ပုပ်ဖရန်စစ်သည် ဆေးရုံဆင်း သည့်နေ့၌ပင်လုပ်ဆောင်စရာရှိသည်များကိုရွှင်ရွှင်ပြုံးပြုံးဖြင့်စတင်

ပုပ်ဖရန်စစ်သည် ဆေးရုံဆင်း သည့်နေ့၌ပင်လုပ်ဆောင်စရာရှိသည်များကိုရွှင်ရွှင်ပြုံးပြုံးဖြင့်စတင်

ရဟန်းမင်းကြီးဖရန်စစ်သည် ဇွန်လ (၁၆) ရက်နေ့ ရောမစံဒေသစံတော်ချိန် နံနက် (၉) တွင် ဆေကုသခံယူနေသော Gemelli မှဆင်းခွင့်ရခဲ့သည်။ သီတင်းသုံးရာကျောင်းတိုက်သို့ပြန်ရောက်ပြီး နာရီအနည်း ငယ်အကြာတွင် အလှည့်ကျဖြင့် ရဟန်းမင်းကြီးအားလာရောက်တွေ့ဆုံရသောအစီအစဉ်အတိုင်းအလှည့်ကျသည့် အာဖရိကတောင်ပိုင်းမှဆရာတော်အဖွဲ့အားပထမဦးဆုံးလက္ခံတွေ့ဆုံခဲ့သည်။ ဤအဖွဲ့၏ယခင်အစီအ စဉ်မှာ ထိုနေ့နံနက်ပိုင်း၌ဖြစ်သည်။ သို့သော် မွန်းလွဲပိုင်းသို့ရွေ့ဆိုင်းထားခြင်းဖြစ်သည်။

ရဟန်းမင်းကြီးသည် ဆေးရုံမှမဆင်းသေးသော်လည်း သက်တောင့်သက်သာရှိလာချိန်မှစ၍ ပြင်ဆင်သင့်သည်များကိုဆေးရုံ၌ရှိနေစဉ်၌ပင် ပြင်ဆင်နေခဲ့ကြောင်း

အီတလီ၀န်ကြီးအဖြစ် သက်တမ်း (၃) ကြိမ်ထမ်းဆောင်ခဲ့သော Berlusconi ၏ နာရေးအတွက် ၀မ်းနည်းဆုတောင်းသ၀တ်လွှာကိုသမီးဖြစ်သူထံသို့ ကာဒီနယ် Parolin အားလက်မှတ်ရေးထိုးစေလျှက်ပေးပို့ခဲ့သကဲ့သို့ သင်္ဘာ ဖြင့်ရေးကြောင်းမှထွက်ပြေးလာရာမှဂရိကမ်းရိုးတန်း၌ရေနစ်အသက်ဆုံးရှုံးခဲ့ကြသော ဒုက္ခသည်များအတွက်လည်း ၀မ်းနည်းကြောင်းသ၀တ်လွှာ ပေးပို့နိုင်ခဲ့သည်။

ထို့အတူ ဆေးရုံဆင်းပြီးနောက်နှစ်ရက်အကြာ (၁၁) ကြိမ်မြောက်သာမန်ကာလတနင်္ဂနွေနေ့မွန်းတည့်ချိန် အန်ဂျေလူးမေတ္တာကိုလည်း စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသော ဘုရားဖူးများနှင့်အတူ ရွတ်ဆိုပူဇော်ခဲ့သည်။

ရဟန်းမင်းကြီးသည် သူ၏အသက်အရွယ်နှင့်ယှဉ်လျှင် ယခုခွဲစိတ်မှုသည် အကြီးစားခွဲစိတ်မှုဖြစ်သော်လည်း အားလုံး၏ ဆုတောင်းမေတ္တာကြောင့် ခွဲစိတ်ပြီး (၁၀) ရက်မြောက်နေ့၌ လူထုကြားပြန် လည်ထွက်ကြွလာနိုင်ခဲ့ပြီး သူ့အတွက်ဆုတောင်းပေးခဲ့သည့်အတွက်အားလုံးကိုကျေးဇူး တင်ကြောင်းမိန့်ကြားခဲ့သည်။ သို့သော် ယခုတစ်ပတ်ဗုဒ္ဓဟူးနေ့၌မူ ဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌တွေ့နေကျအစီအစဉ်ကိုမူရွေ့ဆိုင်းထားကြောင်းလည်း ဗာတီကန်သတင်းဌာနကကြေညာထားသည်။

ရဟန်းမင်းကြီးသည် ယခုတစ်ပတ်တနင်္လာ နေ့၌လည်း သူနှင့်လာရောက်တွေ့ဆုံမည့် (၇) ဖွဲ့ရှိနေပြီးထို (၇) ဖွဲ့အနက် တစ်ဖွဲ့မှာ ကား အမေရိကန်ပြည်ထောင်စု၌ကျင်းပမည့် ကိုယ်တော်မြတ်ကွန်ဂရက်စ်ကျင်းပ ရေးအဖွဲ့ဖြစ်သည်။

အင်္ဂါနေ့၌မူ ကျူးဘားသမ္မတ Miguel Díaz-Canel နှင့်တွေ့ဆုံရန်ရှိသည်။ သမ္မ တသည် ဗာတီကန်သို့သွားရောက်မည်ဖြစ်ကြောင်း သူ၏တွီတာလူမှုကွန်ရက်တွင်ရေးတင်ထားသည်။ သို့ သော် ဗာတီကန်မှမည်သို့မျှပြောကြားလာခြင်းမရှိကြောင်း

ထို့အတူ ဘရာဇီးလ်သမ္မတ Lula Da Silva နှင့်လည်း ဇွန်လ (၂၁) ရက်နေ့၌တွေ့ဆုံခြင်းကိုလည်းအတည်ပြုပြောကြားခြင်းမရှိခဲ့ကြောင်း ဘရာဇီးလ်သမ္မတသည်လည်း ရဟန်းမင်းကြီးနှင့်တွေ့ဆုံမည့်အကြောင်းကို သူ၏တွီတာလူမှုကွန်ရက်ပေါ်တွင်အသိပေးထားသည်ဟုဆိုသည်

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3PCFypc

Add new comment

13 + 2 =