'ဆေးကြောခြင်းစက္ကရာမင်တူးခံယူထားသူတိုင်းသည် သာသနာတော်၏လုပ်ငန်းစဉ်၌ပါ၀င်ရမည့်သူများဖြစ်သည်' ဟုရဟန်းမင်းကြီးမိန့်ကြား

'ဆေးကြောခြင်းစက္ကရာမင်တူးခံယူထားသူတိုင်းသည် သာသနာတော်၏လုပ်ငန်းစဉ်၌ပါ၀င်ရမည့်သူများဖြစ်သည်' ဟုရဟန်းမင်းကြီးမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံ၍ သွန်သင်ချက်များပေးရာတွင် ယခုနှစ်၏ခေါင်းစဉ်နှင့်နွယ်၍ 'တမန်တော်ဇွဲစိတ်ထက်သန်ခြင်း' ခေါင်းစဉ်အောက်၌ သင်ကြားရာတွင် ဆေးကြောခြင်းစက္ကရာမင်တူးခံယူထားကြသော ကျွန်ုပ်တို့သည် သာသနာတော်ကြီး၏လုပ်ငန်းစဉ်၌ အဘယ်သူမျှအစားထိုးမရသောကိုယ်စီအပိုင်းကိုခံယူထားကြသည်ဟုအစချီမိန့်ကြားခဲ့သည်။

ဧ၀ံဂေလိတရားတော်ကြေညာခြင်းနှင့်စပ်လျင်း၍ တစ်စုတစ်ဖွဲ့နှင့်သာသီးသီးသန့် သန့်သက်ဆိုင်သောအမှုတော်မဟုတ်။ အစုအဖွဲ့နှင့်အသုံးတော်ခံရသော သာသနာတော်ကြီး၏ယုံကြည်ခြင်းဆိုင်ရာအမှုတော်ဖြစ်သည်။ ဤအမှုတော်ကိုမျိုးဆက်တိုင်းအား မှန်ကန်စွာလက်ဆင့်ကမ်းပေးရမည်ဖြစ်ကြောင်း

ဧ၀ံဂေလိတရားကြေညာရန်ဇွဲစိတ်ထက် သန်ခြင်းသည် သာသနာ့အမှုတော်ဆောင်ခြင်းမှမွေးဖွားရှင်သန်လာခြင်းဖြစ်သည်။ သာသနာ့အမှုတော်ဆောင်လိုရခြင်းမှာ ခရစ်ယာန်တရားတော်ကိုသွေဖီလမ်းလွှဲသွားခြင်းမှကာကွယ်ထိန်းကျောင်းရန်နှင့်တရားတော်ကိုလောကအသွင်အပြင်ဆန်ဆန်ကျင့်ကြံဟောကြားခြင်း၊ တွေးခေါ်ခြင်းမှကာကွယ်ဟန့်တားရန်ဖြစ်သည်ဟုဆိုသည်။

သာသနာတော်ကြီး၏ သာသနာပြုခြင်းဆိုင်ရာနှင့်စပ်လျင်း၍ဗာတီကန် (၂) အစည်းအ‌ေ၀းကြီး၏ကြေညာ ချက်၌ အောက်ပါအတိုင်းလမ်းညွှန်ထားသည်။

ခရစ်ယာန်တိုင်း သတင်းကောင်းကြေညာရမည့်အကြောင်းတရားမှာ ခမည်းတော်ဘုရားအားလွန်စွာချစ်သောစိတ်၌အရင်းခံလာသည်။ ထိုချစ်ခြင်းအရင်းခံရာမှ သားတော်၏သာသနာပြုလမ်းစဉ်အတိုင်းသန့်ရှင်းသော၀ိညာဉ်တော်ဘုရားလမ်းပြသည့်အတိုင်းကမ္ဘာကြီးအပေါ်သို့စီးဆင်းသွားသည်။ ဤသို့အားဖြင့် သာသနာတော်ကြီး၏ကယ်တင်ခြင်းသတင်းကိုကြေညာသည့်အမှုတော်ဆောင်ခြင်းသည် အဓွန့် ရှည်ပြီး ကမ္ဘာစွန်းတိုင်အောင်ကြားသိရောက်ရှိသွားရမည်ဖြစ်သည်ဟုလမ်း ညွှန်ထားကြောင်း

Missionary Disciples
သာသနာပြုတမန်တော်များ

သာသနာပြုတမန်တော်များအနေဖြင့် ဆေးကြောခြင်းစက္ကရာမင်တူးခံယူထားကြသောသူအားလုံးတို့သည် ယေဇူးသခင်၏ အသက်စွန့်ပေးဆက်သောအသက်တာကိုစံပြုရန်၊ ဘာသာတူများအားလုံးသည် ဖန်ဆင်းခံထားရသည့်အရာများ၊ နှုတ်တော်ထွက်စကားတော်၏အမှန်တရားနှင့်ပြန်လည်ကျေအေးခြင်းအစွမ်းကိုလည်းနားလည်သဘောပေါက်အောင်သက်သေခံရန်လိုကြောင်း၊ ဤသို့ဆိုရာ၌ မိမိတစ်ဦးစီ၏ကျေအေးပြောင်းလဲခြင်းကိုသာဆိုလိုသည်မဟုတ်။ လူသားမိသားစုတစ်ခုလုံးအတွက်ဖြစ်ရမည်။ သာသနာပြုတမန်တော်တစ်ဦးစီ၏ဇွဲအားထက်သန်မှုသည်အလွန်အရေးကြီးကြောင်း အဘယ်ကြောင့်ဆိုသော်ဘုရားသခင်၏လူမျိုးတော်အား ဧ၀ံဂေလိတရားဟောကြားရာ၌ ဟောကြားသူနှင့်နာကြားသူဟူ၍မရှိ။

