အွန်လိုင်းဘုရားစကားသင်တန်းပိတ်ပွဲ တစ်ရက်တာဝတ်စောင့်​ခြင်း​ပြုလုပ်

အွန်လိုင်းဘုရားစကားသင်တန်းပိတ်ပွဲ တစ်ရက်တာဝတ်စောင့်​ခြင်း​ပြုလုပ်

(17.12.2022)

ကလေးငယ်များအွန်လိုင်းဘုရားစကား သင်တန်းပိတ်ပွဲအထိမ်းအမှတ်အနေဖြင့် ဘုရားစကားသင်ကြားပေးခဲ့သည့် ဘုန်းတော်ကြီးများနှင့်စစ္စတာရ်များအားကျေးဇူးတင်သည့်အနေဖြင့် တရက်တာဝတ်စောင့်ခြင်းနှင့်နှုတ်ဆက်ပွဲအား ဒီဇင်ဘာလ (၁၇) ရက်နေ့ က ချမ်းသာကုန်းစိပ်ပုတီးမယ်တော်သခင်မ ဘုရားကျောင်းဝင်းအတွင်းတွင် ချမ်းသာကုန်းဇုံရှိကလေးငယ်များ (250)ကျော်ဖြင့်ပြုလုပ်ခဲ့ကြသည်။

တစ်ရက်တာဝတ်စောင့်ခြင်း၌ Fr. Augustine ဝင်းရွှေ၊ Fr. Dominic Aung Ko Myint (SDB) နှင့် Sr.Thu Zar နှင့် Online Faith Formation မှစစ္စတာရ်များပါဝင်ခဲ့ကြသည်။

မစ္ဆားတရားတော်မြတ်အား Fr. Win Shwe မှဦးဆောင်ကာပူဇော်ခဲ့သည်။

မစ္ဆားတရားအပြီး၌ ကလေးငယ်များက ဘုန်းတော်ကြီးနှင့်သီလရှင်များအားကျေးဇူးတင်စကားပြောကြားခြင်း၊ မေးခွန်းများမေးမြန်းကြခြင်း၊ ကိုပြုလုပ်ခဲ့ကြပြီး ညနေသုံးနာရီအချိန်တွင် ကိုတော်မြတ်ကိုးကွယ်ခြင်းဖြင့်အဆုံးသတ်ခဲ့ကြသည်။

အွန်လိုင်းဘုရားစကားသင်ကြားခြင်းအစီအစဉ်ကို ကိုဗစ်ကပ်ရောဂါကာလအတွင်းကမန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီးမာကုတင်ဝင်း၏ လမ်းညွှန်မှုဖြင့် မန္တလေးသာသနာအတွင်းရှိကလေးငယ်များအား ဆလေးရှင်းအသင်းဂိုဏ်းဝင်ဘုန်းတော်ကြီးများနှင့်စစ္စတာရ်များက သင်ကြားပို့ချပေးခဲ့ကြပြီး မန္တလေးသာသနာအတွင်းရှိသာသနာအုပ်စုအသီးသီးမှ ကလေးငယ်များက Zoom meeting မှ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါအစီအစဉ်ကို ဇွန်လမှ စတင်ကာအကောင်အထည်ဖော်သင်ကြားခဲ့ပြီး ယခုဒီဇင်ဘာလတွင် အွန်လိုင်းဘုရားစကားသင်ကြားခြင်းကိုပိတ်ခဲ့ခြင်းဖြစ်သည်။

ဘုရားစကားသင်တန်းပိတ်ခြင်းအထိမ်းအမှတ်အနေဖြင့် ချမ်းသာကုန်းဇုံ ရှိကလေးများအား ဝတ်စောင့်ခြင်းကိုပြုလုပ်​ပေးခဲ့ခြင်းဖြစ်ပြီး မန္တလေးဇုံနှင့်ပြင်ဦးလွင်ဇုံတို့တွင်လည်း ဆက်လက်၍ပြုလုပ်သွားရန်အစီအစဥ်ရှိကြောင်းကို တာဝန်ခံစစ္စတာရ် သူဇာ၏ ပြောပြချက်အရသိရသည်။

Photos News by - Pinky

#rvamyanmar #rvapastoralcare #Localnews #Archdioceseofmsndalay #SDB

Add new comment

2 + 2 =