မြန်မာပြည်အတွက် ကာဒီနယ်ချားစ်ဘိုဉီးဆောင်၍ရောမမြို့၌ မစ္ဆားတရားဖြင့်ပူဇော်ဆုတောင်း၍တိုက်ရိုက်လွှင့်မည်

မြန်မာပြည်အတွက် ကာဒီနယ်ချားစ်ဘိုဉီးဆောင်၍ရောမမြို့၌ မစ္ဆားတရားဖြင့်ပူဇော်ဆုတောင်း၍တိုက်ရိုက်လွှင့်မည်

မြန်မာပြည်အတွက် ကာဒီနယ်ချားစ်ဘိုဉီးဆောင်၍ရောမမြို့၌ မစ္ဆားတရားဖြင့်ပူဇော်ဆုတောင်း၍တိုက်ရိုက်လွှင့်မည်

ရောမရောက်မြန်မာကက်သလစ်ဘုန်းတော်ကြီးများ၊ သီလရှင်များမှကြီးမှူးသော မြန်မာပြည်၏ကျန်းမာရေးနှင့်ငြိမ်းချမ်းရေးအတွက်အထူးဆုတောင်းမစ္ဆားတရားတော်မြတ်ကြီးကို အောက်တိုဘာ ၁၂ ရက် ဤနေ့ ညပိုင်း မြန်မာစံတော်ချိန် ၉ : ၃၀ နာရီ မှာ ရောမမြို့တော်၊ ယေဇူးအသင်းဂိုဏ်း၏ မိခင်ဘုရားကျောင်းတော်ကြီးဖြစ်သော "ယေဇူးဘုရားကျောင်း" ကာဒီနယ်ချားစ်ဘိုမှ ဉီးဆောင်ကျင်းပမှာဖြစ်ပြီး ရောမရောက်မြန်မာများတက်ရောက်ကြမှာဖြစ်သလို အွန်လိုင်းမှလည်း ပါ၀င်တက်ရောက်နိုင်ကြကြောင်း Magis Myanmar Facebook page မှတဆင့်ဖိတ်ခေါ်ထားပါတယ်။

ရောမမြို့မှ တိုက်ရိုက်လွှင့်ပေးသွားမည်ဖြစ်သော အဆိုပါမစ္ဆားတရားတော်ကို အထက်ဖော်ပြပါ စံတော်ချိန်တွင် အာဗီအေမြန်မာဖေ့စ်ဘုခ် စာမျက်နှာမှာဝင်ရောက်ကြည့်ရှကာ ပါဝင်တက်ရောက်ရင်းမြန်မာပြည်အတွက်ဆုတောင်းပေးနိုင်ကြပါတယ်။

ဤမစ္ဆားတရားတော်မြတ်ကြီးကို ဉီးဆောင်ကျင်းပပေးမယ့် မြန်မာပြည်မှ ကာဒီနယ်ရဟန်းအမတ် ကာဒီနယ်ချားစ်ဘို ဟာ အောက်တိုဘာလ ၈ ရက်နေ့ကထဲက ကမ္ဘာလုံးဆိုင်ရာဆရာတော်ကြီးများရဲ့ ညီလာခံကြီး Synod of Bishops ကို တက်ရောက်ဘို့ ရောမမြို့တော်ကို ရောက်ရှိနေကြောင်းသိရှိရပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Comments

I like RVA Planning.

Thank You.

Add new comment

12 + 4 =