ဘုရားသခင်၏နှုတ်တော်ထွက် အသင်းမှဒေသအကြီးအကဲသစ်ရွေးချယ်

ဘုရားသခင်၏နှုတ်တော်ထွက် အသင်းမှ ဘုန်းတော်ကြီး ဒေသအကြီးအကဲသစ်ရွေးချယ်ခဲ့

Roberto Duarte အားအီကွေဒေါနိုင်ငံအတွက် ဒေသ၏အကြီးဆုံးအကြီးအကဲအဖြစ် ဘုရားသခင်၏နှုတ်တော်ထွက်ဘုန်းတော်ကြီးအသင်းမှရွေးချယ်နိုင်ခဲ့သည်။

ဤအသင်းကို 'Society of Divine Word (သို့) Societas Verbi Divini (SVD)' ဟုလည်းခေါ်သည်။ သူသည် အီကွေဒေါနိုင်ငံမှ ဤအမှုတော်ကိုပထမဦးဆုံးထမ်းဆောင်သူအဖြစ် အသင်းအနေဖြင့်မှတ်တမ်းတင်နိုင်ပြီဖြစ်သည်။ သူရွေးချယ်ခံရကြောင်းကို အသင်း၏ဗဟိုတည်ရှိရာရောမမှ ဒီဇင် ဘာ (၉) ရက်နေ့ကတရား၀င်ကြေညာခဲ့သည်။

သူသည် အာဂျင်တီးနားဇာတိဖြစ်သည်။ သို့သော်အီကွေဒေါ၌သာသနာပြုနေခဲ့သည်မှာနှစ် (၃၀) ရှိတော့မည်ဖြစ်သည်။ သူသည် တောင်နှင့်မြောက်အမေရိကာဇုံ (PANAM Zone ဟုခေါ်သည်။) အတွက်ငြိမ်းချမ်းရေးနှင့်တရားမျှတရေးအပိုင်းနှင့်ဖန်ဆင်းခြင်းအားကာကွယ်စောင့်ရှောက်သည့်အဖွဲ့ (JPIC) ၏အလုပ်အမှုအဆောင်၌လည်းပါသည်။ သူသည် အသင်းသားငယ်များအားသင်ကြားပြုပြင်ပေးရသူအဖြစ်လည်းအမှုထမ်းခဲ့သည်။ ၄င်းနောက် အသင်း၏ပညာရေးပိုင်ဆိုင်ရာတာ၀န်ခံဖြစ်လာခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (ယခုနှစ် မေလ (၂၅) ရက်ကဆောင်းပါးတွင်ဖော်ပြခဲ့) သာမန်ဘာသာတူများလည်း သာသနာပြုခြင်းအမှုတော်၌ပိုမိုကျယ်ပြန့်စွာပါ၀င်လာနိင်ရန်ရည်ရွယ်၍ သာသနာ ၏ကာနွန်ပဒေကိုပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ခဲ့သည်။ ရဟန်းမင်းကြီသည် ကာနွန်ဥပဒေနံပတ် (၅၈၈) ၏ အပိုဒ် (၂) ကိုတရား၀င်ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ သံဃာတော်အသင်းအဖွဲ့တစ်ခုအားဦးစီးဦး ဆောင်ရန်မှာ သိက္ခာထပ်ထားသောရဟန်းများကသာလျှင်တာ၀န်ယူရမည်ဖြစ်သည်ဟုဖြစ်ပါသည်။ ထို့ ကြောင့်ယခုအခါ သာမန်ဘာသာတူများလည်း ဘုန်းတော်ကြီး၊ ဦးပဥ္စင်းတို့၏ကိုယ်စားစက္ကရာမင်တူးနှင့်ဆိုင်သောအချို့အမှုတော်များကိုလုပ်ပိုင်ခွင့်ပြုနိုင်ပြီဖြစ်သည်။

ဤဘုရားသခင်၏နှုတ်ကပါတ်တော်အသင်းကို စိန့် Arnold Janssen မှ နယ်သာလန်နိုင်ငံ၊ Steyl မြို့၌ (၁၈၇၅) တွင်တည်ထောင်ခဲ့သည်။ အသင်း၌ဘုန်းတော်ကြီးများနှင့်သစ္စာသုံးခံယူထားသောရာသက် ပန်ဘရာသာရ်များလည်းပါသည်။ အသင်းစတင်တည်ထောင်ချိန်မှစ၍ယနေ့ (၂၀၂၂) အထိ အသင်းသား (၅၉၇၇) ရှိပြီး နိုင်ငံပေါင်း (၈၀) တွင်အမှုထမ်းလျှက်ရှိသည်။ အီကွေဒေါ၌မှုအသင်းရှိနေခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပြီဖြစ်ပြီး သာသနာနယ် (၄၀) တွင်အမှုထမ်းလျှက်ရှိသည်။ အသင်းအနေဖြင့်အဓိက ပစ်မှတ်ထားလုပ်ဆောင်သည်မှာ နွမ်းပါးချို့တဲ့သူများအားကူညီခြင်းနှင့်ဦးတည်ချက်တူအခြားသောအဖွဲ့အစည်းများနှင့်လက်တွဲလုပ်ဆောင်ခြင်းတို့ဖြစ်သည်။

ဤအသင်းအနေဖြင့် သာသနယ်များ၌တမန်တော်လုပ်ငန်းများစွာကို ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့်လက်တွဲ၍လည်းကောင်း၊ ဒေသခံများနှင့်အာဖရိက-အမေရိကန်လူမျိုးတို့နှင့်လည်းကောင်း၊ ရွေ့ပြောင်းများနှင့်လည်းကောင်းလက်တွဲလုပ်ဆောင်လျှက်ရှိသည်။ ၄င်းတို့၏သာသနာပြုလုပ်ငန်းကိုအဓိက အားဖြင့် ကဣ (၄) ခုကိုမျက်မှောက်ပြုထားသည်။ (၁) သမ္မာကျမ်းစာတမန်တော်လုပ်ငန်း၊ (၂) သာသ နာပြုစိတ်ဓာတ်ပြုစုပျိုးထောင်ပေးခြင်း၊ (၃) ဆက်သွယ်ဆက်ဆံရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတခြင်း၊ (၄) သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ဖြစ်ကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3W9ZWhJ

 

Add new comment

2 + 3 =