Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီးဖရန်စစ်၏မကြာမီမှာတမန်တော်ခရီးထွက်ကြွတော့မည်
ရဟန်းမင်းကြီးဖရန်စစ်၏မကြာမီမှာတမန်တော်ခရီးထွက်ကြွတော့မည်
ရဟန်းမင်းကြီးဖရန်စစ်သည် မွန်ဂိုလီးယားနိုင်ငံသို့ တမန်တော်ခရီးကြွမည်ဖြစ်ကြောင်း ဗာတီကန် သတင်းပြန်ကြားရေးဌာနမှကြေညာလိုက်သည်။ မွန်ဂိုးလီးယားနိုင်ငံသည် အာရှတိုက်မှနိုင်ငံတစ်ခုဖြစ်ပြီး ကက်သလစ်ဘာသာသူဦးရေအနည်းငယ်သာရှိသောနိုင်ငံတစ်ခုဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မွန်ဂိုးလီးယားနိုင်ငံ၏သမ္မတနှင့်မွန်ဂိုးလီးယားနိုင်ငံမှ ကက်သလစ်ဘာသာတူများ၏ဖိတ်ကြားချက်ဖြင့် လာမည့် ဩဂုတ်လ (၃၁ မှ စက်တင်ဘာလ ၄) ရက်နေ့အထိကြွရောက်သီတင်းသုံးမည်ဖြစ်သည်။ ရဟန်းမင်းကြီး၏ တမန်တော်ခရီးအသေးစိပ်ကိုမူလာမည့်အပတ်ထဲ၌ကြေညာမည်ဖြစ်သည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ဟန်ဂေရီနိုင်ငံမှအပြန်လေယာဉ်ပေါ်၌သတင်းသမားများ၏မေးမြန်းချက်ကိုဖြေကြားရာ၌တစ်ကြိမ်၊ အီတလီလေကြောင်းလိုင်း (ITA) မှ၀န်ထမ်းများနှင့်တွေ့ဆုံစဉ်ကလည်းတစ် ကြိမ် ဗုဒ္ဓဘာသာအများဆုံးနေထိုင်သောနိုင်ငံတစ်ခုဖြစ်သည့် မွန်ဂိုးလီးယားသို့ကြွရောက်မည့်အကြောင်းမိန့်ကြားခဲ့ဖူးသည်။
ရဟန်းမင်းကြီးသည် မွန်ဂိုးလီးယားနိုင်ငံသို့မကြွရောက်မီ ကမ္ဘာ့လူငယ်များနေ့အခမ်းအနားအတွက်ပေါ်တူဂီနိုင်ငံသို့ကြွရောက်မည်ဖြစ်သည်။ ကမ္ဘာ့လူငယ်များနေ့သည် ဩဂုတ် (၁ မှ ၆) ရက်နေ့အထိကျင်းမည်ဖြစ်သည်။ ပေါ်တူဂီနိုင်ငံသည် စိန့်ပီတာ၏အရိုက်အရာကိုဆက်ခံပြီးနောက် ရဟန်းမင်းကြီးကြွရောက်မည့် အမိမယ်တော်ထင်ရှားပြခဲ့သော ဒုတိယနိုင်ငံဖြစ်သည်။
မွန်ဂိုးလီးယားတစ်နိုင်ငံလုံး၌ ကက်သလစ်ဘာသာ၀င်ဦးရေ (၁၅၀၀) သာရှိသည်။ ၄င်းတို့သည်တစ်နေရာတည်း၌ စုစည်းနေခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး၌ပြန့်ကြဲလျှက်နေထိုင်ကြသည်။ မွန်ဂိုးလီးယားနိုင်ငံအတွင်းရှိကက်သလစ်ဘာသာတူများသည် မွန်းဂိုးလီးယားနိုင်ငံ၏မြို့တော် Ulaanbaatar ၌သီတင်းသုံးသော ရဟန်းမင်းကြီးမှအာဏာလွဲအပ်ပေးထားသည့်ဆရာတော်၏ဦးဆောင်မှုကိုသာခံယူကြရသည်။ သာသ နာကိုဦးဆောင်နေသောဆရာတော်မှာ ကာဒီနယ် Giorgio Marengo ဖြစ်ပြီး သူသည်ကာဒီနယ်များအဖွဲ့၌ သက်တော်အငယ်ဆုံးလည်းဖြစ်သည်။ သူသည်အီတလီလူမျိုးဖြစ်သည်။ ယခင်နှစ်ဩဂုတ်လ၌ ရဟန်းမင်း ကြီးဖရန်စစ်မှ ကာဒီနယ်အဖြစ်ရွေးချယ်ခန့်ထားခဲ့ခြင်းဖြစ်သည်။ Darkhan၊ Arvaikheer၊ Erdenet တို့၌ရှိသောဘုရားကျောင်းများအပြင် မြို့တော်ကြီး၌ ဘုရားကျောင်းသုံကျောင်းရှိပါသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/46oW7LA
Add new comment