အိန္ဒိယနိုင်ငံ Eluru ၌အိမ်တိုင်းတစ်အိမ်တစ်အုပ်ဆောင်ထားနိုင်ရန်သမ္မာကျမ်းစာအုပ်‌ဝေဌပေး

အိန္ဒိယနိုင်ငံ Eluru ၌အိမ်တိုင်းတစ်အိမ်တစ်အုပ်ဆောင်ထားနိုင်ရန်သမ္မာကျမ်းစာအုပ်‌ဝေဌပေး

သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်တော်ထွက်စကားအမှန်အကန်ဖြစ်သည်။ သမ္မာကျမ်းစာကို ဆင်ခြင်၍ကြည်ညိုလေးမြတ်စွာ နေ့စဉ်ဖတ်မှတ်ထောက်ရှုခြင်းသည်သမ္မာကျမ်း၏မှုလပိုင်ရှင်ဖြစ်သော ဘုရားသခင်ကိုယ်တော်တိုင်အားနားထောင်ခြင်းဖြစ် သည်ဟုအိန္ဒိယနိုင်ငံ၊ Andhra Pradesh ပြည်နယ် Eluru ၌ ‘A Bible for Every Home’ ပရောဂျက်ဖွင့်ပွဲအခမ်းအနား၌ စိန့်ပေါလ်အသင်းအမြင့်ဆုံးအမှုတော်ကိုထမ်းဆောင်နေသော ဖာသာရ် Domenico Soliman ကပြောကြားခဲ့သည်။

ဤအမှုတော်ကို စိန့်ပေါလ်အသင်းအားတာ၀န်ပေးအပ်ထားသည်။ စိန့်ပေါလ်အသင်းသည် ဤသမ္မာကျမ်းစာအမှုတော်ကိုလည်းဆောင်ရင်း Eluru ၌ ဖွင့်လှစ်ထားသောတမန်တော်လုပ်ငန်းကိုလည်းကောင်း၊ ဘာသာရေးစာအုပ်ဆိုင်၊ မီဒီယာ ၏ဗဟိုအဖြစ်လည်းကောင်းတာ၀န်ယူနေရသည်။ ထိုဒေသတစ်၀ိုက်၌ ဘာသာရေးစာအုပ် ဆိုင်ဟူ၍စိန့်ပေါလ်အသင်းပိုင်ဆိုင်တစ်ဆိုင်သာရှိသည်။ ဤစီမံချက်ကိုလက်တွေ့ဖော်ဆောင်ရခြင်းမှာ စိန့်ပေါလ်အသင်းကိုတည်ထောင်ခဲ့သော သူတော်မြတ် ‘Bl. James Alberione’ သည် သမ္မာကျမ်းစာကိုသူ၏နှလုံးသားအနီးကပ်ဆုံးတွင်ထားရှိလေ့ရှိသည်။ ‘မိသားစုအတွက် သမ္မာကျမ်းစာ၊ မိသားစုတိုင်းအတွက်သမ္မာသစ်ကျမ်း’ အစီအစဉ်ကိုလက်တွေ့ဖော်ဆောင်ရန်ပြင်ဆင်ထားသည်။ ဤအစီအစဉ်ကိုလက်တွေကျကျဖော်ဆောင်ရန်အတွက် ပုံနှိပ်စက်တစ်လုံးကိုအသင့်ရှာထားကြောင်း၊ သမ္မာကျမ်းစာကိုပုံနှိပ်ထုတ်‌ဝေခြင်းနှင့်‌ဝေဌပေးကမ်းခြင်းကို စိန့်ပေါလ်အသင်းသာသနာပြုနေသောကမ္ဘာ ပေါ်ရှိဒေသအသီးသီးရှိ အခြားသောတာ၀န်များထက်ပထမဦးစားပေးလုပ်ဆောင်မည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

