ပုပ်ဖရန်စစ် ၊ ကျွန်းစုနိုင်ငံ (သို့) တိုင်းရင်းသားမျိုးနွယ်စုအများဆုံးနေထိုင်သောနိုင်ငံ သို့ရောက်ရှိ

ပုပ်ဖရန်စစ် ၊ ကျွန်းစုနိုင်ငံ (သို့) တိုင်းရင်းသားမျိုးနွယ်စုအများဆုံးနေထိုင်သောနိုင်ငံ သို့ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံသည်လွန်စွာစိတ်၀င်စားစရာကောင်းပါသည်။ အင်ဒိုနီးရှားနိုင်ငံအား ကျွန်းစုနိုင်ငံဟုလည်းခေါ်ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်းစုပေါင်း (၁၇၅၀၀) ကျွန်းဖြင့်ဖွဲ့စည်းထားသောနိုင်ငံဖြစ်ပြီး၊ ဌာနေတိုင်းရင်းသားမျိုးနွယ်စု (၁၃၀၀) ခန့်နှင့်ဒေသခံစကားပေါင်း (၇၁၉) မျိုးအထိရှိသောနိုင်ငံဖြစ်သည်။

ထိုကျွန်းစုများအနက် ကျွန်းစုနှစ်စုအားကိုယ်စားပြုသော အသက် (၅) နှစ်အရွယ် ‘မေရီ’ သည် ဂျာဗားကျွန်းမှဖြစ်၍ ၄င်းကျွန်းအားကိုယ်စားပြုသောဌာနေတိုင်းရင်းသားတို့၏ရိုးရာ၀တ်စုံအ ပြည့်ကို၀တ်ဆင်ထားသည်။ ထို့အတူ အသက် (၁၀) နှစ်ရှိပြီဖြစ်သော ‘Iprim’ သည် ပါပူအာ မှဖြစ်ပြီး သူသည်လည်းဒေသခံ၀တ်စုံအပြည့်ဖြင့်၀တ်ဆင်ထားကြသည်။ ၄င်းတို့နှစ်ဦးသည် ဂုဏ်သရေရှိဧည့်သည်တော်များအားလုံခြုံရေးပေးရသော၀န်ထမ်းများရှေ့၌ ကျက်သရေမင်္ဂလာပြည့်၀စွာဖြင့် ရဟန်းမင်းကြီးဖရန်စစ်အား ပန်းစည်းကပ်ရန်စိတ်လှုပ်ရှားစွာစောင့်နေကြသည်။

ရဟန်းမင်းကြီးစီးနင်းလိုက်ပါလာသော လေယာဉ်သည်ဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်လာပြီး ရဟန်းမင်းကြီးထွက်ကြွလာသည်နှင့်မ ချင့်မရဲဖြင့်အသင့်ကိုင်ဆောင်ထားသောပန်းစီးကိုသွားရောက်ကပ်ခဲ့သည်။ ဤသို့ပန်းစီးကပ်ခြင်းဖြင့် ဤနိုင်ငံအတွင်းရှိနိုင်ငံသားတိုင်း၊ တိုင်းရင်းသားမျိုးနွယ်စုတိုင်းမှရဟန်းမင်းကြီးအားလှိုက်လှဲနွေးထွေးစွာကြိုပါကြောင်းပြသခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏လူဦးရေ (၂၈၀) သန်းအနက် ကက်သလစ်ဘာသာ၀င်သည် (၃) ရာခိုင် နှုန်းသာရှိပြီး မွတ်စလင်ဘာသာ၀င်အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ထိုမတူညီကွဲပြားမှုကြီးမားများပြားသော်လည်း သင့်မြတ်အေးချမ်းစွာယှဉ်တွဲနေနိုင်သော နိုင်ငံတစ်ခုအဖြစ်ကမ္ဘာကြီးအားဂုဏ်ယူ၀င့်ကြွားစွာပြသနိုင်သောနိုင်ငံတစ်ခုဖြစ်သည်။

