ပုပ်ဖရန်စစ် ပါပူအာနူးဂီနီသို့ရောက်ရှိလာ ချိန်‌ ဒေသခံ ကလေးများမှ (၅) မိနစ်ကြာတင်ဆက်မှုရှိမည်ဟုဆို

ပုပ်ဖရန်စစ် ပါပူအာနူးဂီနီသို့ရောက်ရှိလာ ချိန်‌ ဒေသခံ ကလေးများမှ (၅) မိနစ်ကြာတင်ဆက်မှုရှိမည်ဟုဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့၌ အာရှနိုင်ငံခရီးစဉ်နှင့်တစ်ဆက်တည်း၌ ကမ်းရိုးတန်းနိုင်ငံဖြစ်သောပါပူအာနူးဂီနီနိုင်ငံသို့လည်းကြွရောက်မည်ဖြစ်သည်။ ထိုသို့ကြွရောက်ချိန်၌ the Queen of Paradise အဖွဲ့အစည်းမှဦးစီး၍ ကလေးအယောက် (၇၀) မှ (၅) မိနစ်ကြာတင်ဆက်ဖျော်ဖြေမှုရှိမည်ဖြဟုဆိုသည်။

အဆိုပါ the Queen of Paradise အဖွဲ့အား ဖာသာရ် Miguel de la Calle မှဦးစီးပြီး တေးသံစုံတင်ဆက်မှုကိုကျင်းပမည်ဖြစ်သည်။ ထိုတင်ဆက်မှုကို စက်တင်ဘာလ (၈) ရက်နေ့၊ Vanimo ၌ကလေးများသည် တူရိယာများတီးမှုတ်ပြီး တေးသီချင်းများသီဆိုဖျော်ဖြေမည်ဖြစ်သည်။

အဆိုပါအစီအစဉ်၌ပါ၀င်ခွင့်ရသောကလေးများအနေဖြင့် ရဟန်းမင်းကြီးကြွရောက်မည့် အချိန်သည်လည်း တစ်ဖြေးဖြေးနှင့်နီးကပ်လာပြီဖြ၀်၍ ရဟန်းမင်းကြီး၄င်းတို့၏တီးခတ်တင်ဆက်မှုကိုနားစွင့်ထောင်မည်ဖြစ်၍ စိတ်လှုပ်ရှားနေကြကြောင်း ကလေးများ၏ခံစာချက်နှင့်စပ်လျင်း၍ တာ၀န်ခံဘုန်းတော်ကြီးက ဒေသသတင်းစာတစ်စောင်ဖြစ်သော The National ၏မေးမြန်းချက်ကိုပြန်လည်ဖြေကြားထားသည်။

ရဟန်းမင်းကြီးသည် Vanimo မှ (၁၃) ကီလိုမီတာ‌ေ၀းသောဂေါက်ကွင်း၌ ကလေးများသည် ရဟန်းမင်းကြီးအားစောင့်ဆိုင်းနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးသည်ထိုနေရာမှစတင်၍ လူထုအားကောင်းချီးပေးနုတ်ဆက်မည်ဖြစ်သည်။ အကတာ၀န်ခံ Maestro Jesus Briceño က (၅) မိနစ်သာကြာမြင့်သော ကလေးတို့၏တင်ဆက်သောဖျော်ဖြေမှုသည် ‘pure gold’ (ရွှေစစ်စစ်) ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ ၄င်းတို့၏ကိုယ်ရည်ကိုယ်သွေးအစစ်အမှန်များဖြစ်ကြောင်းနှင့်အဆိုပါတင်ဆက်မှု၌ မြူးစိတင်ဆက်မှုအနည်းငယ်ကိုလည်းဖြည့်စွက်ထားကြောင်းပြောသည်။

Port Moresby ဂိုဏ်းချုပ်ဆရာတော်ဖြစ်သော ကာဒီနယ် John Ribat ကလည်း ရဟန်းမင်းကြီးဖရန်စစ် ပါပူအာနူးဂီနီသို့တမန်တော်ခရီးကြွရောက်ခြင်းသည် ကောင်းချီးတော်ဖြစ်ကြောင်း၊ ရဟန်း မင်းကြီးဖရန်စစ်သည် ကက်သလစ်သာသနာတော်ကြီး၏ ခေါင်းဆောင်အဖြစ်သာကြွရောက်ခြင်းမဟုတ် ဗာတီကန်၏ခေါင်းဆောင်အဖြစ်ဖြင့်လည်းကြွရောက်ခြင်းဖြစ်ကြောင်း၊ သို့သော် ရဟန်းမင်းကြီးသည် ကျန်းမာရေးကောင်းမွန်သန်စွမ်းလှသည်မဟုတ်။ သူသည် ဘီးတပ်လှည့်ကိုစီးနင်းလိုက်ပါမည်ဖြစ်သည်။ သူသည် မကြာမီ၌ (၈၈) နှစ်ပြည့်တော့မည်ဖြစ်သည်။ ဤအသက်အရွယ်၌ သူကိုင်တွယ်ဖြေရှင်းနေရသောအမှုကိစ္စများစွာကြား ကျန်းမာရေးမကောင်းလှသော်လည်း စိန့်ပီတာ၏အရိုက်အရာကိုဆက်ဆံသောအမှုတော်ကိုမမေ့မလျော့ဘဲ ကြွရောက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ရဟန်းမင်းကြီးသည် သင်နှင့်ကျွန်ုပ်တို့ကဲ့သို့လူသားတစ်ဦးသာဖြစ်ပါသည်။ သို့သော် ယေဇူးသခင်ကသူ့အားလောက၌ရှိစဉ် ဤအရေးကြီးသောအမှုတော်ကိုထမ်းဆောင်ရန်ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူ၏ကြွရောက်ခြင်းကို အကောင်းဆုံးပြင်ဆင်ကြိုဆိုကြရန်လိုအပ်ကြောင်းဖြင့် ကာဒီနယ်ကဘာသာတူတို့အားတိုက်တွန်းပြောကြားခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/15ycX

Add new comment

2 + 0 =