ကိုရိုနာဗိုင်းရပ်စ်ကုစားဖို့ ဖြစ်နိုင်ကြောင်း အဏုဇီဝပညာရှင် ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး သုံးသပ်

ကိုရိုနာဗိုင်းရပ်စ်ကုစားဖို့ ဖြစ်နိုင်ကြောင်း အဏုဇီဝပညာရှင် ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး သုံးသပ်

 ကိုရိုနာဗိုင်းရပ်စ်ကုစားဖို့ ဖြစ်နိုင်ကြောင်း အဏုဇီဝပညာရှင် ကက်သလစ် ဘုန်းတော်ကြီးတစ်ပါး သုံးသပ်

မကြာသေးခင်က တင်လိုက်သည့် ဘလော့ပို့စ်တစ်ခုတွင် ဒိုမီနီကန်ဘုန်းတော်ကြီး Fr. Nicanor Austriaco, O.P.,က  ဟိုက်ဒရိုစီကလိုရိုကင်း (hydroxychloroquine)ဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုစားဖို့အတွက် အသုံးပြု နိုင် ကြောင်း သူ့မှာခိုင်မာတဲ့အကြောင်းပြချက်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ “မော်လီကျူးဆိုင်ရာ ဇီဝဗေ ဒရှင် တစ်ဦး အနေ နဲ့၊ အခုလို အခိုင်အမာပြောဆိုဖို့ ကျွန်ုပ်ကို ပိုပြီးစိတ်လှုပ်ရှားစေတာက ဘာလဲဆိုတော့၊ ပြင်သစ်နိုင်ငံမှာ ပြု လုပ် ခဲ့ ကြတဲ့ ဆေးဘက်ဆိုင်ရာ စမ်းသပ်ကုစားခဲ့တာက တော်တော်လေးကို အားရစရာကောင်းပါတယ်။ အခြေနေ ကောင်းတစ်ခုကို ဖန်တီးပေးနေတာပါ” လို့ ဘုန်းတော်ကြီး Austriaco က ရေးသားခဲ့ပါတယ်။

“ဟုတ်ကဲ့။ အဲဒါက အသေးစားစမ်းသပ်မှုတစ်ခုသက်သက်ပါ။ ဒါပေမယ့် မှတ်တမ်းစာရွက်ကို သေချာဖတ် ကြည့် မယ်ဆိုရင်၊ ၎င်းတို့ လုပ်ဆောင်လိုတာကို အသေအချာလုပ်ခဲ့တာမို့၊ အသေအချာ အလေးပေး လေ့လာရမယ့် အ ကြောင်း ရာတစ်ခုပါပဲ။ ပြီးတော့၊ လူနာဆီကနေ ဒီဗိုင်းရပ်စ်ပိုးကို ရှင်းထုတ်ပေးတဲ့ အချိန်ကာလကိုလည်း ပိုပြီး မြန်ဆန်စေခဲ့တယ်ဆိုတာ HCQ က သိသိသာသာကို ပြသခဲ့တာပါ။”

“နောက်ပြီးတော့၊ ဒီ HCQ က ဗိုင်းရပ်စ်ပိုးအသစ်ထုတ်လွှတ် ခြင်းကို စမ်းသပ်တဲ့ပြွန်ထဲမှာ ကာကွယ်ပေးနိုင်ကြောင်း တရုတ်ပြည်မကြီးမှာရှိတဲ့ လွတ်လပ်တဲ့စမ်းသပ်ခန်းတစ်ခုကလည်း သက်သေပြထားပြီးပါပြီ။”

“ဒါ့ကြောင့် အဏုဇီဝပညာရှု့ထောင့်ကနေကြည့်မယ်ဆိုရင် ဒီရောဂါပိုးကို ကုသဖို့ ဖြစ်နိုင်ချေတွေ ရှိနေကြောင်း လေ့လာတွေ့ရှိရတဲ့အတွက် မျှော်လင့်ချက်ရှိကြောင်း Fr. Austriaco ကိုထပ်လောင်း ပြောဆိုခဲ့ပါတယ်။

HCQ နဲ့အတူ ဆက်နွယ်နေတဲ့ဆေးတစ်မျိုးဖြစ်တဲ့ CQ တို့ကို ဖိလစ်ပိုင်နိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ ဌက်ဖျား တိုက် ဖျက် ရေးမှာ လူတွေကို ကုစားတဲ့နေရာမှာ အသုံးပြုကြောင်း ဘုန်းတော်ကြီး Austriaco က CNA သတင်း ဌာနကို ပေးပို့တဲ့ အီးမေးလ်ထဲမှာ ရှင်းပြထားပါတယ်။

ဒီဆေးတွေကို Lupus လို့ခေါ်တဲ့ ကိုယ်ပိုင်ခုခံအားရှိတဲ့ အရေးပြားယောင်သည့် ရောဂါလို ကိုယ်ပိုင်ခုခံအားရှိတဲ့ ရောဂါ တွေမှာလည်း အသုံးပြုနေကြတာကို တွေ့ရှိရတဲ့အတွက် ဒီဆေးတွေဟာ လူတွေကို ဘေးဥ ပါဒ်မ ဖြစ် ကြောင်း Fr. Astriaco ကရှင်းပြပါတယ်။ ဘေးဥပါဒ်မဖြစ်ဘူးဆိုပေမယ့်လည်း ဆေးဝါးကျွမ်းကျင်သူနှင့် ဆရာ ဝန် များရဲ့ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ကြောင်းကိုလည်း သတိပေးထားပါသေးတယ်။

