ရဟန်းမင်းကြီးဖရန်စစ်သည် ဂျော်ဒန်ဘုရင်နှင့်ဗာတီကန်၌တွေ့ဆုံ

ရဟန်းမင်းကြီးဖရန်စစ်သည် ဂျော်ဒန်ဘုရင်နှင့်ဗာတီကန်၌တွေ့ဆုံ

ပုပ် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ပြီးခဲ့သော တပတ် ကြာသပတေးနေ့ မေလ ၂ ရက်နေ့ က ဂျော်ဒန်ဘုရင် Abdullah II နှင့်ဗာတီကန်၌တွေ့ဆုံခဲ့သည်။

သက်တော် (၈၇) နှစ်ရှိပြီဖြစ်သော ရဟန်းမင်းကြီးက ဂျော်ဒန်ဘုရင်အားလက်ဆောင်တစ်ခုကိုပေးခဲ့သည်။ ထိုလက်ဆောင်ပေါ်၌ ‘Papal Blessing in St.’s Peter Square’ (စိန့်ပီတာရင်ပြင်၌ပေးထားသောရဟန်းမင်းကြီး ၏ကောင်းချီး) ဟုရေးထိုးထားသည်။ ဤလက်ဆောင်ကို ဗာတီကန်၏ ကျောက်ပန်းချီအလုပ်ရုံမှထုတ်လုပ်ခြင်းဖြစ်သည်။

ဂျော်ဒန်ဘုရင်မှလည်း အာရာဗီစာရေးထိုးထားသောပန်းပုရုပ်တုတစ်ခုကိုလက်ဆောင်ပြန်ပေးအပ်ခဲ့သည်။ ထိုပန်းပုရုပ်တုပေါ်၌မည်သည့်စာရေးထိုးထား သည်ကိုမူဖော်ပြမထားပေ။

ရဟန်းမင်းကြီးနှင့်ဂျော်ဒန်ဘုရင်တို့ သည် မိနစ် (၃၀) ကြာတွေ့ဆုံခဲ့ကြသည်။ ဂျော်ဒန်ဘုရင်သည် ရဟန်း မင်းကြီးနှင့်လာရောက်မတွေ့ဆုံမှီ အီတလီ၀န်ကြီး Giorgia Meloni နှင့် အီတလီသမ္မတ Sergio Mattarella တို့နှင့်လည်းတွေ့ဆုံခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://rb.gy/lcinjo

Add new comment

7 + 1 =