စာပေကိုချစ်ကြရန်ပုပ်ဖရန်စစ်တိုက်တွန်း

စာပေကိုချစ်ကြရန်ပုပ်ဖရန်စစ်တိုက်တွန်း

ကောင်းသောစာအုပ်သည် အတွေး အခေါ်ကိုဖွင့်ပေးသည်။ နှလုံးကိုနှိုးဆော်ပေးသည်။ ကျွန်ုပ်တို့အား အသက်အတွက်ပြင်ဆင်ပေးသည်ဟု ပုပ်ရဟန်း မင်းကြီးဖရန်စစ်အရှင်သူမြတ်က ‘letter to future priests’ (အနာဂတ်ရဟန်းများထံပေးစာ) မှာရေးသားခဲ့သည်။

သာသနာ့အမှုတော်အားကူညီနေကြသောအမှုဆောင်များ၊ ခရစ်ယာန်များလည်း ၀တ္ထု၊ ကဗျာများဖတ်ရူရသည်ကိုနှစ်ခြိုက်ကြပေမည်။ ဤလမ်း ကြောင်းသည်လည်း တစ်ဦးစီ၏ ရင့်ကျက်မှုကိုတည်ဆောက်ခြင်းဖြစ်သည်။

သင်တန်းကျောင်းများ၌ စာပေကိုလည်းအလေးပေးထည့်သွင်းရန်တိုက်တွန်းချက်ကို ဇူလိုင် (၁၇) ရက်နေ့ကရေးသားခဲ့ပြီး ဩဂုတ်လ (၄) ရက်နေ့၊ တနင်္ဂနွေ နေ့၌ဖြန့်ချီခဲ့သည်။ ဤစာကိုရေးသားထုတ်‌ေ၀ရခြင်းမှာ စာပေချစ်စိတ်မွေးမြူပျိုးထောင်ခြင်းဖြင့် အနာဂတ် ၌ရဟန်းဖြစ်လာရန် ပြင်ဆင်နေကြသောရဟန်လောင်းကိုရင်များ၏ဘ၀ကိုအခြေအမြစ်မှပြောင်းလဲစေရန် သို့မှသာစာပေအလုပ်ကိုဇောင်းပေး လုပ်ဆောင်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

စာပေသည် ရဟန်းတို့၏စိတ်နှလုံးကိုလွတ်လပ်ပြီး၊ ဆင်ခြင် တုံတရားမှန်ကန်စေရန် ပညာပေးထိန်းကျောင်းပေးနိုင်သည်။ ထို့အတူ ဘာသာစကားအမျိုးမျိုးတို့၏အကျိုးများကိုလည်းတိုးပွားရရှိနိုင်စေသည်။ လူတစ်ဦးတစ်ယောက်၏ခံစားချက်ကို ကျယ်ပြန့်စေသကဲ့သို့၀ိညာဉ်ရေးအသက်တာအားလည်း ပိုမို၍ပွင့်လင်းလာစေသည်။
ရဟန်းတော်များနှင့်ဘာသာတူတို့၏ အဓိကတမန်တော်လုပ်ငန်းမှာ ယနေ့ခေတ်လူသားများ ၏စိတ်နှလုံးကိုတို့ထိပွင့်ဟလာစေရန်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://rb.gy/b3yx1u

 

Add new comment

8 + 10 =