နိုင်ငံသားတိုင်းသည် ‘Pancasila’ ဥပ‌ဒေကိုလိုက်နာကြသည်။ အင်ဒိုနီးရှားကာဒီနယ် Ignacio Suharyo မကြာမီရက်ပိုင်းကပြောကြားခဲ့သည့်အတိုင်း ယခုရဟန်းမင်းကြီးကြွရောက်လာခြင်းကို ကက်သလစ်ဘာသာ၀င်များသာမဟုတ်၊ အခြားသောဘာသာ၀င်တို့ကလည်း စိတ်အားထက်သန်စွာကြို ဆိုကြောင်းပြောကြားခဲ့သည်။ အဘယ် ကြောင့်ဆိုသော် ရဟန်းမင်းကြီးဖရန်စစ်သည် နိုင်ငံတစ်နိုင်ငံရှိ အမျိုးသား၊ အမျိုးသမီးများ၊ နိုင်ငံရေးခံယူချက်၊ ရပ်တည်မှု မတူညီ၊ လူမှုရေး၊ အတန်းအလွှာမတူသောအလွှာအသီး သီးမှနိုင်ငံသားကြီးငယ်၊ အဖွဲ့အစည်းကြီးငယ်များ၏အခွင့်အရေး၊ အကာ အကွယ်ရရှိရေးအတွက်မမောမပမ်းနိုင်အောင် အသနားခံတောင်းပေး၊ တိုက်တွန်းပေးသောသူဖြစ်သောကြောင့်ဖြစ်သည်။

ရွေ့ပြောင်းများနှင့်ဒုက္ခသည်ခုံလုံသူများ

အထက်ကဆိုခဲ့သည့်အတိုင်း ရဟန်းမင်း ကြီးသည် လူသားကြီးငယ်တစ်ဦးစီ၊ အဖွဲ့အစည်းကြီးငယ်များအားလုံး ၏အခွင့်အရေး၊ အကာအကွယ်ရရှိရေးအတွက် အမြဲတောင်းဆိုသောကြောင့်ထင် ယခု (၄၅) ကြိမ်မြောက် သူ၏ရှည်လားပြီး၊ နိုင်ငံ (၄) နိုင်ငံတမန်တော်ခရီး၏ပထမနေ့၌ ယုံကြည်ခြင်း၊ သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းအတူလေးစားအေးချမ်းစွာနေထိုင်နိုင်ရေးကိုဦးတည်သော တွေ့ဆုံဆွေးနွေးကျွမ်း၀င်မှုအစီအစဉ်၊ သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ရမည့်အသိ၊ အမြင်ရှိရန်၊ ဆင်ခြေဖုံး‌ဒေသ၊ သွားလာရန်ခက်ခဲသော‌ေ၀လံခေါင်ဖျားဒေသများဆီသို့ကိုယ်တိုင်ကိုယ်ကျမကြွရောက်နိုင်သော်လည်း ထိုအရပ်‌ဒေသရှိလူသားတို့အတွက် ထည့်သွင်းစဉ်းစား၍ပြောဆိုပေးခြင်းသည် ၄င်းတို့နှင့်သူအနီးကပ်ရှိနေကြောင်းဖော်ပြရန်ဖြစ်သည်။

ရွေ့ပြောင်းနှင့်ဒုက္ခသည်များသည် ရဟန်းမင်းကြီးအားခမ်းနားထည်၀ါစွာမီးရောင်တဖျက် ဖျက်နှင့်ပြင်ဆင်ကြိုဆိုသည့်နေရာနှင့်‌ေ၀းလံလှသော ရဟန်းမင်းကြီးသီတင်းသုံးမည့် ရဟန်းမင်းကြီးကိုယ် စားလှယ်၏ ကျောင်းတိုက်၌စုရုံးရောက်ရှိနေကြသည်။ ၄င်းတို့အနက်မြန်မာနိုင်ငံမှထွက်ပြေးလွတ်မြောက်လာခဲ့ကြသောရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးများလည်းပါသည်။ ရဟန်းမင်းကြီးကိုယ်စားလှယ်၏ကျောင်းတိုက်၌ရောက်ရှိနေခြင်းမှာ အခြားသောအခွင့် အရေးများကိုတောင်းဆိုရန်ထက် ၄င်းတို့အရေးနှင့်စပ်လျင်း၍၄င်းတို့ကိုယ်စား ကမ္ဘာကြီးကအာရုံထားလာစေရန်၊ ၄င်းတို့အားကာကွယ်စောင့်ရှောက်ပေးရန်၊ ၄င်းတို့၏အသက်ကိုကယ်ပေးရန်၊ လူ့ဂုဏ်သိက္ခာရှိစောင့်ရှောက်ပေးရန် မမောမပမ်းနိုင်ထုတ်ဖော်ပြောဆိုပေးခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်းပြောကြားရန်ဖြစ်ပါသည်။

အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/XNUiQ

Add new comment

1 + 1 =