ပုပ်ဖရန်စစ်သည် မီးသတ် မိသားစုများထံသွားရောက်လည်ပတ်ကြည့်ရူ

ပုပ်ဖရန်စစ်သည် မီးသတ်သမားတို့၏မိသားစုများထံသွားရောက်လည်ပတ်ကြည့်ရူ

ရဟန်းမင်းကြီးဖရန်စစ်သည် စိတ်လှုပ်ရှားစရာကောင်းသော အီတလီနိုင်ငံမှမီးသတ်သမားရာ‌ကျော်နှင့်၄င်းတို့၏မိသားစုထံကြွရောက်လည်ပတ်ခဲ့သည်။ မီးသတ်သမားတို့ကိုကျေးဇူးတင်ခဲ့သည်။ မီးသတ်သမားတို့၏မိသားစုကလည်းလက်ခုပ်ဩဘာဖြင့်ရဟန်းမင်းကြီးအားဂုဏ်ပြုကျေးဇူးတင်ခဲ့သည်။

ရဟန်းမင်းကြီးက ဖြစ်နိုင်လျှင်မီးသတ်သမားတို့အဖို့အလုပ်မရှိစေရန်ဘုရားသခင်ထံဆုတောင်းကြောင်း (ဆိုလိုသည်မှာမီးသတ်သမားများအလုပ်ရှိခြင်းသည် မီးလောင်မှုဖြစ်ပွား သောကြောင့်ဖြစ်သည်။ မီးလောင်မှုကြောင့် ၄င်းတို့အလုပ်ရှုပ်ရသကဲ့သို့ အသက်အန္တာရယ်လည်းနီးသည်။ မီးလောင်သွားသောအဆောက်အဦးများ၊ ပြည်သူပိုင်၊ နိုင်ငံပိုင်ပစ္စည်းများလည်းဆုံးရှုံးရသည်။) မိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးသည် မကြာခဏအီတလီမီးသတ်သမားများနှင့်နီးကပ်စွာရှိနေပေးလေ့ရှိသည်။ ဥပမာအားဖြင့် (၂၀၀၉ ဩဂုတ်လ) က အီတလီနိုင်ငံ၊ L'Aquila မြို့၌ငလျင်လှုပ်ခတ်ခဲ့၍ လူပေါင်း (၃၀၀) ကျော်အသက်ဆုံးရှုံးခဲ့ရ၌ ကယ်ဆယ်ခဲ့သောမီးသတ်သမားတို့အား ရဟန်းမင်းကြီးတွေ့ဆုံအားပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ငလျင်လှုပ်ခတ်မှုများကြောင့် နိုင်ငံသည်အပျက်အစီးများစွာကိုကြုံခဲ့ရသည်။

ရဟန်းမင်းကြီးသည် (၂၀၁၆) အမေရိကား၌ ငလျင်ဒဏ်သင့်သည့်ဒုက္ခသည်များနှင့်လည်း‌တွေ့ဆုံခဲ့သကဲ့သို့ ထိုအခင်းဖြစ်ပွားခဲ့သောနေရာသို့လည်းကြွရောက်ကြည့်ရှုခဲ့သည်။ ဆုတောင်းပေးခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်နှင့်အီတလီမီးသတ်သမားတို့ကြား၌ရှိသောရင်းနှီးယုံကြည်မှုသည် အပြုသဘောဆောင်သည်။ အဘယ်ကြောင့်ဆိုသော် အမိသာသနာ၏၀တ်ပြုခြင်းအခမ်းအနားများ၌ မီးသတ်သမားများသည် အလွန်အခရာကျသည်။ အထူးသဖြင့်ဒီဇင်ဘာ (၈) ရက်နေ့၊ အမိမယ်တော်၏အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့မျိုး၌ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် အမြင့်၌ထားရှိထားသောအမိမယ်တော်၏ဆင်းတုတော်အား သရဖူဆောင်းပေးရသည့်အလုပ်များ၌ မီးသတ်သမားတစ်ဦးဦးကငြမ်း (သို့) မြင့်မားသောလှေခါးထောင်၍ တက်ဆင်ပေးရသောကြောင့်ဖြစ်ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3G8GcFP

Add new comment

3 + 13 =