ယေဇူး၏အသင်းဂိုဏ်းကို တည်ထောင်သူ စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်ပန်းချီပြိုင်ပွဲတစ်ခု ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ၃၀.၇.၂၀၂၂ ရက်နေ့က ဆုရရှိခဲ့သူစာရင်းကို ကြေညာခဲ့ပါသည်။
ပြိုင်ပွဲခေါင်းစဉ်မှာ “ လိုယိုလာမြို့မှ စိန့်အီဂနေးရှပ်(စ်)အပေါ် ကလေးများနှင့် လူငယ်များ၏ အမြင် “ “ St. Ignatius of Loyola seen by Children and Young People “ ဟူ၍ဖြစ်ပါသည်။
အဆိုပါ ပန်းချီပြိုင်ပွဲအား ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာပြုကလေးသူငယ်များအသင်းနှင့် ယေဇူး၏အသင်းဂိုဏ်း(သို့) ဂျေးဇွတ်အသင်းဂိုဏ်းမှ ရဟန်းတော်များ ပူးပေါင်း၍ ယေဇူး၏အသင်းဂိုဏ်းကို တည်ထောင်သူ စိန့်အီဂနေးရှပ်(စ်) ၏ အကျင့်ပြောင်းလဲခြင်းနှစ်(၅၀၀) ပြည့်အထိမ်းအမှတ်အနေဖြင့် ပန်းချီပြိုင်ပွဲ ကို ကျင်းပပေးခဲ့ခြင်းဖြစ်သည်။