ရဟန်းမင်းကြီးဖရန်စစ်၏ (၄၅) ကြိမ်မြောက်တမန်တော်ခရီးစဉ်အသေးစိပ်

ရဟန်းမင်းကြီးဖရန်စစ်၏ (၄၅) ကြိမ်မြောက်တမန်တော်ခရီးစဉ်အသေးစိပ်

စက်တင်ဘာ (၂) ရက်
တနင်္လာနေ့

ညနေပိုင်း ၁၇း၁၅ – ရောမ ဖူမီချီးနိုလေဆိပ်မှဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာသည်။

စက်တင်ဘာ (၃) ရက်နေ့၊
အဂ်ါနေ့၊ဂျာကာတာ

နံနက် (၁၁း၃၀) – ဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး နိုင်ငံတကာအဆင့်ကြိုဆိုခြင်းကိုခံယူသည်။

စက်တင်ဘာ (၄) ရက်နေ့၊
ဗုဒ္ဓဟူးနေ့၊ ဂျာကာတာ

နံနက် (၉း၃၀) – သမ္မတ၏ရုံးတော်၌ နိုင်ငံတော်အဆင့်ကြိုဆိုသည့်အခမ်း အနားကိုခံယူမည်ဖြစ်သည်။

နံနက် (၁၀း၀၀) – သမ္မတအားနှုတ်ဆက်မည်။

နံနက် (၁၀း၃၅) – အစိုးရအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်း၊ သံတမန်အဖွဲ့အစည်းများနှင့်သမ္မတရုံးအဆောက်
အဦး၌တွေ့ဆုံမည်။ ရဟန်းမင်းကြီးမှဩ၀ါဒလည်းမြွတ်ကြားမည်ဖြစ်သည်။

နံနက် (၁၁း၃၀) - အင်ဒိုနီးရှားနိုင်ငံ၌သာသနာပြုနေကြသောဂျက်ဆွီစ်အသင်းသားများနှင့်ရဟန်းမင်းကြီး ၏ကိုယ်စားလှယ်အဆောက် အဦး၌သီ းသန့်တွေ့ဆုံမည်။

မွန်းလွဲပိုင်း (၁၆း၃၀) – ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ ကတိသစ္စာသုံးခံယူထားသည့်သူတော် စင်များ၊ ဓမ္မဆရာ၊ ဆရာမများနှင့်ဂျာကာတာကယ်သီဒရယ်၌တွေ့ဆုံမည်။

ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

ညနေပိုင်း (၁၇း၃၅) - နိုင်ငံအတွင်းရှိစွန်းဦးတီထွင်နှင့်ပညာရှင်လူငယ်များနှင့် Grha Pemuda ရှိလူငယ်ဗဟိုရုံး၌တွေ့ဆုံမည်ဖြစ်သည်။

စက်တင်ဘာ (၅) ရက်၊ ကြာသပတေးနေ့၊ ဂျာကာတာ

နံနက် (၉း၀၀) – အတူယှဉ်တွဲနေထိုင်ရေး သက်၀င်ယုံကြည်မှုမတူသောဘာသာ၀င်များနှင့်တွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်။

နံနက် (၁၀း၁၅) – ကရုဏာရေးလုပ်ငန်းများလုပ်ဆောင်နေသောလူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံမည်။

ညနေ (၁၇း၀၀) - Gelora Bung Karno အားကစားရုံ၌ ရဟန်းမင်းကြီးဦးဆောင်၍မစ္ဆားတရားပူဇော်မည်ဖြစ်သည်။ ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

စက်တင်ဘာ (၆) ရက်၊
သောကြာနေ့၊ဂျာကာတာ

နံနက် (၉း၁၅) – ရဟန်းမင်းကြီးဖရန်စစ်အား Jakarta Soeka အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နှုတ်ဆက်ခြင်းအခမ်း အနားကိုကျင်းပပေးမည်ဖြစ်သည်။

