ရဟန်းမင်းကြီးဖရန်စစ်က အီတလီနိုင်ငံ၏၀န်ကြီးချုပ်ဟောင်းဘဲလ်လူစကိုးနီကွယ်လွန်ခြင်းအတွက်၀မ်းနည်း

ရဟန်းမင်းကြီးဖရန်စစ်က အီတလီနိုင်ငံ၏၀န်ကြီးချုပ်ဟောင်းဘဲလ်လူစကိုးနီကွယ်လွန်ခြင်းအတွက်၀မ်းနည်း

ရဟန်းမင်းကြီးဖရန်စစ်သည် အီတလီ၀န်ကြီးချုပ်ဟောင်း ဆီးရ်ဗီယိုဘဲလ်လူစကိုးနီကွယ်လွန်ခြင်းအတွက်၀မ်းနည်းကြောင်းဆုတောင်းသ၀တ်လွှာပေးပို့ခဲ့သည်။ သက်တမ်း (၃) ကြိမ်ထမ်းဆောင်ခဲ့သောအီတလီ၀န်ကြီးချုပ်ဟောင်းသည် ရောဂါပေါင်းစုံကိုခံစားနေခဲ့ရသည်။ သူကွယ်လွန်ချိန်၌ (၈၆) နှစ်ရှိပြီဖြစ်ပြီး မီလန်မြို့ရှိ ဆန်ရာဖာအဲလ်ဆေးရုံသို့ သောကြာနေ့ကတင်၍ဆေး၀ါးကုသခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ရဟန်းမင်းကြီးဖရန်စစ် ၏ကိုယ်စား၀မ်းနည်းဆုတောင်းသ၀တ်လွှာကိုမိသားစုထံသို့ပေးပို့ခဲ့သည်။ ရဟန်းမင်းကြီးက ၀န်ကြီးချုပ်ဟောင်းအား အီတလီနိုင်ငံ၏နိုင်ငံရေးလောက၌ သူရဲကောင်းတစ်ဦးအဖြစ်ပြည်တွင်းရေးကို စိတ်ရောကိုယ်ပါနစ်၍ တက်ကြွစွာတာ၀န်ခံဖြေရှင်းခဲ့သူဖြစ်ကြောင်း၊ ဘုရားသခင်သည်သူ၏၀ိညာဉ်ကိုသနားတော်မူ၍ ထာ၀ရငြိမ်းချမ်းသာယာခြင်းကိုပေးသနားတော်မူပါရန်ဆုတောင်းပေးပြီး၊ ၀န်းကြီးချုပ်ဟောင်းအတွက်ပူဆွေးနေကြသူများအတွက်လည်း နှစ်သိမ့်မှုရစေကြောင်း၊ ကွယ်လွန်သွားသူ၏မိသားစုများအတွက်လည်းအထူးဆုတောင်းပေးကြောင်းလည်း သံကြိုးစာ၌ဖော်ပြထားသည်။

အီတလီကက်သလစ်ဆရာတော်ကြီးအဖွဲ့ချုပ်မှလည်း ၀န်ကြီးဟောင်း၏သမီးဖြစ်သူထံသို့ ၀မ်းနည်းဆုတောင်းစာလွှာပါးခဲ့သည်။ အီတလီကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သူ ဘိုလိုးညာသာသနာပိုင်ဆရာတော် ကာဒီနယ် Matteo Zuppiက ၀န်ကြီးချုပ်ဟောင်းအားနိုင်ငံ၏လူမှုရေး၊ ယဉ် ကျေးမှု၊ ငွေကြေးစသောကဏ္ဍများ၏လုပ်ငန်းရှင်အဖြစ်လည်းကောင်း၊ လွန်ခဲ့သည့်နှစ် (၃၀) အထိ နိုင်ငံ၏ သူရဲကောင်းနိုင်ငံရေးသမားအဖြစ်ဦးဆောင်နိုင်ခဲ့သူအဖြစ်ဖော်ပြထားသည်။

၀န်ကြီးချုပ်ဟောင်း၏စျာပနကို ဇွန် (၁၄) ရက် ဗုဒ္ဓဟူးနေ့၌ မီလန်မြို့၏ဘုရားကျောင်းတော်ကြီး၌ ကျင်းပမည်ဖြစ်သည်။ မစ္ဆားတရားကို မီလန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Mario Delpini ကဦးဆောင်ပူဇော်မည်ဖြစ်သည်။ သူသည်ဘီလျှံနှင့်ချမ်းသာသူဖြစ်သကဲ့သို့ အစိုးရအဖွဲ့ကိုလည်း သက်တမ်းအကြာဆုံးဦးဆောင်နိုင်ခဲ့သူဖြစ်သည်။ သူ၏မထမသက်တမ်းကား (၁၉၉၄) ၌ဖြစ်ပြီး (၂၀၀၁ မှ ၂၀၀၆) အထိ၊ ထို့နောက် (၂၀၀၈ မှ ၂၀၁၁) အထိလည်းကောင်းဦးဆောင်ခဲ့သူဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3pgkVo4

Add new comment

10 + 4 =