Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပီရူးနိုင်ငံတွင် သာသနာပြုနေသော ဒေလာဆာ ဘရာသာ တစ်ပါး သေဆုံးလျှက်တွေ့ရှိ
ပီရူးနိုင်ငံတွင် သာသနာပြုနေသော ဒေလာဆာ ဘရာသာ တစ်ပါး သေဆုံးလျှက်တွေ့ရှိ
မတ်လ ၃၊ ၂၀၁၉
ပီရူးနိုင်ငံတွင် သာသနာပြုနေသော ခရစ်ယာန်ညီကိုများ ကျောင်းအဖွဲ့ဝင် ဒေလာဆာ ဘရာသာ Paul McAuley ကို မတ်လ ၂ ရက် အင်္ဂါ နေ့မနက်က ပီရူးနိုင်ငံ အမေဇုန်ဒေသ အီကွေတော့စ် မြို့လာဆဲလ် ရိုးရာယဉ်ကျေးမှု ဖလှယ်သောကျောင်း နိုင်ငံတကာ ကျောင်းသားများ တည်ခိုဆောင်တွင် သေဆုံးလျှက်တွေ့ရှိ ခဲ့ပါသည်။ မြို့နယ်အာဏာပိုင်အဖွဲ့အစည်းမှ သေဆုံးရခြင်းအကြောင်းအရင်း ကို ဆုံးစမ်းစစ်ဆေးသွားမည်ဟုလည်ကြေငြာထားပါသည်။
ဘရာသာ ပေါသည် အင်္ဂလန်နိုင်ငံသားဖြစ်ပြီး ၁၉၉၅ ခုနှစ်က ပီရူးနိုင်ငံသို့ သာသနာပြုအဖြစ်ရောက်ရှိလာခဲ့ပြီး မြို့တော်လီမာ ရှိ ဆင်းရဲသားများဘဝမြှင့်တင်ရေး နှင့်အမေဇုန်ဒေသ တောတွင်းသဘာဝနှင့်နေထိုင်သူလူမျိုးစုများ၏ အခွင်အရေး တက်ကြွ လှုပ်ရှားထောက်ခံသူ၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ခြင်းတွင် လူသိများသော ဘရာသာတစ်ပါးဖြစ်ပါသည်။ ဘရာသာ ပေါ သည်၂၀၀၀ ခုနှစ်မှ စပြီး အကြီးဆုံးမြို့ဖြစ်သည် အီကွေတော့စ် မြို့တွင်နေထိုင်ကာ အမေဇုန်ဒေသ တောတွင်းသဘာဝနှင့်နေထိုင်သူလူမျိုးစုများ၏ ဘဝမြင့်တင်ရေး၊ ပညာရေး နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါသည်။
ပီရူးနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဘရာသာပေါ သေဆုံးရခြင်းအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းသို့လည်း ဘရာသာပေါ သေဆုံးရခြင်းကို ဆုံစမ်းစစ်ဆေးဖော်ထုတ်ပေးဖို့တောင်းဆိုခဲ့ပါသည်။
https://www.vaticannews.va/en/pope/news/2019-04/la-salle-missionary-foun...
#lasalle, #peru, #missionary, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Zawgyi
မတ်လ ၃၊ ၂၀၁၉
https://www.vaticannews.va/en/pope/news/2019-04/la-salle-missionary-found-dead-in-peru.html
 
         Deforestation in the Amazon. Brother Paul McAuley was a missionary who was active in defending the environment  (AFP or licensors)
Deforestation in the Amazon. Brother Paul McAuley was a missionary who was active in defending the environment  (AFP or licensors) 
      
      
Add new comment