Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့ကိုကိုးရီးယားနိုင်ငံ၊ ဆိုးလ်၌ကျင်းပမည်။
(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့ကိုကိုးရီးယားနိုင်ငံ၊ ဆိုးလ်၌ကျင်းပမည်။
ကမ္ဘာ့လူငယ်များနေ့ကို (၃) နှစ်တစ်ကြိမ်သတ်မှတ်ကျင်းပလာခဲ့သည်။ နောက်ဆုံးကျင်းပသွားသောကမ္ဘာ့လူငယ်များနေ့ကို (ဩဂုတ်လ ၁-၆) ပေါ်တူဂီနိုင်ငံ၌ကျင်းပခဲ့သည်။ ကမ္ဘာ့လူငယ်များနေ့အဖြစ် ရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) မှ (၁၉၈၅) ခုနှစ်၌သတ်မှတ်၍စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်သည်။ လာမည့် (၂၀၂၇) ၌မူ အာရှနိုင်ငံတစ်ခုဖြစ်သော တောင်ကိုးရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်မြိုတွင်ကျင်းပမည်ဖြစ်သည်။
တောင်ကိုးရီးယားမှကက်သလစ်သာသနာတော်ကြီးအနေဖြင့် ကမ္ဘာ့လူငယ်များနေ့အတွက် စတင်ပြင်ဆင်သောအားဖြင့် (ဇူလိုင် ၂၈၊ ၂၀၂၄) ရက်နေ့၌ နိုင်ငံတစ်၀ှမ်းမှကက်သလစ်ဘာသာတူများအားတက်ကြွစွာပါ၀င်ကြရန်နှိုးဆော်သောလှုပ်ရှားမှုကြီးကို ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏မြို့တော် Myeongdon ကယ်သီဒရယ်၌ကျင်းပခဲ့သည်။ ထိုအခမ်းအနား၏ဦးတည်ချက်မှာ ‘Ignites in Seoul. Success for WYD Seoul 2027’ (ဆိုးလ်မြို့ကိုထွန်းညှိခြင်းသည် (၂၀၂၇) ဆိုးလ်၌ကျင်းပမည်ကမ္ဘာ့လူငယ်များနေ့၏အောင်မြင်ခြင်းဖြစ်သည်) ဟုဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ လူငယ် (၁၀၀၀) ကျော်တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြောက်ကိုးရီးယားမှထွက်ပြေးလွတ်မြောက်လာကြသူများ၊ မသန်စွမ်းများ၊ စစ်ဖက်မှအင်အားများလည်းတက်ရောက်ခဲ့ကြသည်။
အခမ်းအနားအတွင်း နိုင်ငံပေါင်း (၁၉၃) နိုင်ငံမှအလံများကို ကိုးရီးယားလူငယ်များမှကိုင်ဆောင်လွှင့်ထူလျှက်ချီတက်ေ၀ှ့ရမ်းခဲ့ကြသည်။ ယခုကဲ့သို့ နိုင်ငံအသီးသီး၏အလံကိုကိုင်ဆောင်ချီတက်ခြင်းသည် ကမ္ဘာ့လူငယ်များနေ့သို့ ကမ္ဘာတစ်၀ှမ်းနှင့်ဆိုင်သကဲ့သို့ ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးအတွက်တက်ကြွစွာပါ၀င်ကြရန်၊ ဆိုးလ်အနေဖြင့်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်လူငယ်များအားလှိုက်လှဲနွေးထွေးစွာဖိတ်ခေါ်ထွေးပွေ့ပါကြောင်းဖော်ပြသည့် လှုပ်ဆော်ဖိတ်ခေါ်ခြင်းလည်းဖြစ်သည်။
အခမ်းအနား၌ ကမ္ဘာ့လူငယ်များနေ့ဖြစ် မြောက်အောင်မြင်ရေးကော်မတီ၏ဥက္ကဌဖြစ်သော ဂိုဏ်းချုပ်ဆရာတော် Peter Soon-taick Chung မှကိုးရီးယားလူငယ်အားကိုယ်စားပြုသည့်လူငယ်နှစ်ဦးချန်ရံ