နံနက် (၉း၄၅) - Jakarta Soeka အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာ၍ Port Moresby အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်မည်ဖြစ်သည်။

ဒေသစံတော်ချိန်ည (၁၈း၅၀) - Port Moresby အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်မည်ဖြစ်သည်။

ည (၁၈း၅၀) – ရဟန်းမင်းကြီးအားကြိုဆိုသည့်အစီအစဉ်ပြုလုပ်မည်။

စက်တင်ဘာ (၇) ရက်၊ စနေနေ့၊
Port Moresby
နံနက် (၉း၄၅) – နိုင်ငံတော်အစိုးရ၏အဆောက်အဦး၌ အစိုးရအဖွဲ့၀င်များနှင့်တွေ့ဆုံမည်ဖြစ်သည်။

နံနက် (၁၀း၂၅) – နိုင်ငံအတွင်းရှိအာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်များ၊ သံတမန်အဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဖြစ်သည်။

ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

ညနေပိုင်း (၁၇း၀၀) – လေလွင့်ကလေးများစောင့်ရှောက်ရေးဂေဟာသို့လည်းကောင်း၊ Callan ပညာဒါန နည်းပညာကျောင်းသို့လည်းကောင်းသွားရောက်လည်ပတ်မည်ဖြစ်သည်။

ညနေပိုင်း (၁၇း၄၀) – ပါပူအာနူးဂီနီ၊ ဆောလမွန်ကျွန်းမှဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ ကတိသစ္စာသုံးပါးခံသူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ ဓမ္မဆရာ၊ ဆရာမများနှင့်ခရစ်ယာန်တို့အားမှိုင်းမသောသခင်မ ဗိမာန်တော်၌တွေ့ဆုံမည်ဖြစ်သည်။ ရဟန်းမင်းကြီးဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

စက်တင်ဘာ (၈) ရက်၊ တနင်္ဂနွေနေ့၊
Port Moresby – Vanimo

နံနက် (၇း၃၀) – နိုင်ငံတော်၀န်ကြီးချုပ်မှရဟန်းမင်းကြီးကိုယ်စားလှယ်၏ရုံးရှိရာသို့ ရဟန်းမင်းကြီးအားလာရောက်ဂါရ၀ပြုနှုတ်ဆက်မည်ဖြစ်သည်။

နံနက် (၈း၄၅) – ရဟန်းမင်းကြီးမှဦးဆောင်၍ တနဂ်နွေနေ့မစ္ဆားတရားကို Sir John Guise အားကစားရုံ၌ပူဇော်ပြီး ဩ၀ါဒကိုလည်းမြွတ်ကြားမည်ဖြစ်သည်။

မွန်းလွဲ (၁၃း၀၀) – Port Moresby အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Vanimo လေဆိပ်သို့ပျံသန်းသွားမည်ဖြစ်သည်။
မွန်းလွှဲ (၁၅း၁၅) - Vanimo လေဆိပ်သို့ရောက်ရှိမည်ဖြစ်သည်။

မွန်းလွဲ (၁၅း၃၀) - Vanimo ဂိုဏ်းအုပ်သာသနာမှဘာသာတူများနှင့် Holy Cross ကယ်သီဒရယ်၌တွေ့ဆုံမည်။ ထိုသို့တွေ့ဆုံစဉ် ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

မွန်းလွှဲ (၁၆း၅၀) – ဒေသအတွင်းသာသနာပြုနေသောသာသနာပြုများနှင့် Baro ရှိပုဂ္ဂိုလ်သုံးပါးတစ်ဘုရားလူမှုကယ်ဆယ်ရေးသင်တန်းကျောင်း၌တွေ့ဆုံမည်။

ည (၁၇း၄၀) – Vanimo လေဆိပ်မှ Port Moresby Jacksons အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာမည်။

ည (၁၉း၅၅) - Port Moresby Jacksons အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်မည်။

