ကျိုင်းတုံဆရာတော်ပလ္လင်အပ်နှင်းမစ္ဆားတရားနှင့် အခမ်းအနား တင့်တယ်စွာကျင်းပ
ကျိုင်းတုံဆရာတော်အသစ် ပလ္လင်အပ်နှင်းခြင်းမစ္ဆားတရားနှင့် အခမ်းအနား တင့်တယ်စွာကျင်းပ
ကျိုင်းတုံဆရာတော်အသစ် ပလ္လင်အပ်နှင်း ခြင်းမစ္ဆားတရား နဲ့ ဂုဏ်ပြူအစီအစဉ္များ ကို ဒီဇင်ဘာလ ၁၄ ရက်နေ့ ၊ နံနက် (၈း၀၀) နာရီမှာ ကျိုင်းတုံမြို့ရှိ အလွန်သန့်ရှင်းဖြူစင်သောမယ်တော်၏ နှလုံးတော် ကာသီဒြယ် ၌ အောင်မြင်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲတော်သို့ ကာဒီနယ်၊ မွန်ဆီညော်များ၊ ဆရာတော်ကြီးများ ၊ ရဟန်း၊ ကိုရင်သီလရှင်များစွာ ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။
အစီအစဉ္၌ ကိုရင် သီလရှင်များ ဘာသာ ၀င်များ၊ ဘုရားကျောင်းထဲနေရာယူနေစဉ် ၊ ကာဒီနယ်၊ မွန်ဆီညော်များ၊ ရဟန်းများ အား ဘင်ခရာအဖွဲ့ နှင့် ရှမ်းရိုးရာ အကအဖွဲ့ တို့ဖြင့် ဉီးဆောင် တန်းစီ၀င်လာခဲ့ကြပါတယ်။
ဒီနောက် ဘုရားကျောင်းအ၀င်၀မှ ဆရာတော်အသစ်အား သီးသန့် ပင့်ဖိတ်ခေါ်ဆောင်လာခြင်းနှင့် ပါးပါးဖရန်စစ်မှ ခန့်အပ်စာ ကို ကာဒီနယ်ထံ သက်သေပြကာ ဘာသာသူများရှေ့မှောက်တွင် လာတင်းဘာသာ ၊ အင်္ဂလိပ်ဘာသာနှင့် မြန်မာ ဘာသာ ၃ မျိုးတို့ဖြင့် ဖတ်ကြားသက်သေခံခြင်း၊ တောင်ေ၀ှးတော်နှင့် ပလ္လင်လွှဲပြောင်းအပ်နှင်းခြင်းကို ပြုလုပ်ခဲ့ကာ၊ ကျိူင်းတုံသာသနာ့ တာ၀န်ခံများ အသင်းဂိုက်းအသီးသီးနှင့် ကော်မတီ အသီးသီးမှ ကိုယ်စားလှယ်များက ဆရာတော်အသစ်အား နူတ်ဆက်ခဲ့ကြပြီး မစ္ဆားတရားတော်မြတ်ကြီးကို ဆက်လက်ပူဇော်ကျင်းပခဲ့ပါတယ်။
မစ္ဆားတရားနောက်ဆုံးကောင်းကြီးမခံယူခင်မှာတော့၊ ကျေးဇူးတင်စကားအသီးသီးမြွက်ကြားခဲ့ကြခြင်းတွင် ပထမဉီးစွာ သာသနာကို (၃) နှစ် စီမံခန့်ခွဲ တာ၀န်ယူခဲ့တဲ့ Fr. Peter Ahnwe မှ ရင်တွင်းဖြစ်စကားပြောကြားခဲ့ရာ
"ဆရာတော်ကြီးအသစ် ကို ကျွန်ုပ်တို့ အား ပေးသနားသည့်အတွက် ဘုရားသခင်အား၎င်း၊ သိုးထိန်းကောင်းအဖြစ် ခန့်အပ်ပေးတဲ့ ပါပါးဖရန်စစ်အား ၎င်း၊ တာ၀န်သစ်ကို လက်ခံပေးတဲ့ ဆရာတော်ကြီး ဂျွန်စောယောဟန် အားလည်းအထူးကျေးဇူးပါတယ်။ ကာဒီနယ်ချာစ်လ်ဘို၊ သာသနာနယ်စည်းတာ၀န်ခံ ဂိုဏ်းချုပ်ဆရာတော်ကြီး ဘာဆီးလျိုအားသိုက်၊ ကြွရောက်လာသော ဆရာတော်ကြီးများ၊ ရဟန်း ကိုရင် သီလရှင်များ ဘာသာ၀င်များအားအထူးကျေးဇူးတင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
