ရဟန်းမင်းကြီးဖရန်စစ်သည် ဖိုးဖွားထောင်ကျော်နှင့်၄င်းတို့၏မြေးများနှင့်ဗာတီကန်၌တွေ့ဆုံမည်ဟုကြေငြာခဲ့

ရဟန်းမင်းကြီးဖရန်စစ်သည် ဖိုးဖွားထောင်ကျော်နှင့်၄င်းတို့၏မြေးများနှင့်ဗာတီကန်၌တွေ့ဆုံမည်ဟုကြေငြာခဲ့

‘A Caress and a Smile’ (အတို့အထိတစ်ချက်၊ အပြုံးတစ်ချက်) ဟုလာမည့်စနေနေ့ (ဧပြီ ၂၇) ရက်နေ့၌ကျင်းပမည့်အစီအစဉ်၏အမည်ဖြစ်ပြီး ထိုအစီအစဉ်ကိုဗာတီကန်အတွင်းရှိ ရဟန်း မင်းကြီးပေါလ် (၆) ခမ်းမ၌ကျင်းပမည်ဖြစ်သည်ဟုကြိုတင်ကြေငြာခဲ့သည်။ ထိုနေ့၌ အီတလီတစ်နိုင်ငံလုံးရှိ သက်ကြီးရွယ်အိုများ၊ အဖိုးအဖွားများနှင့်၄င်းတို့၏မြေးမြစ်များနှင့်အတူရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံမည်ဖြစ်ကာ သက် ကြီးရွယ်အိုများ၊ အဖိုးအဖွားနှင့်၄င်းတို့၏မြေမြစ်များနှင့်တွေ့ဆုံမည်ဖြစ်သည်ဟုဆိုသည်။

သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးဌာန၏တာ၀န်ခံဖြစ်သော ဂိုဏ်းချုပ် Vincenzo Paglia ၏ပြောကြားချက်အရ အီတလီနိုင်ငံသည် သက်ကြီးရွယ်အိုအများဆုံးရှိသောကမ္ဘာ့နိုင်ငံများအ နက် ဒုတိယအများဆုံးဖြစ်သည်။ ယခုကဲ့သို့စီစဉ်ကျင်းပရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ လက်ရှိ ၌မျိုးဆက်လေးဆက်အတူတကွယှဉ်တွဲနေထိုင်နေကြရသည့်ကာလတစ်ခုဖြစ်ပြီး ဤအခြေအနေမျိုး သည်လွန်စွာဖြစ်ခဲထူးခြားသည်။

လက်ရှိ၌ကျွန်ုပ်တို့သည် ‘အိုမင်းခြင်း’ ဟူသောစကားလုံးကိုသုံးရန်ကြောက်ရွံ့နေကြ သည်။ အမှန်မှာထိုအိုမင်းလာသောအသက်တာသည် လွန်စွာလှပရုံမကဘဲ ယဉ်ကျေးမှု၊ လူ့အသိုင်း အ၀ိုင်း၊ စီးပွားရေး၊ ဘာသာရေးစသောလားရာပြောင်းလဲမှုကိုလည်း ဦးတည်သည်။ ရဟန်းမင်းကြီးဖ ရန်စစ်အနေဖြင့်သက်ကြီးရွယ်အိုများအားထူးထူးခြားခြားချစ်သည်။ ထို့ကြောင့်လည်း သက်ကြီးများအား ရည်စူး၍ ‘ကျန်ရှိနှစ် (၃၀) အား ခရစ်ယာန်အသက်တာဖြင့်အဘယ်သိုရှင်သန်ဖြတ်သန်းမည်နည်း’ ဟု သော သွန်သင်ချက်ကိုအပိုင်းလိုက်ပင်ထုတ်လွှင့်ခဲ့သည်။

ဤအစီအစဉ်ကိုကျင်းပရခြင်းမှာ အိုမင်းခြင်းကိုအသွင်အပြင်သစ်ကိုပေးစွမ်းရန်ဖြစ် သည်။ အိုမင်းသောအသက်တာသည် ကြီးမြတ်သောအသက်တာဖြစ်သည်။ အသုံးအတည့်၊ ၀န်ထုပ်ဟု သတ်မှတ်ရန်မဟုတ်။ အိုမင်းသောအသက်တာသည် အခြားသောအသက်အရွယ်များနှင့်အချိပ်အဆက် ဖြတ်တောက်ရသောအသက်အရွယ်မဟုတ်။ သက်ကြီးနှင့်လူငယ်များ၏လူဦးရေစာရင်းသည်အချိုးတူညီ နေသည်။ ဤမျိုးဆက်နှစ်ဆက်သည် တစ်ဆက်နှင့်တစ်ဆက်မှီခိုတည်မှီနေခြင်းမပြုဘဲ ထီးထီးကြီးမရပ် တည်နိုင်။ ဤအစီအစဉ်ကို အီတလီနိုင်ငံမှ ‘သက်ကြီးများဆိုင်ရာဖောင်ဒေးရှင်း’ အဖွဲ့မှကြီးမှူးကျင်းပ ခြင်းဖြစ်ပြီး၊ အစီအစဉ်ကို ရောမစံတော်ချိန် (၈း၃၀) ၌ သက်ကြီးရွယ်အိုများဆိုင်ရာထောက်ရူချက်များ ဖြင့် စတင်ကျင်းပမည်ဖြစ်သည်ဟုစီစဉ်ခဲ့သည်။

ထို့နောက် သက်ကြီးရွယ်များစု‌ေ၀းနေသော ရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းဆီသို့ရဟန်းမင်းကြီးဖရန်စစ်ကြွရောက်မည်ဖြစ်ပြီး သက်ကြီးရွယ်အိုနှစ်ဦးနှင့်မြေးသုံးဦးတို့၏ ဘ၀ဖြတ်သန်းမှု အတွေ့အကြုံကိုနားဆင်မည်ဖြစ်ကြောင်း

အဆိုပါနှစ်ဦးအနက် တစ်ဦးသည် (၉၁ နှစ်ရှိပြီ ဖြစ်သော အဖွားဖြစ်သည်။ ဗာတီကန်၏သတင်းစာရှင်းလင်းပွဲ၌ အီတလီနိုင်ငံ၏ရုပ်ရှင်သရုပ်ဆောင်တစ် ဦးဖြစ်ပြီး ရဟန်းမင်းကြီးဖရန်စစ်နှင့်လည်းလွန်စွာရင်းနှီးသော Lino Banfi လည်းပါသည်။ သူက ဤအ ခမ်းအနားကို ‘ကမ္ဘာ့အသက်ကြီးရွယ်အိုများ’ ဟုတင်စားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည်လည်း ‘the World Day for Grandparents and the Elderly’ (ကမ္ဘာ့ဖိုးဖွားများနှင့်သက်ကြီးများနေ့) စာချွန်တော်ကိုလည်းထုတ်‌ေ၀ဖြန့်ချီမည်ဖြစ်ကြောင်း၊ လာမည့် ဇူလိုင် (၂၈) သည် ‘ကမ္ဘာ့ဖိုးဖွားနှင့်သက်ကြီးများနေ့’ ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားသယ်

https://rb.gy/n4od5u

Add new comment

13 + 0 =