စက်တင်ဘာ (၉) ရက်၊ တနင်္လာနေ့
Port Moresby မှ Dili

နံနက် (၉း၄၅) – ဒေသအတွင်းမှလူငယ်များနှင့်အားကစားရုံတွင်တွေ့ဆုံမည်။
နံနက် (၁၁း၁၀) – ရဟန်းမင်းကြီးအားနှုတ်ဆက်ခြင်းအခမ်းအနားကိုကျင်းပပြီး Port Moresby အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာမည်ဖြစ်သည်။

နံနက် (၁၁း၄၀) - Port Moresby အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Dili အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆက်လက်ပျံသန်းသွားမည်ဖြစ်သည်။

မွန်းလွဲ (၁၄း၁၀) – Dili အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်မည်ဖြစ်သည်။ လေဆိပ်၌ပင် နိုင်ငံတော်အဆင့်ဖြင့်ရဟန်းမင်းကြီးအားခရီးကြိုပြုမည်ဖြစ်သည်။

ည (၁၈း၀၀) – တဖန်ရဟန်းမင်းကြီးအား သမ္မတရုံးတော်အဆောက်အဦးကြိုဆိုခြင်းအခမ်းအနားထပ်မံကျင်းပမည်ဖြစ်သည်။

ည (၁၈း၃၀) – ထို့နောက် ရဟန်းမင်းကြီးမှနိုင်ငံတော်သမ္မတအားသွားရောက်နှုတ်ဆက်တွေ့ဆုံမည်ဖြစ်သည်။

ည (၁၉း၀၀) – အာဏာပိုင်များ၊ လူမှုအဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများနှင့်သမ္မတ၏ရုံးအဆောက် အဦးပင်တွေ့ဆုံမည်ဖြစ်သည်။ ထိုဆွေ့ဆုံစဉ်၌ ရဟန်းမင်းကြီးသည် ဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

စက်တင်ဘာ (၁၀) ရက်၊
အင်္ဂါနေ့၊Dili

နံနက် (၈း၄၅) – မသန်းစွမ်းကလေးများအားပြုစုစောင့်ရှောက်သောဂေဟာသို့ကြွရောက်ကြည့်ရူမည်။

နံနက် (၉း၃၀) – ဒေသအတွင်းမှ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဉ္ဇင်းများ၊ ရဟန်းလောင်းကိုရင်များ၊ ကတိသစ္စာသုံးပါးခံယူထားသောသူတော်စင်များ၊ ဓမ္မဆရာ၊ ဆရာမများနှင့် Dili ဂိုဏ်းချုပ်သာသနာ၏ကယ်သီဒရယ်ဘုရားကျောင်း၌တွေ့ဆုံမည်။ ရဟန်းမင်းကြီးမှဩ၀ါဒလည်းမြွတ်ကြားမည်။

နံနက် (၁၀း၄၅) – ဒေသအတွင်းအမှုထမ်းနေသော ဂျက်ဆွီစ်အသင်း၀င်များနှင့်ရဟန်းမင်းကြီးကိုယ်စား လှယ်၏ရုံးတည်ရှိရာအဆောက် အဦး၌သီးသန့်တွေ့ဆုံမည်။

မွန်းလွဲ (၁၆း၃၀) - Esplanade of Taci Tolu ၌ရဟန်းမင်းကြီးဦးဆောင်၍မစ္ဆားတရားပူဇော်မည်ဖြစ်ပြီး ဩ၀ါဒလည်းမြွတ်ကြားမည်။

စက်တင်ဘာ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့၊
Dili – Singapore

နံနက် (၉း၃၀) – လူငယ်များနှင့်တွေ့ဆုံမည်။

နံနက် (၁၀း၄၅) – Presidente Nicolau Lobato အပြည်ပြည်ဆိုင်ရာလေဆိပ် ၌ပင်ရဟန်းမင်းကြီးအားနှုတ်ဆက်သည့်အခမ်းအနားကိုကျင်းပမည်။