ဒီ HCQ ဆေးတွေကို သေချာတဲ့ရောဂါအချို့အတွက် အသုံးပြုနိုင်ကြောင်းကို FDA မှ အသိမှတ်ပြုထားသော်လည်း COVID-19 ကို ကုစားဖို့အတွက်တော့ အခြေအနေ အကန့်အသပ်မှလွဲပြီး အသုံးပြုဖို့ အသိမှတ်ပြုထားခြင်း မရှိ သေး ပါဘူး။ အကယ်၍ WHO မှ လက်ရှိလုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုကသာ HCQ နဲ့ CQ ဆေးများဟာ COVID-19 ကို ကုစားဖို့အတွက် အကျိုးအာနိသင်ရှိကြောင်း သက်သေပြနိုင်ရင်တော့ FDA ကလည်း ဒီဆေးတွေကို COVID-19 ကုစားရာမှာ အသုံးပြုဖို့ အသိမှတ်ပြုမှာ သေချာပါတယ်။

သူရဲ့ ဘလော့ပို့စ်မှာ HCQ ဆေးတွေနဲ့ပတ်သက်ပြီး မျှော်လင့်ချက်ရှိကြောင်း ပြောပြထားပါတယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီဆေးတွေဟာ စျေးနှုန်းချိုချိုသာသာနဲ့ အလွယ်တကူ ရနိုင်လို့ပါ။ မနီလာမြို့မှာဆိုရင် လမ်းဘေးက သာမန် ဆေးဆိုင်လေးတွေမှာတောင် ဒီဆေးတွေကို အလွယ်တကူ ရရှိနိုင်တယ်လို့ Fr. Austriaco က ထောက်ပြ ထားပါ တယ်။ လေ့လာတွေ့ရှိချက်တွေအရ၊ ဒီဆေးတွေကို တစ်နေ့ သုံးလုံးနှုန်းနဲ့ ခြောက်ရက် ဆက်တိုက် သောက် မယ် ဆိုရင် SARS-CoV2 ရောဂါမှ ကင်းဝေးစေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးဖော်ဖို့ဆိုရင် ပုံမှန်အားဖြင့် ၁၂-၁၈ လခန့် ကြာတတ်ပေမယ့် ကိုရိုနာ အတွက်တော့ ပိုပြီးကြာနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တုတ်ကွေးပိုးလောက် သန္ဓေပြောင်း မမြန်ဘူးဆိုတော့ ကိုရိုနာ ကာကွယ်ဆေးဟာ တစ်ချက်တည်းနဲ့ အမြစ်ဖျက်နိုင်တဲ့ ကာကွယ်ဆေးမျိုးဖြစ်ဖို့ မျှော်လင့်ကြောင်း Fr. Austriaco က ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကုစားဖို့ HCQ ဆေးတွေကို အသုံးပြုဖို့အတွက် ယုံကြည်မှု တွေရှိတဲ့ အ ကြောင်း Fr. Austriaco က သူရဲ့ဘလော့ပို့စ်မှာ ရေးသားထားပါတယ်။

“ကျွန်ုပ်ရဲ့ပထမမျှော်လင့်ချက်ကတော့ တကမ္ဘာလုံးမှာရှိတဲ့ လူသားတို့ရဲ့ တီထွင်ဉာဏ်နဲ့ ကြံ့ခိုင်မှု စွမ်အားတွေကို ဒီ ကမ္ဘာ့ကပ်ရောဂါကြီးကို တိုက်ဖျက်တဲ့နေရာမှာ အသုံးပြုစေချင်တာပါ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့အတူ ကျွန်ုပ်တို့ အောင်မြင်မှာပါ” လို့ CNA သတင်းဌာကို ပြောကြားခဲ့ပါတယ်။

ဘုန်းတော်ကြီး Austriaco ဟာ ရို့ဒ်ကျွန်းရှိ ပရိုဗီဒင့်စ်ဒေသရဲ့ ပရိုဗီဒင့်စ်ကောလိပ်ကျောင်းမှာ ဇီဝဗေဒနှင့် ဓမ္မ သဂြႍုလ်ဗေဒကို သင်ကြားပေးနေတဲ့ ပါမောက္ခတစ်ပါးဖြစ်ပါတယ်။ အခုတော့ ကမ္ဘာတဝှမ်းလုံး ရင်ဆိုင် နေ ကြ ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း သူရဲ့မိခင်နှင့်အတူ ဖိလစ်ပိုင်နိုင်ငံထဲမှာ lockdown ချခံ ထားရ ပါ တယ်။

ဘာသာပြန်သူ  (ဒိုမီနီကန်ကိုရင်)

News source link: 

https://bit.ly/2UFOMUY

 
Photo credit: 
Melissa Brown/ Dominican Friars Foundaation

Add new comment

10 + 5 =