ကိုရိုနာဗိုင်းရပ်စ်ခံစားနေရသောလူနာများနှင့်ပြုစုစောင့်ရှောက်နေသူများအားအင်ဒူဂျင်းသျှာခံစားခွင့်ပေး

ကိုရိုနာဗိုင်းရပ်စ်ခံစားနေရသောလူနာများနှင့်ပြုစုစောင့်ရှောက်နေသူများအားအင်ဒူဂျင်းသျှာခံစားခွင့်ပေး

ကိုရိုနာဗိုင်းရပ်စ်ခံစားနေရသောလူနာများနှင့်ပြုစုစောင့်ရှောက်နေသူများအားအင်ဒူဂျင်းသျှာခံစားခွင့်ပေး

ဗာတီကန်၏အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာရုံးတော်မှ (၂၀၂၀၊ မတ်လ၊ ၂၀) ရက်နေ့စွဲဖြင့်ကြေငြာစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ကြေငြာစာသည်ဖော်ပြပါအခြေအနေမျိုး၌ရှိနေသောကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံစားနေရသည့်လူနား များနှင့်ထိုကူးစက်ခံလူနာများကိုပြုစုစောင့်ရှောက်နေကြသောကျန်းမာရေး၀န်ထမ်းများ၊ မိသားစု၀င်များအတွက်အကျုံး၀င်ပါသည်။

ဤကြေငြာချက်ကိုထုတ်ပြန်ရခြင်းမှာဘာသာတူများ၏၀ိညာဉ်ရေး၊ စက္ကရာမင်းတူခံယူခြင်းနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားပေးရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဤကူးစက် ရောဂါဆိုးကြီးသည်အစိုးမရနိုင်သောအခြေအနေအထိဖြစ်လာပြီး၊ ကာယပိုင်းသာမဟုတ်ဘဲ၊ စိတ်ဓာတ်ပိုင်း၊ သီလပိုင်းလည်းထိခိုက်မူများဖြစ်လာနေသည်။

ဤကြေငြာချက်ကိုကာဒီနယ် Mauro Piacenza မှလက်မှတ်ရေးထိုးခဲ့သည်။ သူသည်၀ိညာဉ်ရေးဆိုင်ရာအပြစ်ဒဏ်ဖြေခြင်းရုံးတော်၏တာ၀န်ရှိသူဖြစ်သည်။ ထို့အတူကာဒီနယ်နှင့်ပူတွဲအမူတော်ထမ်းဆောင်သောဖာသာရ် Krzysztof Nykiel လည်းလက်မှတ်ရေးထိုးခဲ့သည်။
စုံလင်သောအပြစ်ဒဏ်ခွင့်လွှတ်ခြင်းအထူးအခွင့်အရေးများကိုခံစားနိုင်သူများမှာမိမိတို့နိုင်ငံ၏ကျန်းမာရေး၀န် ကြီးဌာနကသတ်မှတ်ထားသည့်အတိုင်းရောဂါကူးစက်ခံရမူရှိမရှိစောင့်ကြည့်ခံကာလအတွင်းရှိနေသောလူနာများ၊ ဆေး ရုံ၌ဖြစ်စေ၊ မိမိတို့နေအိမ်၌ဖြစ်စေနေ၍ ကုသမူစောင့်ကြပ်မူကိုခံယူနေသောသူများဖြစ်စေ၊ ၄င်းတို့၏စိတ်ထဲမှကျူးလွန်ခဲ့မိသောအပြစ်များအတွက်စုံလင်သောနောင်တယူကာ ကိုယ်တိုင်ကိုယ်ကျအာပတ်ဖြေလျှောက်ခြင်း၊ ဘုရားကျောင်းတက် ရောက်၍မစ္ဆားတရားများ၊ ယေဇူးသခင်၏ကားတိုင်တော်လမ်းလျှောက်ခြင်း၊ စိပ်ပုတီးစိပ်ခြင်းများကိုမပြုလုပ်နိုင်သော် လည်း၊ ရုပ်မြင်သံကြား၊ လူမူကွန်ရက်များမှာထုတ်လွှင့်ပေးနေသောထို၀ိညာဉ်ရေးအစီအစဉ်များကိုလေးနက်စွာကြည် ညိုစိတ်ဖြင့်စောင့်ကြည့်ပါကထိုကောင်းကြီးကိုခံစားရသည်။

