လော့စ်အိန်ဂျလစ်ဂိုဏ်းချုပ်ဆရာတော်မှကက်သလစ်ဘာသာတူများအား ယေဇူးရွှေနှလုံးတော်လိတာနီဆုတောင်းကြရန်တိုက်တွန်း

လော့စ်အိန်ဂျလစ်ဂိုဏ်းချုပ်ဆရာတော်မှကက်သလစ်ဘာသာတူများအား ယေဇူးရွှေနှလုံးတော်လိတာနီဆုတောင်းကြရန်တိုက်တွန်း

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလစ် ကက်သလစ်ဂိုဏ်းချုပ်သာသနာက လော့စ်အိန်ဂျလစ်မှ baseball အဖွဲ့ဦးဆောင်၍ကက်သလစ်သာသနာတော်ကြီးအားဆန့် ကျင့်သောအခမ်းအနားမဖြစ်မြောက်စေရန်အတွက်ဆုတောင်းကြရန် ကက်သလစ်ဘာသာတူများအားပန် ကြားခဲ့သည်။ ကယ်လီဖိုးနီးယားပြည်နယ်၌အခြေပြုထားသော ‘Sisters of Perpetual Indulgence’ အဖွဲ့သည် ကက်သလစ်သာသနာတော်အားသရော်လှောင်ခဲ့သည့်အတွက် baseball အဖွဲ့ထံမှလာမည့်ဇွန်လ (၁၆) ရက်နေ့၌ဂုဏ်ပြုတံဆိပ်လက်ခံယူမည်ဖြစ်သည်။ အဆိုပါအဖွဲ့သည့်ကက်သ လစ်သာသနာ၊ လက်၀ါးကားတိုင်၊ ကိုယ်တော်မြတ်နှင့်သီလရှင်များအားသရော်လှောင်ပြောင်သောအဖွဲ့ဖြစ် သည်။

ဤအစီအစဉ်အားတုန့်ပြန်သည့်အနေဖြင့် ဂိုဏ်းချုပ်သာသနာက သာသနာအတွင်းရှိဘုရားကျောင်း များမှဘာသာတူများအား မစ္ဆားတရားအတွင်းနှင့်ကိုယ်တော်မြတ်ဖူးမြှော်ခြင်းများ၌ ယေဇူးရွှေနှလုံးတော်လိတာနီကိုရွတ်ဆိုပူဇော်ရန်တိုက်တွန်းထားသည်။ ဂိုဏ်းချုပ်သာသနာအနေဖြင့် တနဂ်နွေနေ့အထွေထွေဆု တောင်းခြင်း၌ သာသနာအားလှောင်ပြောင်သရော်နေသောဤအဖွဲ့များရပ်တန့်ပျောက်ကွယ်သွားရန်အထူး ရည်ရွယ်ထား၍ ဇွန်လ (၁၆) ရက်နေ့အထိ တနဂ်နွေနေ့မစ္ဆားတရား၌သော်လည်းကောင်း၊ နေ့စဉ်မစ္ဆားပူ ဇော်ခြင်း၌လည်းကောင်းထည့်သွင်းဆုတောင်းရန်တိုက်တွန်းထားသည်။

ဂိုဏ်းချုပ်ဆရာတော် Jose Gomez ကကက်သလစ်သာသနာအားအမုန်းပွား၍လှောင်ပြောင်သရော်သောအဖွဲ့၏မည်သည့်လုပ်ရပ်ကိုမဆိုရဲရင့်ပြတ်သားစွာရပ်တည်ဆန့်ကျင်ကြရန်ပန်ကြားထားသည်။ ကက်သလစ်သီလရှင်များ ပိုဆိုးသည်ကား လက်၀ါးကပ်တိုင်၊ ကိုယ်တော်မြတ်အားမဖွယ်မရာလှောင်ပြောင်ခြင်းသည် ကက်သလစ်သာသနာအတွက်လွန်စွာနာကြင်ခံပြင်းစရာကောင်းသည်ဟုသာသနာ၏ကြေညာ ချက်၌ဖော်ပြထားသည်။

ကက်သလစ်သာသနာအနေဖြင့် ကက်သလစ်ဘာသာတူများနှင့်စိတ်ကောင်းရှိသူတို့အားယုံကြည်ရာ အချက်အားလှောင်ပြောင်ခြင်း၊ မဖွယ်မရာပြုခြင်း၊ အမုန်းပွားခြင်းကိုဆန့်ကျင့်တွန်လှန်ကြရန်၊ ယခုအဖွဲ့အားဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်မည်ဟုကြေညာလိုက်သည့်အတွက် အမေရိကန်ပြန်ထောင်စုတစ်၀ှမ်မှကက်သ လစ်ဆရာတော်ကြီးများကအသီးသီးကြေညာချက်ထုတ်ဆန်ကျင့်ခဲ့သည်။

ဆန်ဖရန်စစ္စကိုဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Salvatore Cordileone ကလည်း ကျွန်ုပ်တို့၏ကက်သလစ်သီလရှင်များသည် အခြားသူများအားကာကွယ်စောင့်ရှောက်ရန် မိမိတို့၏အသက်တာကိုဆက်ကပ်ခြင်းဖြစ်သည်။ ကိုယ်ကျင့်တရားကောင်းသူများသည် ကက်သလစ်သီလရှင်များအားလှောင် ပြောင်သရော်ခြင်း၊ မရိုမသေပြုလေ့မရှိ။

နူးယော့ခ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော် Timothy Dolan က ဘေ့စ်ဘောအသင်းအနေ ဖြင့်လွိင်တူအားပေးသောအဖွဲ့အား ယခုကဲ့သို့ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ရန်ဆုံးဖြတ်ခြင်းနှင့်စပ်လျင်း၍သူ၏ရုပ်သံထုတ်လွှင့်မှု၌ ဤလုပ်ရပ်ကိုထည့်သွင်းပြောကြားခဲ့သည်။

ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်သာသနာပိုင်ဆရာတော် Michael Burbidge ကလည်း ဤလုပ်ရပ်သည်လက်ခံနိုင်စရာအကြောင်မရှိ။ လွန်စွာစိတ်မကောင်းဖြစ်ရသည်ဟူ၍လည်းကောင်း၊ Winona-Rochester ဆရာတော် Robert Barron ကလည်းဆန့်ကျင်ကြရန်နှင့်ကက်သလစ် သာသနာ၏ယုံကြည်ခြင်းကိုကာကွယ်ရန်တိုက်တွန်းထားသည်။ ကက်သလစ်သာသနာကိုဆန့်ကျင်တိုက် ခိုက်သည့်လုပ်ရပ်သည် အမေရိကား၌နောက်ဆုံးဖြစ်ပေါ်နေသောအမုန်းပွားမှုဖြစ်ကြောင်း၊ လုံး၀သည်းခံရန် မလိုကြောင်း၊ ကက်သလစ်ဘာသာတူများအနေဖြင့် ဘေ့စ်ဘောအဖွဲ့ကိုလည်းဆန္ဒပြဆန့်ကျင့်ကြရန်တိုက်တွန်းထားသည်။ အိုကလာဟိုမားပြည်နယ်၊ Nebraska ဂိုဏ်းချုပ်ဆရာတော် James Conley နှင့်ကင်ဆက်စီတီ၏ဂိုဏ်းချုပ်ဆရာတော် Joseph Naumann တို့ကလည်း ဤအခမ်းအနားကိုရှုတ်ချကြောင်းအသီးသီးထုတ်ဖော်ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/46akv3c

Add new comment

2 + 0 =