နံနက် (၁၁း၁၅) - Presidente Nicolau Lobato အပြည်ပြည်ဆိုင်ရာလေဆိပ်မှသည် စင်ကာပူအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပျံသန်းမည်ဖြစ်သည်။

မွန်းလွဲ (၁၄း၁၅) – စင်ကာပူ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆိုက်ရောက်မည်ဖြစ်ပြီး လေဆိပ်၌ပင် နိုင်ငံတော်အခမ်းအနားဖြင့်ရဟန်းမင်းကြီးအားကြိုဆိုမည်ဖြစ်သည်။

မွန်းလွဲ (၁၈း၁၅) – ဒေသအတွင်းအမှုထမ်းနေကြသော ဂျက်ဆွီစ်အသင်းသားများနှင့်စိန့်ဖရန်စစ်ဇေးဗီးယား အဆောက်အဦးရှိရာ၌သီးသန့်တွေ့ဆုံမည်။

စက်တင်ဘာ (၁၂) ရက်၊ ကြာသပတေးနေ့၊ စင်ကာပူ

နံနက် (၉း၀၀) – လွတ်တော်ရုံး၌ ရဟန်းမင်းကြီးအားကြိုဆိုသည့်အခမ်းအနားရှိမည်။

နံနက် (၉း၃၀) – နိုင်ငံတော်သမ္မတအားသွားရောက်နှုတ်ဆက်ဂါရ၀ပြုမည်ဖြစ်သည်။

နံနက် (၉း၅၅) – နိုင်ငံတော်၀န်ကြီးချုပ်အားလည်းသွားရောက်နှုတ်ဆက်ဂါရ၀ပြုမည်။

နံနက် (၁၀း၃၀) – နိုင်ငံတော်အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများနှင့်စင်ကာပူနိုင်ငံ၏ယဉ်ကျေးမှုတက္ကသိုလ်၌ တွေ့ဆုံ၍ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်။

ညနေပိုင်း (၁၇း၁၅) – စင်ကာပူနိုင်ငံ၏ SportsHub အမျိုးသားအားကစားရုံ၌ ရဟန်းမင်းကြီးဦးဆောင်၍မစ္ဆားတရားပူဇော်ကာ ဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

စက်တင်ဘာ (၁၃) ရက်၊
သောကြာနေ့၊စင်ကာပူ - ရောမ

နံနက် (၉း၁၅) – စိန့်ထရေးဇာ သက်ကြီးရွယ်အိုများနှင့်မကျန်းမမာဖြစ်နေသူများထံသွား‌ရောက်ကြည့်ရူမည်။

နံနက် (၁၀း၀၀) – သက်၀င်ယုံကြည်မှုမတူ‌သော်လည်း အတူယှဉ်တွဲနေထိုင်နိုင်ရေးလူငယ်များနှင့်တွေ့ဆုံသည့်အစီအစဉ်ကျင်းပမည့် Catholic Junior College သို့ကြွရောက်ကာ ဩ၀ါဒလည်းမြွတ်ကြားမည်ဖြစ်သည်။

နံနက် (၁၁း၂၀) – စင်ကာပူနိုင်ငံ၏ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရဟန်းမင်းကြီးအားနှုတ်ဆက်ဂါရပြုသည့်အစီအစဉ်ရှိမည်။

နံနက် (၁၁း၅၀) – စင်ကာပူ၊ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှရောမသို့ဆက်လက်ပျံသန်းထွက်ခွာမည်ဖြစ်သည်။

ည (၁၈း၂၅) – ရောမ၊ ဖူမီချီးနိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်မည်ဖြစ်ပြီး ရဟန်းမင်းကြီး၏ (၁၂) ရက်ကြာ၊ အာရှ (၃) နိုင်ငံနှင့်ကမ်းရိုး တန်းဒေသ (၁) နိုင်ငံသို့တမန်တော်ခရီးကြွရောက်ခြင်းအစီအစဉ်ပြီးဆုံးမည်ဖြစ်သည်။

အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/4Xv1P
 

Add new comment

17 + 3 =