သူ၏စာချွန်တော်တစ်စောင်ဖြစ်သော 'Evangelii Gaudium' (ဧ၀ံဂေလိတရားတော်၏၀မ်းမြောက်ဖွယ်ရာ) ထဲ၌ ယနေ့ခေတ်အခါဧ၀ံဂေလိတရားဟောကြားရန်မှာ ဘာသာတူတိုင်း သာသနာအတွင်း၌မ ည်သည့်အဆင့်အတန်း၊ ရာထူးရာခံ၊ ဘာသာရေးသွန်သင်ချက်၌သိရှိနားလည်မှုမည်သည့်အဆင့်၌ရှိနေစေကာမှု ၄င်းတို့သည် ဧ၀ံဂေလိတရားကိုသယ်ဆောင်ပေးရမည့်အကျိုးဆောင်များဖြစ်ကြောင်း

ဆေးကြောခြင်းစက္ကရာမင်တူးခံယူခြင်းအားဖြင့်သာသနာတော်ကြီးနှင့်အတူပါ၀င်လက်တွဲလုပ်ဆောင်ရန်နောက်ဆက်တွဲဖြစ်လာသည်။ ဆေးကြောခြင်းစက္ကရာမင်တူးခံယူထားသောဘာသာတူတိုင်းသည် သာသနာတော်ကြီး၏သာသနာအမှုတော်ထမ်းခြင်း၌ပါ၀င်သည်။ ထိုအမှုတော်သည် သာသနာ၏အမှုတော်မဟုတ်ဘဲ ဘုရင်၊ ရဟန်း၊ ပရောဖက်ဖြစ်သောယေဇူးသခင်၏အမှုတော်ကို‌ဆောင်ခြင်းဖြစ်သည်။

'Ad Gentes' (ဘုရားကိုမယုံကြည်ကြသေးသူများဆီသို့) စာစောင်အားလည်းမှီငြမ်း၍ထပ်လောင်းမိန့်ကြား သည်မှာ ဤသာသနာပြုခြင်းအမှုတော်သည် ဖော်ဆောင်မှုပုံစံကွဲပြားသည်မှလွဲ၍ တစ်ခုတည်း၊ နေရာတိုင်း၊ အခြေအနေတိုင်း၌ အတူတူပင်ဖြစ်သည်။

New ways of witnessing
သက်သေခံရန်နည်းလမ်းသစ်များ

ဤသက်သေခံရန်ကျွန်ုပ်တို့အားဖိတ်ခေါ်ချက်သည် 'ကျောက်ဖြစ်ရုပ်ကြွင်း' ဖြစ်ရန်မဟုတ်ပေ။ ဘာသာတူတို့၏သာသနာပြုဇွဲထက်သန်မှုသည် မိမိတို့ကိုယ်ကိုဖန်ဆင်းခံများအဖြစ်ဖော်ပြနေပြီး ဘုရားသခင်ကိုသက်သေခံရန်၊ ကြေညာရန်အတွက်နည်းလမ်းသစ်များကိုရှာကြံနေကြသည်။ ထိုနည်းသစ်များအားဖြင့်ထိခိုက်ခံစားနေကြရသော လူ့အသိုင်းအဝိုင်းကိုယေဇူးသခင်၏လမ်းစဉ်အတိုင်းသွားရောက်တွေ့ဆုံရန်၊ ဧ၀ံဂေလိတရားတော်နှင့်လူသားထုကိုအစေခံရန်နှင့်ဖြစ်သည်။ ခမည်းတော်ဘုရား၏ချစ်ခြင်းနှင့်သားတော်၊ သန့်ရှင်းသော၀ိညာဉ်တော်တို့၏အမှုတော်များသည် ကျွန်ုပ်တို့အား မိမိတစ်ဦးတည်းအေးဆေးတည်ငြိမ်စွာလှောင်ပိတ်နေရန်မဟုတ်။ သို့သော် ပြည့်၀စုံလင်သောအသက်တာဆီသို့ကျွန်ုပ်တို့အားခေါ်နေသည်ကိုသိရှိရန်၊ ထိုအသက်တာသည်ဘုရားသခင်အားချီးမွမ်းရန်၊ ကျေးဇူးတင်ရန်ဖြစ်ကြောင်း

ရဟန်းမင်းကြီးက ဘုရားဖူးများအား မိမိတို့ခံယူရရှိသောကောင်းချီးတော်များကိုပြည့်၀စွာခံယူရှင်သန်ရန်နှင့်တစ်ပါးသူတို့အား‌ေ၀မျှကြရန်တိုက်တွန်းရင်းဩ၀ါဒကိုနိဂုံးချုပ်လိုက်သည်။ CNA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/422wFZX

Add new comment

1 + 13 =