ပုပ်ဖရန်စစ်၏ (၁၂) ရက်ကြာ၊ (၄) နိုင်ငံတမန်တော်ခရီးစတင်ပြီ

ပုပ်ဖရန်စစ်၏ (၁၂) ရက်ကြာ၊ (၄) နိုင်ငံတမန်တော်ခရီးစတင်ပြီ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ယခုတစ်ခေါက်တမန်တော်ခရီးစဉ်သည် ၀ိသေသများစွာဖြင့်ပြည့်နေသောတမန်တော်ခရီးတစ်ခုဖြစ်သည်။ အ ဘယ်ကြောင့်ဆိုသော် ဤတမန်တော်ခရီးသည် (၁၂) ရက်ကြာမည်ဖြစ်ပြီး၊ အာရှနှင့်ကမ်းရိုးတန်းဒေသနိုင်ငံတစ်ခုအပါအ၀င် ကမ္ဘာ့နိုင်ငံ (၄) နိုင်ငံသို့ကြွရောက်မည့် တမန်တော်ခရီးစဉ်ဖြစ်သည်။

ဤတမန်တော်ခရီးသည် ရဟန်းမင်းကြီးဖရန်စစ်၏ အီတလီနိုင်ငံ၏ပြင်ပခရီးကြွရောက်သော (၄၅) ကြိမ်မြောက်ခရီးလည်းဖြစ်သည်။ ခရီးလည်းရှည်၊ နိုင်ငံလည်းများ၊ လုပ်ဆောင်မည့်အစီ အစဉ်များလည်းများပြားမည်မှာမလွဲပေ။

ဤသို့သော်တမန်တော်ခရီးကို မကြာမီ၌သက်တော် (၈၈) နှစ်ပြည့်တော့မည့် ရဟန်းမင်း ကြီးသည် ယမန့်နေ့ (စက်တင်ဘာလ ၂) ရက်က ရောမ ဒေသစံတော်ချိန် (၅း၃၂) တွင် ရောမ Fiumicino လေဆိပ်မှစတင်ထွက်ခွာပျံသန်းသွားခဲ့တာဖြစ်ပြီးအင်ဒိုနီးရှားသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ပထမဦးဆုံးရပ်နားသီတင်းသုံးသည့်နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ဒုတိယသီတင်းသုံးမည့်နိုင်ငံမှာ ပါပူအာနူးဂီနီနိုင်ငံဖြစ်ကာ တတိယနိုင်ငံမှာ အရှေ့တီမောနှင့်ဤတမန်တော်ခရီး၏နောက်ဆုံးသီတင်းသုံးမည့်နိုင်ငံမှာ အာရှကျားဟုကျော်ကြားသော စင်ကာပူနိုင်ငံဖြစ်ပါသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူသီတင်းသုံးသော Santa Marta ကျောင်းတိုက်မှမထွက်ခွာမီ ရဟန်းမင်းကြီး၏ကရုဏာလုပ်ငန်းလုပ်ဆောင်သောရုံးတော်မှတာ၀န်ယူကြည့်ရူစောင့်ရှောက်ထားသော အိမ်ရာမဲ့သူ (၁၅) နှင့်ရင်းနှီးစွာတွေ့ဆုံနှုတ် ဆက်ခဲ့သည်။ ဗာတီကန်သတင်းပြန်ကြားရေးရုံးမှသတင်းထုတ်ပြန်ချက်အရ ထိုကရုဏရေးရုံး၏တာ၀န်ခံ ကာဒီနယ် Konrad Krajewski မှဦးဆောင်၍ စက်တင်လာ (၂) ရက်နေ့၊ ဒေသစံတော်ချိန်မွန်းလွဲပိုင်း (၄) နာရီကျော်၌ အိမ်ရာမဲ့အမျိုးသား၊ အမျိုးသမီး (၁၅) ဦးတို့အားရ ဟန်းမင်းကြီးထံသို့ခေါ်ဆောင်သွား၍တွေ့ဆုံနှုတ်ဆက်စေခဲ့သည်ဟုသိရပါသည်။

ထို့နောက် ရဟန်းမင်းကြီသည် သူ့အားလေဆိပ်သို့ပို့ဆောင်ပေးမည့်ယာဉ်ဖြင့် လေဆိပ်သို့လိုက်ပါသွားခဲ့သည်။ မှန်းချေအရ ရဟန်းမင်းကြီးဖရန်စစ်လိုက်ပါသောလေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ဖြစ်သော ဂျာကာတာလေဆိပ်၌ ဒေသစံတော်ချိန် နံနက် (၁၁း၃၀) တွင်ဆိုက်ရောက်မည်ဖြစ်ကြောင်း ကြိုတင်တွက်ဆခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ထွက်ခွာမည့်ဆဲဆဲ၌ အီတလီသမ္မတ Sergio Mattarella အားကြေးနန်းစာတစ်စောင်ပေးပို့၍ ‘ကျွန်ုပ်အနေဖြင့် အင်ဒိုနီးရှား၊ ပါပူအာနူးဂီနီ၊ အရှေ့တီမောနှင့်စင်ကာပူနိုင်ငံများဆီသို့ တမန်တော်ခရီးစတင်ထွက်ခွာနေပါပြီ။ ဧ၀ံဂေလိတရားတော်၌တော်စပ်သောကျွန်ုပ်တို့၏ညီအစ် ကိုမောင်နှမများ၊ ကျွန်ုပ်ကြွရောက်မည့်နိုင်ငံအသီးသီးရှိနိုင်ငံသားတို့၏ ကြွယ်၀သောလူမျိုးစုယဉ်ကျေးမှုနှင့်၀ိ ညာဉ်ရေးကြွယ်၀မှုတို့ကိုတွေဆုံလိုသောစိတ်၏တွန်းအားနှင့်ထိုကြွယ်၀မှုသည် လူမှုအသိုင်းအ၀ိုင်းအတွင်းစည်းလုံးခြင်း၊ စုဖွဲ့မှုရှိခြင်း၊ သာချိန်၊ နာချိန်၊ အခက်အခဲအကြပ်အတည်းများနှင့်ကြုံရချိန်လည်း တွေ့ဆုံဆွေးနွေးညှိုနှိုင်းမှုကိုမွေးဖွားပေးသည့် သာဓကများရှိသောအရပ်ဆီသို့ကြွသွားမည်ဖြစ်သည်။ ဤခရီးစဉ်ကို ပြုနေကြောင်း ယခုကဲ့သို့သမ္မတကြီးကိုအသိပေးအကြောင်းကြားခွင့်ရ၍ပီတိဖြစ်ရကြောင်း၊ အီတလီပြည်သူ များအဖို့ ကောင်းချီးများခံစားရပါစေကြောင်း ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးစည်ပင်၀ပြောရေးကိုရှေ့ရူ၍ဆုတောင်းခြင်းနှင့်အတူသင်တို့နှင့်ရှိနေမည်’ ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်
ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/odsigh

Add new comment

11 + 1 =