ပုပ်ဖရန်စစ်၏ဘယ်ဂျီယံနှင့်လူဇင်ဘက်နိုင်ငံများသို့တမန်တော်ခရီးစဉ်အသေးစိတ်ထုတ်ပြန်

ပုပ်ဖရန်စစ်၏ဘယ်ဂျီယံနှင့်လူဇင်ဘက်နိုင်ငံများသို့တမန်တော်ခရီးစဉ်အသေးစိတ်ထုတ်ပြန်

ဗာတီကန်၏သတင်းပြန်ကြားရေးဌာနမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်၏ ဘယ်ဂျီယံနှင့်လူဇင်ဘက်တမန်တော်ခရီးစဉ်အသေးစိတ်ကိုအသိပေးလာပါသည်။ ယခုကဲ့သို့အသိပေးလိုက်ခြင်းသည် ခရီးစဉ်ကိုအတည်ပြုလိုက်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အဆိုပါဥရောပနိုင်ငံနှစ်ခုသို့ လာမည့်စက်တင်ဘာလ (၂၆-၂၉) အထိကြွရောက်မည်ဖြစ်သည်။

လာမည့်စက်တင်ဘာလ၌ ရဟန်းမင်းကြီးတမန်တော်ခရီးကြွရောက်မည့် ဥရောပနိုင်ငံနှစ်ခုအနက် ဘယ်ဂျီယံနိုင်ငံကိုလူသိများသော်လည်း လူဇင်ဘက်နိုင်ငံကိုမူလူသိနည်းကြသည်။ လူဇင်ဘက်နိုင်ငံသည် ကမ္ဘာပေါ်ရှိနိုင်ငံများအနက်အငယ်ဆုံးနိုင်ငံစာရင်း၀င်သောနိုင်ငံတစ်ခုဖြစ်သည်။ အနောက်နှင့်မြောက်ဖက်၌ ဘယ်ဂျီယံနိုင်ငံ၊ တောင်ဖက်၌ပြင်သစ်နိုင်ငံ၊ အရှေ့မြောက်နှင့်မြောက်ဖက်၌ဂျာမဏီနိုင်ငံတို့နှင့်နယ်နိ မိတ်ခြင်းထိစပ်သောနိုင်ငံငယ်တစ်ခုဖြစ်သည်။

ပြီးခဲ့သောပတ် သောကြာနေ့ကထုတ်ပြန်လာသော ရဟန်းမင်းကြီးဖရန်စစ်၏အဆိုပါတမန်တော်ခရီးစဉ်မှာ သူ၏ (၄၆) ကြိမ်မြောက်တမန်တော်ခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုဖော်ပြသောဥရောပနိုင်ငံများသို့မကြွရောက်မည် စက်တင်ဘာလ (၂ – ၁၃) အထိအာရှ (၃) နိုင်ငံနှင့်ကမ်းရိုးတန်းနိုင်ငံတစ်ခုဖြစ်သော ပါပူအာနူးဂီနီသို့ တမန်တော်ခရီးကြွရောက်ဦးမည်ဖြစ်သည်။

ဘယ်ဂျီယံနိုင်ငံ၏လူဦးရေ (၁၂) သန်းအနက် ထက်၀က်ကျော်မှာ ကက်သလစ်ဘာသာ၀င်များဖြစ်ကြသည်။ ထို့အတူ လူဇင်ဘက်နိုင်ငံ၏လူဦးရေထက်၀က်မှာလည်း ကက်သလစ်ဘာသာ၀င်များဖြစ်ကြသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ကြွရောက်ခဲ့သည့်နေရာတိုင်း၌ နိုင်ငံအတွက်၊ နိုင်ငံသားများအတွက်ရည်ရွယ်၍ မစ္ဆားတရားပူဇော်ဆုတောင်းပေးခြင်း၊ ဒေသအာဏာပိုင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံအတွင်းသာသနာအမှုထမ်းနေသော ဂျက်ဆွီစ်ဘုန်းတော်ကြီးများနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။

ဘယ်ဂျီယံ၌ ရဟန်းမင်းကြီးသည် Katholieke Universiteit Leuven တက္ကသိုလ် မှပါမောက္ခများနှင့်စက်တင်ဘာလ (၂၇) ရက်နေ့၌လည်း ကောင်း၊ Universite Catholique de Louvainတက္ကသိုလ်မှကျောင်းသူကျောင်း သားများနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။

အဆိုပါ ဥရောပ (၂) နိုင်ငံတမန်တော်ခရီးစဉ်အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

စက်တင်ဘာလ (၂၆)၊ ကြာသပတေးနေ့

- ရောမ – လူဇင်းဘက် - ရောမဒေသစံတော်ချိန် (၈း၅) မိနစ်၌ ရောမ၊ ဖူမီချီးနိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှလူဇင်းဘက် Findel အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် (၁၀း၀၀) နာရီ၌ရောက်ရှိမည်ဖြစ်သည်။