ထို့အတူကူးစက်ရောဂါခံစားနေရသောသူများ၏၀ိညာဉ် ရေးအတွက်တွေးဆ၍အမြန်သက်သာပျောက်ကင်းလာရန်၊ ထို့နောက်ဖြည့်ဆည်းရမည့်ဘာသာရေး၀တ္တရားများကိုကျန်းမာစွာဖြင့်ပုံမှန်ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်ပြီးယုံကြည်ခြင်းအချုပ်၊ ကောင်းကင်ဘုံမေတ္တာ၊ ဂုဏ်ကျေးဇူးတော်မေတ္တာနှင့် အခြားသောမယ်တော့်အားဂုဏ်ပြုသည့်ကြည်ညိုခြင်းတစ်မျိုးမျိုးကိုပြုလုပ်ဆုတောင်းပေးသူများလည်းဤအပြစ်ဒဏ် ခွင့်လွှတ်ခြင်းကောင်းကြီးကိုခံစားရသည်။

ဤ၀ိညာဉ်ရေးအခွင့်အရေးထူးကို ဤရောဂါကူးစက်ခံထားရသောလူနာများအားပြုစုစောင့်ရှောက်ပေးနေ သောကျန်းမာရေး၀န်ထမ်းများ၊ လူနာများနှင့်နီးနီးကပ်ကပ်ထိတွေ့ရသူများ၊ ကျန်းမာရေး၀န်ထမ်း၊ မိသားစု၀င်များမ ဟုတ်သော်လည်း၊ ပရဟိတသမားများလည်းအကျုံး၀င်ပါသည်။

ဤကူးစက်ရောဂါအမြန်ဆုံးပပျောက်စေရန်ရည်ရွယ်ချက်ထားရှိပြီး၊ ကိုယ်မြတ်ဖူးမြှော်ခြင်း၊ ရဟန်းများမှဦးဆောင်၍ကိုယ် တော်မြတ်ကိုးကွယ်ခြင်းအခမ်းအနားများ၌ပါ၀င်ဆုတောင်းပေးခြင်း၊ သမ္မာကျမ်းစာကိုတစ်နေ့လျှင်နာရီ ၀က်ကြာဖတ်ရှုပူဇော်ခြင်း၊ စိပ်ပုတီးစိပ်ခြင်း၊ ယေဇူးသခင်၏ခရူးစူးကားတိုင်လမ်းလျှောက်ခြင်း၊ ကရုဏာရှင်ယေဇူးဆု တောင်းမေတ္တာကိုရွတ်ဆိုပူဇော်ပေးခြင်းများကိုပြုလုပ်သောဘာသာတူများလည်းထိုအကျိုးကျေးဇူးကိုခံစားရပါသည်။

ကြေငြာချက်ထဲ၌အဆိုပါကူးစက်ရောဂါစွဲကပ်ခံစားနေရသူများအနေဖြင့်မိမိတို့၏အပြစ်များကိုအမှန်တကယ်ရဟန်းတစ်ပါးပါးအားလျှောက်တင်လို၍ တောင်း ခံလာလျှင်လုပ်ဆောင်နိုင်ရန်အတွက်လည်း လိုအပ်သောလမ်းညွှန်ချက်အ သေးစိပ်ကိုဖတ်ရူလုပ်ဆောင်ရန်ကွန်ရက်တစ်ခုကိုလည်းထည့်သွင်းထားပါသည်။ ထိုလိုအပ်ချက်များအားလုံးကိုတိကျစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာဖော်ဆောင်ရမည်ဖြစ်သည်။

ထိုအခြေအနေမှာသေ၀နီးပါးအခြေအနေသို့ရောက်ရှိနေသူ များ၊ သို့မဟုတ်ထိုအပြစ်ခွင့်လွှတ်ခြင်းကိုအထူးလိုအပ်နေသူများအတွက်သာဖြစ်ပါသည်။ (အသေးစိပ်ကိုသက်ဆိုင်ရာဆရာတော်များ၊ ဘုန်းတော်ကြီးများမှထပ်လောင်းရှင်းပြမည်။) သို့မဟုတ်လျှင်ရောဂါစွဲကပ်ခံစားနေရသော်လည်း အသက်ဘေးနှင့်မနီးသောသူများမှာအခြေအနေပေးလာသည့်အခါပုံမှန်အာပတ်ဖြေခြင်းကိုပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။

