ဆီဒ်နီဂိုဏ်းချုပ်သာသနာမှ မေလ စိပ်ပုတီးလအတွက် အစီအစဉ္ကောင်းများပြင်ဆင်ထားး

ဆီဒ်နီဂိုဏ်းချုပ်သာသနာမှ မေလ စိပ်ပုတီးလအတွက် အစီအစဉ္ကောင်းများပြင်ဆင်ထားး

ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် စိတ်ပုတီစိပ်၍ဆုတောင်းကြရန်အမိမယ်တော်ဖာတီမာမြို့၌ ကိုယ်ထင်ရှားပြစဉ် သိုးကျောင်းနေသောကလေးသုံးဦးအားသတင်းစကားပါးခဲ့သည်မှာတစ်ရာစု (နှစ်တရာကျော်) လာပြီဖြစ်သည်။

အမိမယ်တော်၏တောင်းဆိုချက်ကိုဖြည့်ဆည်းသည့်အနေဖြင့် ဆီဒ်နီမြို့မှထောင်နှင့်ချီသောဘာသာတူများသည် စိန့်မေရီကယ်သီဒရယ်မှအစပြု၍ စိတ်ပုတီးသခင်မအားစိတ်ပုတီးစိပ်ကာစီ တန်းလမ်းလျှောက် ကြည်ညိုခြင်းကိုပြုကြမည်ဖြစ်သည်။

ယခုကဲ့သို့စီတန်းလမ်းလျှောက် ၍ ကြည်ညိုခြင်းကိုပြုခြင်းသည် ကြည်ညိုခြင်းသက်သက်သာမဟုတ်။ အမိမယ်တော်အားကြည်ညိုခြင်ကိုပြုရန်သတင်းစကားပါးခြင်းဖြစ်သကဲ့သို့ကက်သလစ်ခရစ်ယာန်များ၏စည်းလုံးခြင်းကိုလည်းပြသခြင်းဖြစ်သည်။

ဆီဒ်နီဂိုဏ်းချုပ်သာသနာအနေဖြင့် ကက်သလစ်ဘာသာတူများအား ယခုအစီအစဉ်၌ပါ၀င်၍ မေလ (၁၁) ရက်နေ့၌ပွဲနေ့ကျရောက်မည့် ဖာတီမာမယ်တော်အားကြည်ညိုခြင်းကိုပြသကြရန်ကိုလည်းလှိုက်လှဲနွေးထွေးစွာဖိတ်ခေါ်လျှက်ရှိသည်။

မေလသည် အမိမယ်တော်အား ထူး ခြားသောကြည်ညိုခြင်းကိုပြသသော လတစ်လဖြစ်သောကြောင့် သူမတူ သောကောင်းချီးတော်ချယ်မှုန်းထားသောလလည်းဖြစ်သည်။ ထို့ကြောင့် လှပစွာသီကုံး ထားသောဓမ္မသီချင်းများ၊ ဆုတောင်းမေတ္တာများကိုသီဆို၊ ရွတ်ဖတ်ပူဇော်ရင်းကျွန်ုပ်တို့၏ ယုံကြည်ခြင်း၊ ကြည်ညိုခြင်းကိုပြသဖော်ထုတ်သက်သေခံကြပါစို့ဟုတိုက်တွန်းဖိတ်ခေါ်ထားပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/73ik

Add new comment

10 + 8 =