- အခမ်းအနားဖြင့်ကြိုဆိုမည်။

- နံနက် (၁၀း၄၅) – လူဇင်းဘက်မြို့စား၏နန်းတော်သို့ကြွရောက်လည်ပတ်ကြည့်ရူမည်။

- နံနက် (၁၁း၁၅) – လူဇင်းဘက်၀န်ကြီးချုပ်နှင့်တွေ့ဆုံမည်။

- နံနက် (၁၁း၅၀) – နိုင်ငံတော်အဆင့်ရှိအာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံအမတ်မိသားစုများနှင့်တွေ့ဆုံပြီး ရဟန်းမင်းကြီးမှဩ၀ါဒမိန့်ကြားမည်။

- ညနေပိုင်း (၁၆း၃၀) – လူဇင်းဘက်ရှိ ကက်သလစ်ဘာသာတူများနှင့် Notre Dame ကယ်သီဒရယ်၌တွေ့ ဆုံမည်။

- ညနေပိုင်း (၁၇း၄၅) – ရဟန်းမင်းကြီးအား လူဇင်းဘက် Findel အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြမည်။

- ညနေပိုင်း (၁၈း၁၅) – ရဟန်းမင်းကြီးသည် လူဇင်းဘက် Findel အပြည်ပြည်ဆိုင်ရာလေဆိပ်မှဘယ်ဂျီယံ၏မြို့တော် ဘရပ်ဆဲလ်သို့ပြန်ကြွသွားမည်ဖြစ်သည်။

- ဒေသစံတော်ချိန် ညပိုင်း (၁၉း၁၀) – Melsbroek သို့ရောက်ရှိပြီး အခမ်းအနားဖြင့်ကြိုဆိုခြင်းရှိမည်။
-

စက်တင်ဘာလ (၂၇) ရက်၊ သောကြာနေ့အစီအစဉ်၊

- နံနက် (၉း၁၅) – ဘယ်ဂျီယံဘုရင်အား Laeken ရဲတိုက်၌သွားရောက်နှုတ်ဆက်လည်ပတ်မည်ဖြစ်သည်။

- နံနက် (၉း၄၅) – ၀န်ကြီးချုပ်နှင့်တွေ့ဆုံမည်။

- နံနက် (၁၀း၀၀) – အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားမည်။

- မွန်းလွဲ (၁၆း၃၀) – Katholieke Universiteit Leuvenတက္ကသိုလ်မှပါမောက္ခများနှင့်တွေ့ဆုံ၍ရဟန်းမင်း ကြီးမှဩ၀ါဒမြွတ်ကြားမည်။

စက်တင်ဘာလ (၂၈) ရက်နေ့၊ စနေနေ့၊

- နံနက် (၁၀း၀၀) – ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ ဦးပဥ္စင်းများ၊ သူတော်စင်များ၊ ရဟန်းလောင်းကိုရင်များ၊ သာသနာအမှုထမ်းများနှင့် Koekelberg ရှိ ရွှေနှလုံးတော် ဘာစီးလီကာတွင်တွေ့ဆုံ၍ ရဟန်း မင်းကြီးမှမိန့်ခွန်းမြွတ်ကြားမည်ဖြစ်သည်။

- မွန်းလွဲ (၁၆း၃၀) – Universite Catholique de Louvain မှတက္ကသိုလ်ကျောင်းသူကျောင်းသားများနှင့်တွေ့ဆုံကာ ရဟန်းမင်းကြီးမှဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။

- ညနေ (၁၈း၁၅) – ဂျက်ဆွီစ်အသင်း၀င်ဘုန်းတော်ကြီးများနှင့် St. Michel College ၌သီးသန့်တွေ့ဆုံမည်ဖြစ်သည်။

စက်တင်ဘာလ (၂၉) ရက်နေ့၊ တနဂ်နွေနေ့၊

- နံနက် (၁၀း၀၀) – King Baudouin အားကစားရုံ၌ မစ္ဆားတရားပူဇော်ခြင်း၊ အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းရှိမည်။

- မွန်းလွဲ (၁၂း၁၅) – Melsbroek လေဆိပ်၌ ရဟန်းမင်းကြီးဖရန်စစ်အားလိုက်လံနှုတ်ဆက်၍ ရောမသို့ပြန် လည်ကြွသွားမည်ဖြစ်သည်။

- မွန်းလွဲ (၁၄း၅၅) – ရောမမြို့၏ Fiumicino အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်မည်ဖြစ်ပါကြောင်းအသိပေးထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://rb.gy/ahfviu

Add new comment

1 + 6 =