အထက်ကဆိုခဲ့သောအပြစ်ခွင့်လွှတ်ခြင်းကောင်းကြီးမျိုးကိုပေးရန်မလိုအပ်သည်ကိုထိုအမှုတော်ဆောင်ရဟန်းကတွေ့ရှိလျှင်ထိုသို့ပြုရန်မလိုအပ်ကြောင်း သာသနာပိုင်ဆရာတော်ထံချက်ချင်းအကြောင်းပြန်ကြားရမည်။ သာသနာ ပိုင်ဆရာတော်များကလည်းရောဂါ၏ အခြေအနေအပြင်းအပျော့ကိုပြန်လည်သုံးသပ်ပြီးနောက်၊ မိမိတို့၏သာသနာပိုင် နယ်အတွင်း၌လိုအပ်သလိုလမ်းညွှန်ဆောင်ရွက်ရမည်ဖြစ်သည်။

ဤသို့ပြုလုပ်ရခြင်းမှာအာပတ်ဖြေခြင်းစက္ကရာမင်းတူ၏ သန့်ရှင်းလေးနက်ခြင်းနှင့်အနစ်သာရများကိုအလွှဲသုံးစားပြုခြင်းမှာကြိုတင်ဟန့်တားနိုင်ရန်ဖြစ်သည်။

ကြေငြာချက်ထဲ၌ဆေးရုံများ၊ လူနာများ၏၀ိညာဉ်ရေးကိုပြုစုစောင့်ရှောက်ရန်သီးသန့်ဆက်ကပ်လိုသောအထူး ၀ိညာဉ်ရေးအမူတော်ဆောင် (extraordinary hospital chaplains) များကိုလည်းဖိတ်ခေါ်ခန့်အပ်ရန်အားပေးတိုက် တွန်းထားပါသည်။ ထိုအမူတော်ဆောင်များသည်ကျန်းမာရေး ၀န်ကြီးဌာန၏လမ်းညွှန်ချက်အသေးစိပ်ကိုလိုက်နာလုပ် ဆောင်ရမည်။ သို့မှသာလူနာများ၏၀ိညာဉ်ရေးကိုအနီးကပ်ထိရောက်စွာလုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

ကက်သလစ်သာသနာတော်ကြီး၏ဘုရားစကားစာအုပ် (CCC) ၌အင်ဒူဂျင်းသျှာနှင့်ပတ်သက်၍အဓိပါယ်ဖွင့်ဆို ထားသည်မှာ အင်ဒူဂျင်းသျှား (အပြစ်ဒဏ်ခွင့်လွှတ်ခြင်း) သည်အပြစ်ခွင့်လွှတ်ခြင်းခံရပြီးသောမိမိ၏အပြစ်အတွက်ချမှတ်ထားသောအပြစ်ဒဏ်မှမည်သည့်အနှောင်အဖွဲ့မျှမရှိလွှတ်ငြိမ်းချမ်းသာခွင့်ရရှိခြင်းကိုခေါ်သည်။

အပြစ်ဒဏ်ခွင့်လွှတ် ခြင်းနှစ်မျိုးရှိသည်။ စုံလင်သောအပြစ်ဒဏ်ခွင့်လွှတ်ခြင်း (Plenary) နှင့်မစုံလင်သောအပြစ်ဒဏ်ခွင့်လွှတ်ခြင်း (Partial) ဟူ၍ဖြစ်ပါသည်။ ပထမအမျိုးအစားသည်လောကအသက်တာကုန်ဆုံးသောအခါ၌ အပြစ်ဒဏ်ဆပ်ဖြေရန်မလိုတော့သည့် ၀ိညာဉ်ရေးအခြေအနေကိုပေးပြီး၊ ဒုတိယအမျိုးအစားမှာအချိန်ကာလတစ်ခုအထိဆပ်ဖြေရမည်ဖြစ်သည်။ ထို့ကြောင့် အပြစ်ဖြေလျှောက်ပြီးနောက်မိမိတို့၏အပြစ်ဒဏ်အတွက်ရဟန်းတော်မှချပေးသောအပြစ်ဒဏ်များအပြင်မိမိကိုယ်တိုင် လည်းထပ်လောင်း၍ဆပ်ဖြေခြင်းကိုကောင်းစွာပြုလုပ်ခြင်းဖြင့်ကွယ်လွန်ပြီးနောက်အပြစ်ဒဏ်ဆပ်ဖြေရန်နည်းနိုင်သမျှ နည်းအောင်ဆပ်ဖြေထားသင့်လှပါသည်။

ဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်

Photo credit: AFP or Licensors

https://bit.ly/2wsOg3d

Add new comment

1 + 0 =