ရဟန်းမင်းကြီးဘေနေဒစ် (၁၆) နှင့်စပ်လျင်း၍ သူ၏အတွင်းရေးမှူး၏ပြောကြား

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) နှင့်စပ်လျင်း၍ သူ၏အတွင်းရေးမှူး၏ပြောကြား

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) ၏အတွင်းရေးမှူးဖြစ်ခဲ့သော ဂျာမန်လူမျိုး ဂိုဏ်းချုပ်ဆရာတော် Georg Gänswein က ရဟန်းမင်းကြီးအမှုတော်နေရာလစ်လပ်သွားချိန်၌ သူအရွေးခံရစေရန်စည်းရုံးခဲ့မှုမရှိခဲ့ကြောင်းဖြင့် 'Nothing But The Truth — My Life Beside Benedict XVI' (အခြားမဟုတ်။ အမှန်တရားသာဖြစ်သည်။ ရဟန်းမင်းကြီးဘေးနေဒစ် (၁၆) ကိုအနီးကပ်ရှိနေခဲ့ရသောကျွန်တော်) ဟုအမည်ပေးထားသောစာအုပ်ကိုပုံနှိပ်ထုပ်‌ေ၀ခဲ့သည်။ ထိုစာအုပ်၌ ရဟန်းမင်းကြီးဘ၀၏နောက်ဆုံးနှစ်များအကြောင်းကိုအတွင်းကျကျရေးသားတင်ပြထားသည်။ ဂိုဏ်းချုပ်ဆရာတော်က 'ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် ရဟန်းမင်းကြီးဖြစ်လာရေးအတွက် စည်းရုံးခဲ့သည်များလည်းရှိခဲ့သည်ဟူသည့် အခြေအမြစ်မရှိသည့်ကောလဟာလသတင်းများကိုချေဖျက်ခဲ့သည်။ (၂၀၀၄) ခုနှစ်က ဗာတီကန်သတင်းဌာန၏တွေ့ဆုံမေးမြန်းချက်၌ ရဟန်းမင်းကြီးဘေနေဒစ်သည် ရဟန်းမင်းကြီးရွေးကောက်တင်မြောက်ခြင်းအစည်းအ‌ေ၀း၌ နှစ်ကြိမ်တိုင်တိုင်ပါ၀င်ခဲ့ပြီဖြစ်၍ တတိယတစ်ကြိမ်၌လည်းပါ၀င်ဦးမည်လောဟုမေးမြန်းရာ 'ကျွန်ုပ်အသက်ဆက်လက်ရှင်သေးရင်ပါ၀င်ဖြစ်မယ်' ဟုဖြေကြားခဲ့သည်။

ဂိုဏ်းချုပ်ဆရာတော်သည် သူရေးသားထုတ်‌ေ၀ခဲ့သောစာအုပ်ထဲ၌ ရဟန်းမင်းကြီး ဘေနေဒစ် (၁၆) သည်အမှန်ဆိုသော် အမှုတော်မှရပ်နားလိုက်သည့်ကြေညာချက်ကို ဒီဇင်ဘာ (၂၁၊ ၂၀၀၄) ခုနှစ်ကပင်ကြေညာရန်ကြံရွယ်ခဲ့သည်။ သို့သော် ရဟန်းမင်းကြီး၏အတွင်းရေးမှူးဖြစ်ခဲ့သူက အခြားသောရက်စွဲတစ်ခုခုကိုရွေးချယ်ရန်အကြံပြုခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုသို့ကြေညာလိုက်ပါလျှင် ထိုနှစ်၌ ဘာသာတူများအနေဖြင့် စိတ်မချမ်မြေ့သောကြောင့် ခရစ္စမတ်ပွဲကိုကျင်းပတော့မည်မဟုတ်။ ထိုသတင်းသည် 'အေးသောရာသီ၌ရေအေးတစ်ပုံး’ နှယ်ဖြစ်နေမည်။ ထို့ကြောင့် နောက်ဆုံး၌ရဟန်းမင်းကြီးဘေနေဒစ်သည် (၁၆) သည် ရဟန်းမင်းကြီးအမှုတော်မှအနားယူရန် (ဖေဖော်၀ါရီ ၁၁၊ ၂၀၁၃) အထိရွေ့ဆိုင်းခဲ့သည်။

စာအုပ်၌လည်း အလွန်အရေးပါသောအချိန်အပိုင်းအခြားများကိုဖော်ပြထားသည်။ အထူးသဖြင့် ရဟန်းမင်းကြီးဖရန်စစ်၏ ‘motru proprio, “Traditionis custodes’ (ရိုးရာကိုထိန်းသိမ်းကြသူများ) စပ်လျင်း၍သိလာရသောအခါ အဘယ်သို့တုန့်ပြန်ခဲ့သည်များကိုဖော်ပြထသည်။ ထိုအနေအထား၌ လာတင်းဘာသာဖြင့်မစ္ဆားပူဇော်ခြင်းကိုအကန့်အသတ်ဖြင့်သာအသုံးပြုခွင့်ပေးခဲ့သည့်အကြောင်များပါရှိပါသည်။ romereport

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
https://bit.ly/400TH1K

Add new comment

3 + 5 =