အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ်အားလုပ်ကြံရန်ကြံစည်းမှုအပေါ်ဗာတီကန်၏တုန့်ပြန်

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ်အားလုပ်ကြံရန်ကြံစည်းမှုအပေါ်ဗာတီကန်၏တုန့်ပြန်

ယမန်နေ့က သမ္မတရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် သေနတ်ပစ်ခတ်ခံခဲ့ရသော အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အားလုပ်ကြံရန်ကြိုးစားမှုအပေါ်ဗာတီကန်ကကြေညာ ချက်တစ်ခုထုတ်ပြန်ခဲ့သည်။

ဤလုပ်ကြံရန်ကြံစည်မှုသည် ဒီမိုကရေစီကိုအနာတရာဖြစ်ပွားစေပြီး ဒဏ်ရာ ဒဏ်ချက်နှင့်အသက်ကိုလည်းသေစေကြောင်းဖော်ပြထားသည်။

ထို့အတူ အမေရိကန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများ၏ အမေရိကန်နိင်ငံ၏လုံခြုံမှု၊ အေးချမ်းမှု၊ သေနတ်ဒဏ်ရာရသွားသော သမ္မတဟောင်းနှင့်ပြည်သူများအားလုံး၏ဘေးကင်းသက်သာကျန်း မာလာရေးအတွက်ဆုတောင်းရန်ကြေညာချက်နှင့်လည်းအတူတကွဆုတောင်းပေးမည်ဖြစ် ကြောင်း၊ အကြမ်းဖက်ခြင်း၌ကျရှုံးခြင်းသာရှိပြီး အောင်ပွဲမရှိကြောင်းကိုလည်းတပါတည်းဖော်ပြထားသည်။

အမေရိကန်နိုင်ငံကက်သလစ်ဆရာ တော်ကြီးအဖွဲ့ချုပ်ကလည်း နိုင်ငံရေးနှင့်ဆက်နွယ်သောမည်သည့်အကြမ်းဖက်လုပ်ရပ်မျိုးကိုမဆိုရှုံ့ချကန့်ကွက်ကြောင်း၊ ဤလုပ်ရပ်မျိုးသည် ပါတီ၏သဘောထားကွဲလွဲမှုများကိုစေ့စပ်ပေးသည့်လုပ်ရပ်မျိုးမဟုတ်ကြောင်း ပြောကြားထားသည်။

အမှန်ဆိုရသော် ရဟန်းမင်းကြီးဖရန်စစ်နှင့်ဒေါ်နယ်ထရမ့်တို့၏အချို့သောကိစ္စများ၌အမြင်ထပ်တူမကျပေ။ ဥပမာအားဖြင့် (၂၀၁၆) ရဟန်းမင်းကြီးဖရန်စစ်သည် မက္ကစီကိုမှအပြန်နယ်စပ်သို့အရောက် ရဟန်းမင်းကြီးက ရွေ့ပြောင်းဒုက္ခသည်များအတွက်သတိရဆုတောင်းပေးခဲ့သည်။ ထိုအချက်ကိုထောက်၍ သတင်းသမားတစ်ဦးက အမေရိကန်ကက်သလစ်များအနေဖြင့် ထိုနှစ်က သမ္မတရွေးကောက်ပွဲ၀င်ပြိုင်မည့် ဒေါ်နယ်ထရမ့်အားမဲပေးသင့်မပေးသင့်ကိုရဟန်းမင်းကြီးဖရန်စစ်အားမေးမြန်းခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးအနေဖြင့် ရွေ့ပြောင်းဒုက္ခသည်များအားအိမ်ရှင်နိုင်ငံများအနေဖြင့်လက္ခံစောင့်ရှောက်ပေးထားရန်အစဉ်ပန်ကြားနေသော်လည်း ဒေါ်နယ်ထရမ့်အနေဖြင့် သူသမ္မတအဖြစ်ရွေးကောက်ခံရလျှင် ရွေ့ပြောင်းများအား၄င်းတို့၏နေရပ်သို့ အလုံး အရင်းနှင့်ပြန်ပို့ကာနောက်ထပ်မလာနိုင်အောင် နယ်စပ်များကိုတံတိုင်းခတ်ပစ်မည်ဟုကျိန်း၀ါးခဲ့ဖူးသည်။

ရဟန်းမင်းကြီးအနေဖြင့် မဲပေးခြင်းမပေးခြင်းကိုပြန်လည်ဖြေကြားခြင်းမပြုဘဲ တံတားကိုတည်ဆောက်ရန်မတွေးဘဲ တံတိုင်းကိုသာဆောက်လုပ်ရန်စဉ်းစားသူသည် ခရစ်ယာန်တစ်ဦးမဟုတ်ကြောင်း၊ ဧ၀ံဂေလိကျမ်းစာလည်းမသွန်သင်ထားကြောင်း၊ မဲပေးသင့်မပေးသင့်သည့်ကိစ္စကိုရဟန်းမင်းကြီးအနေဖြင့် ၀င်ရောက်မစွက်ဖက်မပြောလိုကြောင်း၊ သို့သော် အကယ်၍ဒေါ်နယ်ထရမ့်အနေဖြင့်အမှန်တကယ် ရွေ့ပြောင်းဒုက္ခသည်များကိစ္စနှင့်စပ်လျင်း၍အထက်ကအတိုင်းပြောကြားခဲ့သည်မှာမှန်ကန်လျှင် သူသည်ခရစ်ယာန်မဟုတ်ကြောင်း၊ အမှန်တကယ်သူသမ္မတရွေးကောက်ခံရလျှင် လက်တွေ့ဖော်
ဆောင်မည်၊ မဖော်ဆောင်မည်ကိုစောင့်ကြည့်ရပေမည်ဟုသာရဟန်းမင်းကြီးကသတင်းသမားအားပြန်လည်ဖြေ ကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရပြီး‌နောက် နှစ်အနည်း ငယ်တွင် သူသည်ရဟန်းမင်းကြီးဖရန်စစ်နှင့်ဗာတီကန်တွင်လူချင်းတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုအပြီး၌ ထရမ့်က ရဟန်း မင်းကြီးနှင့်တွေ့ဆုံမှုသည် သူ့အား ကမ္ဘာကြီး၏ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ရန်တာ၀န်ပေးအပ်လိုက်သည်ဟုပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်
https://bitly.cx/sEOD
 

Add new comment

2 + 7 =