လျှက် ကမ္ဘာ့လူငယ်များနေ့ကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပခွင့်ရရှိထားကြောင်းကိုတရား၀င်ကြေညာခဲ့သည်။ ဤအသိပေးကြေညာချက်နှင့်အတူ ကမ္ဘာ့လူငယ်များနေ့အောင်မြင်ရေးအတွက်လည်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်းကို တရား၀င်အသိပေးလိုက်ခြင်းလည်းဖြစ်သည်။
တစ်ဆက်တည်း၌လည်း ဤပွဲကိုအိမ်ရှင်နိင်ငံအဖြစ်လက်ခံကျင်းပသောကြောင့် ပွဲအောင် မြင်ရေးအတွက်လိုအပ်သောခန့်မှန်းကုန်ကျစရိတ် ကိုးရီးယားငွေ (၁၁.၃၆၉၈) ထရီလျှံလျာထားကြောင်း၊ (1.5908) ခရီလျှံကိုမူ အမှတ်တရပစ္စည်းများထုတ်လုပ်ရောင်းချမှုများမှပြန်လည်ရရှိရန်လျာထားကြောင်း၊ ဆိုးလ်နှင့်ဒေသတစ်ဝိုက်ရှိပြည်သူများအတွက်လည်း အလုပ်အခွင့်အလမ်း (၂၄၇၂၅) ခုကိုလည်းဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းကို ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့၀င် ပရောဖက်ဆာ Taejun Lee မှရှင်းပြပြောကြားသွားခဲ့သည်။
အဆိုပါအခမ်းအနားကို ဂိုဏ်းချုပ်ဆရာတော် Chung၊ ကာဒီနယ် Andrew Soo-jung Yeon၊ ဆရာတော် Job Yobi Koo၊ ဆရာတော် Paul Kyung-sang Lee နှင့်ဆရာတော် Titus Sang-Bum Se0 တို့မှစုပေါင်းမစ္ဆားပူဇော်၍နိဂုံးချုပ်ခဲ့ကြသည်။
မစ္ဆားတရားအတွင်း ဂိုဏ်းချုပ်ဆရာတော်က အမိသာသနာတော်ကြီးအနေဖြင့် လူငယ်များအားသာသနာပြုနိုင်မည့်အခွင့်အလန်းများကိုဖော်ဆောင်ပေးရန်၊ လူငယ်တို့အာဆုတောင်း ခြင်းနှင့်မျှော်လင့် ခြင်း၌ပေါင်းစည်းမှုရှိကြရန် ယခုကဲ့သို့ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုသိရှိအောင်တိုက်တွန်းအား ပေးရမည့်အကြောင်း၊ ထို့ကြောင့် သာသနာတော်ကြီးသည် ကျွန်ုပ်တို့ခေတ်အခါသမယ၏လူငယ်များအား လျှောက်လမ်းကိုဖောက်ပေးခြင်း၊ စင်မြှင့်ကိုဆောက်ပေးခြင်းဖြင့် သူတို့နည်းသူတို့ဟန်၊ သူတို့၌ရှိအသိ ဉာဏ် များဖြင့်ပြန်လည်လက်ဆင့်ကမ်းပေးသည့်အသိရှိစေရန်၊ သာသနာကတည် ဆောက်ပေးသောစင်မြှင့်သည် လူငယ်ထုအား လူ့အသိုင်းအ၀ိုင်းကိုအကျိုးပြုစေမည့်အခွင့်အလန်းကိုရရှိစေမည်ဖြစ်ကြောင်း၊ ဤအမြင်ကို ကမ္ဘာ့လူငယ်များနေ့အတွက်လည်းမျိုးစေ့ချလိုကြောင်း၊ ဤကမ္ဘာ့လူငယ်များနေ့သည် ကိုးရီးယားနိုင်ငံမှသည်ကမ္ဘာတစ်၀ှမ်းမှရောက်ရှိလာမည့်လူငယ်ထုအတွက် တန်ဖိုးမဖြတ်နိုင်သောအခွင့်အလန်းကိုရရှိစေမည်ဟုမျှော်လင့်ကြောင်း၊ ဤအချက်ကိုထောက်ရူပြီး၊ ဤအချက်ပေါ်အခြေခံ၍ ဤစိန်ခေါ်မှုကြီးမားသောတာ ၀န်ကိုလုပ်ဆောင်ကြရန်၊ ကျွန်ုပ်တို့သည် ရုပ်ကိုင်းသာအတူတစ်ကွရှိရန်မဟုတ်ဘဲ၊ စိတ်ပါပေါင်းစည်းကြရန်၊ အတူတကွဆုတောင်းခြင်း၊ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏ဉာဏ်ပညာအလင်းကျေးဇူးကိုခံယူ၍ ယနေ့စတင်သောဤခရီးကိုအကောင်းဆုံးဖော်ကြရန်ဟောကြားခဲ့သည်။
မစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်သော အထွေ ထွေဆုတောင်းချက်၌ ကမ္ဘာပေါ်ရှိဘာသာ စကားများစွာဖြင့် ဆုတောင်းစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်ရှိလူငယ်အားလုံး၏နေ့ဖြစ်ကြောင်းခံစားပေါ်လွင်စေရန်ဖြစ်သည်။
ဂိုဏ်းချုပ်ဆရာတော် Giovanni Gaspari နှင့် Dr. Gleison De Paula Souza တို့မှအားပေးစကားပြောကြားခဲ့သကဲ့သို့ ဒေါက်တာက ဆိုးလ်မြို့တော်အား အိမ်ရှင်မြို့အဖြစ်ရွေးချယ်ရခြင်းမှာ ကြွယ်၀ သောယဉ်ကျေးမှုအမွေအနစ်များနှင့်ဆန်းသစ်တီထွင်တတ်သောစိတ်ကူးစိတ်သန်းများကြောင့်ဖြစ်ကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘာ့လူငယ်များနေ့၏ဦးတည်ချက်ကိုမူ စက်တင်ဘာလ၌တရား၀င်ကြေညာမည်ဖြစ်သည်။ ထိုကြေညာချက်ကိုထုတ်ပြန်ပြီးနောက် နို၀င်ဘာလ၌ ကမ္ဘာ့လူငယ်များနေ့၏သက်ေသများအား လုံးကိုနောက်ဆုံးကျင်းပခဲ့သောအိမ်ရှင်နိုင်ငံဟောင်းမှအိမ်ရှင်နိုင်ငံသစ်ထံသို့လွဲပြောင်းပေးအပ်မည့်အစီအ စဉ်လည်းပါ၀င်သည်။
ဤအခမ်းအနား၌တက်ရောက်ခဲ့သော ဂိုဏ်းချုပ်ဆရာတော် Giovanni Gaspari သည် ကိုးရီးယားနိုင်ငံအတွက် ရဟန်း မင်းကြီး၏ကိုယ်စားလှယ်ဖြစ်သည်။ Dr. Gleison De Paula Souza မှာမှ ရဟန်းမင်းကြီး ၏လက်အောက်ရှိ ဘာသာတူများ၊ မိသားစုဆိုင်ရာရုံးတော်၏တာ၀န်ခံဖြစ်သည်။ ထို့အတူ (၈) နိုင်ငံမှသံအမတ်များလည်းတက်ရောက်ခဲ့ပြီး၊ ကိုးရီးယားနိုင်ငံမှအဆင့်မြင့်ပုဂ္ဂိုလ်များလည်းတက်ရောက်ခဲ့ကြပါသည်။
မှတ်ချက်။ ။ ဗဟုသုတအဖြစ် နှစ်အလိုက်ကမ္ဘာ့လူငယ်များနေ့ကို အိမ်ရှင်အဖြစ်လက္ခံကျင်းပခဲ့သောနိုင်ငံများကိုဖော်ပြပေးလိုက်ပါသည်။
ခုနှစ်၊ နိုင်ငံ၊ တက်ရောက်ခဲ့သည့်လူငယ်အင်အား
၁။ (၁၉၈၅) – အီတလီနိုင်ငံ၊ ရောမမြို့၊ (၃၀၀၀၀၀)
၂။ (၁၉၈၇) – အာဂျင်တီးနား၊ Buenos Aires၊ (၁၀၀၀၀၀၀)
၃။ (၁၉၈၉) – စပိန်၊ ဆန်တီယေဂို၊ (၆၀၀၀၀၀)
၄။ (၁၉၉၁) – ပိုလန်၊ Czestochowa၊ (၇၀၀၀၀၀)
၅။ (၁၉၉၃) – အမေရိကန်ပြည်ထောင်စု၊ Denver၊ (၇၀၀၀၀၀)
၆။ (၁၉၉၅) – ဖိလစ်ပိုင်၊ မနီလာမြို့၊ (၅၀၀၀၀၀၀)
၇။ (၁၉၉၇) – ပြင်သစ်၊ ပါရီမြို့၊ (၁၂၀၀၀၀၀)
၈။ (၂၀၀၀) – အီတလီ၊ ရောမ၊ (၂၀၀၀၀၀၀)
၉။ (၂၀၀၂) – ကနေဒါ၊ Toronto၊ (၈၀၀၀၀၀)
၁၀။ (၂၀၀၅) – ဂျာမနီ၊ Cologne၊ (၁၀၀၀၀၀၀)
၁၁။ (၂၀၀၈) – ဩစတေးလျား၊ Sydney၊ (၄၀၀၀၀၀)
၁၂။ (၂၀၁၁) – စပိန်၊ မဒရစ်၊ (၂၀၀၀၀၀၀)
၁၃။ (၂၀၁၃) – ဘရာဇီးလ်၊ Rio de Janeiro၊ (၃၇၀၀၀၀၀)
၁၄။ (၂၀၁၆) – ပိုလန်၊ ခရာကို၊ (၃၅၀၀၀၀၀)
၁၅။ (၂၀၁၉) – ပါနားမား၊ ပါနားမားမြို့၊ (၇၀၀၀၀၀)
၁၆။ (၂၀၂၃) – ပေါ်တူဂီ၊ Lisbon၊ (၁၅၀၀၀၀၀)
၁၇။ (၂၀၂၇) – ကိုးရီးယား၊ ဆိုးလ်၊
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်
Add new comment