'ကျွန်ုပ်တို့သည် သင်တို့အားနားထောင်ရန်နှင့်သင်ကြားရန်ဤနေရာ၌ရှိနေခြင်းဖြစ်သည်' ဟုဆလေးရှင်းအကြီးအကဲပြောကြား

'ကျွန်ုပ်တို့သည် သင်တို့အားနားထောင်ရန်နှင့်သင်ကြားရန်ဤနေရာ၌ရှိနေခြင်းဖြစ်သည်' ဟုဆလေးရှင်းအကြီးအကဲပြောကြား

အိန္ဒိယနိုင်ငံ၊ Hyderabad ပြည်နယ်ရှိ ဆလေးရှင်းအသင်း၏ဒေသဆိုင်ရာဗဟိုမိခင်ကျောင်းတိုက်သို့ ဆလေးရှင်းရဟန်းဖြစ်တက္ကသိုလ်၏ကျောင်းအုပ်နှင့်အတူ အာရှတောင်ပိုင်းဒေသမှတာ၀န်ရှိအကြီး အကဲများ မတ်လ (၁ - ၄) ရက်နေ့အထိလာရောက်လည်ပတ်ခဲ့သည်။

စိန့်ဒွန်ဘောစကိုတည်ထောင်ခဲ့သောရဟန်းအသင်းအား 'ဆလေးရှင်းဘုန်းတော်ကြီးများ' ဟု လွယ်လင့်တကူခေါ်‌ေ၀ါ်သုံးနှုန်းကြသည်။ အဆိုပါအကြီးအကဲများလာရောက်လည်ပတ်ခြင်းနှင့်စပ်လျင်း၍ ၄င်းတို့ရောက်ရှိလာခြင်းမှာ ဒေသအတွင်းရှိဆလေးရှင်းအသင်းသားများကို အကြံပေးခြင်းထက် ပို၍နားထောင်ရန်နှင့်သင်ယူရန်ဖြစ်ကြောင်းဖာသာရ် Ángel Fernández Artime ကပြောကြားခဲ့သည်။

အဆိုပါဒေသအကြီးအကဲအဖွဲ့ထဲ၌ အာရှတောင်ပိုင်းဒေသမှခရိုင် (၁၂) ၏တာ၀န်ခံအကြီးအကဲများပါသည်။ ယခုကဲ့သို့စုစည်းနေထိုင်ခြင်းမှရရှိလိုက်သောအတွေ့အကြုံနှင့်နေထိုင်မှုသည် လွန်စွာတန်ဖိုးကြီးလှသည်။ ဤအတွေ့အကြုံကြောင့် ဤနေရာ၌ရှိနေကြသောသူများသည် တစ်အူတုံဆင်းညီအစ်ကိုများဖြစ်ကြသည်။၄င်းတို့သည်အချင်းချင်းဆက်နွယ်နေကြသည့် ၀ိညာဉ်ရေးဆုကိုခံစားရစေပါသည်။

ယခုကဲ့သို့ အာရှတောင်ပိုင်းသို့ အသင်း အဖွဲ့နှင့်လာရောက်ရခြင်းမှာ ဤဒေသတာ၀န်ခံအကြီးအ‌ကဲများသည် အာရှတောင်ပိုင်း၏ (၁၂၆) ကြိမ်မြောက်အစည်း အအဝေးသို့တက်ရောက်လာကြခြင်းဖြစ် ကြောင်း၊ ယခုကဲ့သို့လာရောက်လည်ပတ်ခြင်းအားဖြင့်အချင်းချင်းအားပေးလိုသောကြောင့်ဖြစ်ကြောင်း၊ နောက်ရည်ရွယ်ချက်တစ်ခုမှာ (၂၈) ကြိမ်မြောက် အသင်း၏အထွေထွေအစည်းအ‌ေ၀းကြီးမှဆုံးဖြတ်ချက်၊ လမ်းညွှန်ချက်များအားအဘယ်မျှလက်တွေ့ကျကျဖော်ဆောင်လျှက်ရှိသည်ကိုပြန်လည်၍စမ်းစစ်သုံးသပ်လို၍လည်းဖြစ်ကြောင်း၊ သို့မှသာဆလေးရှင်းမိသားစု၏ လူငယ်များကြားသာသနာပြုလုပ်ငန်းများပိုမိုထိရောက်အကျိုးဖြစ်ထွန်းစေရန်ဖြစ်ကြောင်းရှင်းပြခဲ့သည်။

