အကျဉ်းသားများအားသနားရန် နိုင်ငံ့ခေါင်းဆောင်များအားပုပ်ဖရန်စစ်ပန်ကြား

ခရစ္စမတ်ကာလ၌ အကျဉ်းသားများအားသနားရန် နိုင်ငံ့ခေါင်းဆောင်များအားပုပ်ဖရန်စစ်ပန်ကြား ယခုနှစ်ခရစ္စမတ်အား မှတ်မှတ်ရရရှိစေရန်အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က နိုင်ငံ့ ခေါင်းဆောင်းအသီးသီးထံသို့သ၀တ်လွှာပါးမည်ဖြစ်သည်။ လွတ်လပ်ခွင့်ဆုံးရှုံးနေသောညီအစ်ကို မောင်နှမများအား သနားသောအပြုအမူကိုပြသကြရန်တိုက်တွန်းသွားမည်ဖြစ်သည်။ ဤသို့စာနာနားလည်ပေးခြင်းဖြင့် ထိုကောင်းချီးခံစားရသူ၊ မိသားစု၊ နိုင်ငံတော်အနေဖြင့်လည်းကောင်းကျိုးများခံစားရပေမည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မကြာမကြာအကျဉ်း သားများအတွက်ဆုတောင်းပေးလေ့ရှိသည်။ ကျွန်ုပ်အနေဖြင့်အကျဉ်း ထောင်များမှ ညီအစ်ကိုမောင်နှမများအတွက်အထူးဆုတောင်းပေးလိုကြောင်း၊ သူတို့သည်ဒုက္ခခံစားနေကြရသည်။ ဆုတောင်းခြင်းအားဖြင့်သူတို့နှင့် နီးကပ်စွာရှိနေရမည်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်သည်၄င်းတို့အားကူညီကာ ခက်ခဲသည့်အချိန်များ၌နှစ်သိမ့်မှုပေးမည်။ ခရစ္စမတ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့် 'တင်းမာမှုများ၊ မတရားမှုများ၊ ပဋိပက္ခများ' ရှိနေသော်လည်း အထက်မှလာသောကောင်းချီးတော်ကိုခံယူ၍ပြေငြိမ်းကျရန်ကိုလည်းပါပါးဖရန်စစ်က တိုက်တွန်းခဲ့သည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ် https://bit.ly/3uS3CJ9

Add new comment

6 + 2 =