် တိုင်းဖြစ်သည်ဟုဒေသခံများကပြောသည်။

ရိုက်တာသတင်းဌာန၏ထုတ်ပြန်ချက်အရ ပြည်သူသန်းနှင့်ချီ၍ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရကြောင်း၊ ဤမုန်တိုင်းကျရောက်သောဒေသမှာ Kyushu ကျွန်း၌ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏သ တင်းထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံအနှံ့ ၌အဆိုပါမုန်တိုင်းကြောင့်ဘေးလွတ်ရာသို့ရွေ့ပြောင်းထားသောပြည်သူဦးရေအတိအကျမှာ (၅.၂) သန်းပင်ကျော်လွန်သည်ဟုဖြစ်ပါသည်။ မုန်တိုင်းသည် ကြာသပတေးနေ့ကစတင်တိုက်ခိုက်ခဲ့ရာ လေတိုက်နှုန်းပြင်းထန်မှုနှင့်အတူအလွန်သည်းထန်သောမိုးသည်လည်းပါလာခဲ့သည်။ အကြီးစားစက်ရုံများ၊ လေကြောင်းလိုင်းများကိုပင်ပိတ်ထားလိုက်ရသည့်အခြေအနေသို့ဆိုက်ရောက်ခဲ့သည်။

အပျက်အစီးစာရင်း (Death and disruptions)

မုန်တိုင်းကြောင့် အနည်းဆုံးလူ (၃) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်။ အကြီးစားကားထုတ်လုပ်သောစက်ရုံတစ်ခု၏ဒေသအလုပ်ရုံများအားလုံးလည်းပိတ်ထားခဲ့ရပြီး၊ အခြားသောထုတ်ကုန်များကိုထုတ်လုပ်ပေးသည့်စက်ရုံများကိုလည်းခေတ္တပိတ်ထားရသည်။ လေကြောင်း (၈၀၀) ခန့်ကိုလည်းဖျက်သိမ်းထားကြောင့်လည်းကြေညာထားသည်။ ရထားခရီးစဉ်များစွာကိုလည်းဖျက်သိမ်းထားရသကဲ့သို့ဘတ်စကားနှင့်ကြိုပို့ကားများကိုလည်း ၀န်ဆောင်မှုခေတ္တတရပ်နားထားရကြောင်း သယ်ယူပို့ဆောင်ရေး၀န်ကြီးဌာနကသတင်းထုတ်ပြန်ထားပါသည်။

မိုးလေ၀သအခြေအနေ၏နောက်ဆုံးသတင်း (Latest harsh weather system)

Kyushu တောင်ပိုင်း၌ ပြူတင်းပေါက်များပျက်စီးသွားပြီး၊ နံရံများပင်ပေါက်ပြဲပျိုကျသည်အထိဖြစ်သွားခဲ့သည်။ (၃၁) နှစ်တာကာလအတွင်းဤကဲ့သို့ အလွန်အင်အားပြင်းထန်သောမုန်တိုင်းကိုမကြုံဖူးကြောင်းဖြင့်‌ဒေသခံတစ်ဦးကပြောသည်။ မိုးလေ၀သသတင်းဌာန၏ထုတ်ပြန်ချက်အရ ဤမုန်တိုင်းသည်ရက်အနည်းငယ်ကြာဆက်လက်၍ရှိနေဦးမည်ဖြစ်ကြောင်းနှင့်နိုင်ငံ၏အလယ်ပိုင်းနှင့်အရှေ့ပိုင်းသို့ဆက် လက်ရွေ့လျားသွားဟုမျှော်လင့်ကြောင်းသတင်းထုတ်ပြန်ထားပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျပန်နိုင်ငံသို့ (နို၀င်ဘာလ ၂၀၁၉) ကတမန်တော်ခရီးကြွရောက်ခဲ့သည်။ တိုင်ဖုန်းမုန်တိုင်းကြောင့် မီးပြတ်တောက်နေခြင်း၊ ဘေးသင့်ဒေသအတွင်းရှိဒုက္ခသည်များအားဘေးလွတ်ရာသို့ပြောင်ရွေ့ခြင်းဖြစ်ပွားခဲ့သည်။

အာဗီအေဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/pyxK2

Add new comment

2 + 14 =