ယခုအကြီးအကဲအဖွဲ့အစည်းအတွင်း၌ ဆလေးရှင်းအသင်း၏ရဟန်းဖြစ်တက္ကသိုလ်ကျောင်း အုပ်၊ လက်ထောက်ကျောင်းအုပ်၊ ဆလေးရှင်းမိသားစုအသင်း၏ဒေသအလျှောက်ခန့်အပ်ခံထားရသော သင်တန်းကျောင်းများ၏အကြံပေးပုဂ္ဂိုလ်များ၊ လူငယ်အမှုတော်ဆိုင်ရာတာ၀န်ခံ၊ သာသနာလုပ်ငန်းဆိုင်ရာတာ၀န်ခံ၊ လူထုဆက်သွယ်ရေး၊ စီးပွားရေးဆိုင်ရာတာ၀န်ခံများနှင့်ဒေသအလျှောက်ပိုင်း ခြား၍အမှုတော်ထမ်းနေကြသောအကြီးအကဲများပါ၀င်ကြသည်။ ထို့အတူ ဒေသန္တရအသင်းအကြီးအကဲများ၊ ကျောင်းများ၏တာ၀န်ခံအကြီးအကဲများ၊ ဒေသန္တရအကြီးအကဲများ၏အကြံပေးအကြီးအကဲများ၊ သင်တန်းကျောင်းတာ၀န်ခံများ၊ အမှုတော်များကိုတာ၀န်ခံထားရသူများကိုလည်းဖိတ်ကြားတက်ရောက်စေခဲ့သည်။ ထို့အတူ အသင်းမှမဟုတ်သော်လည်း ကျော်ကြားလူသိများသောသူများအားလည်းဖိတ်ကြား၍ ဟောပြော‌ေ၀ဌခြင်းများကိုလည်းပြုလုပ်စေခဲ့သည်။

ဖာသာရ် Joe Mannath အနေဖြင့် 'ဒေသအတွင်း သူတော်စင်တစ်ပါး၏အသက်တာ' အကြောင်း၊ ဖာသာရ် Biju Michael က 'ဆလေးရှင်းအသင်း၏သာသနာနယ်အကြောင်းနှင့်ရှေ့မျှော် မှန်းချက်' အကြောင်း၊ ဖာသာရ် Ivo Coelho မှ 'မိမိတို့အသင်းတည်ထောင်ခဲ့ရခြင်း၏အဓိကရည်ရွယ် ချက်ကိုမပျောက်မပျက်စေဘဲထိန်းသိမ်းဖော်ဆောင်ရန်' စသောအကြောင်းအရာများကိုဟောပြော‌ေ၀ဌသွားခဲ့ကြသည်။

တက်ရောက်လာကြသူများမှလည်း အဖွဲ့လိုက်ခွဲ၍ ဟောပြော‌ေ၀ဌသွားသည့်အကြောင်းအရာများအပေါ် ဆွေးနွေး၍ အားသာချက်၊ အားနည်းချက်၊ အခက်အခဲနှင့်ယနေ့ခေတ်၏စိန်ခေါ်ချက်များအပေါ်မူတည်၍ဆွေးနွေးတင်ပြခဲ့ကြပြီး တိုက် တွန်းမှုများလည်းပြုလုပ်ခဲ့ကြသည်။

ဆလေးရှင်းအသင်းများရှိရာသာသနာနယ် (၇) ခုသို့သွားရောက်ရန်ဆုံးဖြတ်ခဲ့ကြသကဲ့သို့ ယခုလာရောက်လည်ပတ်ခြင်းသည် ပထမဦးဆုံးနေရာအဖြစ် မတ်လ (၁၊ ၂၀၂၃) တွင် အိန္ဒိယနိုင်ငံ၊ Hyderabad သို့လာရောက်ခြင်းဖြစ်သည်။

ဤအစီအစဉ်ကို (၆) နှစ်တာရပ်နားခဲ့ပြီးယခုပြန်လည်စတင်ခြင်းဖြစ်ပြီး (၂၀၁၇) ကတည်းကစတင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ် ကလဲမင့်အားတယ်

https://bit.ly/3ZGgiR6

 

Add new comment

13 + 2 =