ဤအစီအစဉ်ကို အိန္ဒိယနိုင်ငံ၊ Andhra ပြည်နယ် Eluru ၌ (၂၀၀၆) တွင် ‘သမ္မာ ကျမ်းစာရက်သတ္တပတ်’ အဖြစ်စတင်ခဲ့သည်။ (၁၆) နှစ်ကွာဟသွားပြီးနောက် ယခင်နှစ် နို၀င်ဘာလတွင်ပြန်လည်စတင်မိတ်ဆက်ခဲ့ပြန်သည်။ အဘယ်ကြောင့်ဆိုသော် ယခင်နှစ်သည် စိန့်ပေါလ်အသင်းအားတည်ထောင်ခဲ့သည့်သူတော်မြတ် James Alberione ပျံလွန်ခဲ့သည့် နှစ် (၅၀) ပြည့်နှစ်ပတ်လည်အားဂုဏ်ပြုသောအားဖြင့် Telugu ဘာသာစကားဖြင့်ကျမ်းစာအုပ် (၆၀၀) အုပ်အားအခမဲ့‌ဝေဌခဲ့သည်။ ထို့နောက် ထက်၀က်စျေးလျော့၍ လည်းကျမ်းစာအုပ်ကိုရောင်းချပေးခဲ့သည်။ ဤအစီအစဉ်ကိုပထမဦးဆုံးရရှိခဲ့သောသာသနာအုပ်စုမှာ Lourdu Matha ဖြစ်သည်။ မိသားစု (၅၀၀) က သမ္မာကျမ်းစာအား လျော့စျေးဖြင့်လက်၀ယ်ပိုင်ဆိုင်နိုင်ခဲ့သည်။ ဤအစီအစဉ်ကို (၂၀၂၃) ၌ သာသနာအုပ်စု ပေါင်း (၁၀) ခုဆီသို့ဖော်ဆောင်မည်ဖြစ်သည်။

Domenico Soliman သည် စိန့်ပေါလ်အသင်းကိုတည်ထောင်ခဲ့သော သူတော်မြတ် James Alberione ပျံလွန်ပြီးနောက် (၈) ပါးမြောက်အသင်း၏အမြင့်ဆုံးတာ၀န်ကိုထမ်းဆောင်သူဖြစ်သည်။ ဒေသသို့လာရောက်လည်ပတ်ကြည့်ရှုသည့်အစီအစဉ်၌ သူ့အားခမ်းနားစွာကြိုဆိုခဲ့ကြသည်။ သူသည် အသင်း၏အကြီးဆုံးအမှုတော်ကိုထမ်းဆောင်သောအကြီးအကဲများအနက် Eluru သို့လာရောက်လည်ပတ်သော ဒုတိယမြောက်အကြီးအကဲဖြစ်သည်။ သူနှင့်မကြာမီက ဒေသန္တရအကြီးအကဲအဖြစ်ရွေးချက်ခံရသော ဖာသာရ် Joby Mathew နှင့်ဒေသအကြီးအကဲ၏အကြံပေးဖြစ်သော ဖာသာရ် Sajith Cyriac တို့လည်းလိုက်ပါလာခဲ့သည်။

အသင်း၏အကြီးအကဲသည် ဒေသခံကက်သလစ်ကဗျာဆ ရာ၊ စာရေးဆရာ၊ စာပေဆုများစွာလက်ခံရရှိထားသော Mr Anjarao နှင့်လည်းတွေ့ဆုံခဲ့သည်။ သူရေး သားသောစာပေများမှာ သမ္မာကျမ်းစာဇောင်းပေးသောစာပေ၊ အိန္ဒိယနိုင်ငံ၌လူသိများသောရဟန္တာများအ ကြောင်းဖြစ်သည်။ သူသည်လွန်ခဲ့သော (၂၅) (၁၉၉၇ – ၉၈) ၀န်းကျင်ခန့်က Telugu ဘာသာစကားဖြင့်သမ္မာကျမ်းစာဖြည့်ဆည်းထုတ်‌ေ၀ခြင်း၌လည်းကူညီပေးခဲ့သူဖြစ်သည်။ ယခုအခါ စာပေပညာရှင်သည် အသက် (၇၃) နှစ်ရှိပြီဖြစ် သည်။ သူ့အနေဖြင့် စာပေနှင့်စပ်လျင်း၍ ပြည်နယ်မှလည်းကောင်း၊ စာကြည်တိုက်များ၊ စာပေအဖွဲ့အစည်းများမှအသိအမှတ်ပြုသည့်ဂုဏ်ပြုဆုတံဆိပ်၊ မှတ်တမ်းများစွာလက်ခံရရှိခဲ့ဖူးသော်လည်း ကက်သလစ်သာသနာတော်ကြီး၏ အသင်းအဖွဲ့တစ်ခုမှယခုကဲ့သို့အသိအမှတ်ပြုခံရခြင်းသည် ပထမဦး ဆုံးအကြိမ်ဖြစ်ကြောင်း၊ ဤသို့အသိအမှတ်ပြုပေးသောအသင်းအဖွဲ့မှာလည်း ကမ္ဘာကက်သလစ်စာပေ နယ်ပယ်၌လူသိများလက်ခံသော စိန့်ပေါလ်အသင်းမှဖြင်ကြောင်းဖြင့်ရင်ဖွင့်ပြောကြားခဲ့သည်။ RVA

အာဗီအေဘာသာပြန်- ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/3JuVEOu
 

Add new comment

2 + 6 =