"လွန်ခဲ့တဲ့ ၃ နှစ်က သာသနာကိုလာဘို့ ကျွနု်ပ်ကြောက်ခဲ့တယ် ဆရာတော်မရသေးဘူးလားမေးကြလို့ ပါ။ ကျွန်ုပ်ဖြေခဲ့တယ် ဘုရားက အကောင်းဆုံးကို ရွေးဘို့ဆိုအချိန်ယူတယ်၊ ကြာမယ်လို့ဖြေခဲ့ပါတယ်။ အခုတော့ ဘုရားပေးပြီမို့ဒီလာဘို့လည်း မကြောက်တော့ပါဘူး" ဟု တောင်ကြီးဂိုဏ်းချုပ်ဆရာတော်ကြီး Metropolitan Archbishop Basilio Athai
မှ ရယ်စရာနှော၍မြွက်ကြားခဲ့တာပါ။
ဒီနောက် မွန်ဆီညော် အန်ဒရေးယာ Msgr. Andrea Ferrante မှလည်း အားပေးစကားမြွက်ကြားခဲ့ရာ
"စကားပြောခွင့်ရတဲ့အတွက်၀မ်းသာဂုဏ်ယူမိပါတယ် မင်္ဂလာပါ။ ဆရာတော်ကြီးအသစ်ကို St.Charles Boromeo ပွဲနေ့မှာ ရွေးချယ်ခန့် အပ်ခဲ့တာပါ။ ဒီနေ့ဟာ ဘုရားကိုကျေးဇူးတင်ရမဲ့နေ့ ၊ ကမ္ဘာ တ၀ှမ်းလုံးရှိသာသနာတော်ကြီးအတွက် ၀မ်းသာဂုဏ်ယူရမဲ့နေ့ဖြစ်ပါတယ်။ ဆရာတော်ဂျွန်ကိုလည်းကျေးဇူးတင်တယ်။ သမိုင်းမှာယုံကြည်ခြင်းမျိုးစေ့ကို ချခဲ့သူတွေအများကြီးရှိပါတယ်။ ဒီထဲ မှာ Blessed Clemente Vismara ဟာအထင်ကရ သာသနာပြုတပါးဖြစ်ပါတယ်။ Bls.Vismara သည် ဆရာတော်ကြီးဂျွန်အား စောင့်ရှောက်ကူညီပေးပါစေ။ သူဟာ CBCM ရဲ့ အတွင်းရေမှုး ဖြစ်သလို ခရစ်ယာန်များတလုံးတ၀တည်းရှိရေးရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ တစ်လုံးတစ်၀တည်းရှိဘို့ ပုပ်ဖရန်စစ် လမ်းညွှန်ခဲ့သလို ကျွနု်ပ်တို့ တလုံးတဝတည်းရှိကြရပါမယ်။ ဒီလှပတဲ့ နေ့ အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ အမိမယ်တော်ရဲ့ ကူညီစောင့်ရှောက်ခြင်းနဲ့သာသနာခရီးအတူပြုနိုင်အောင် ကျွနု်ပ် ဆုတောင်းပေးပါတယ်" ဟုဆိုပါတယ်။
ဒါ့အပြင် ဆရာတော်ကြီး အသစ်စက်စက်ရဲ့ မင်္ဂလာသတင်းစကားကိုလည်းယခုလို ကြားနာရပါတယ်။
"ကျိုင်းတုံသာသနာ ပလ္လင်အပ်နှင်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်လို့ဘုရားကိုကျေးဇူးတင်တယ်။ ကျွန်ုပ် မထိုက်တန်သော်လည်း ရွေးချယ်ပေးတဲ့အတွက် ဘုရားကိုကျေးဇူးတင်တယ်။ ညီအကို ကဲ့သို့ စောင့်ရှောက်ပေးတဲ့ကာဒီနယ်ကြီးချားစ်ဘို နဲ့ အတူရှိပေးတဲ့ ဆရာတော်စောနောအေး ၊ နောင်တော် ညီတော်ဆရာတော်ကြီးများ နှင့်ဘုန်းတော်ကြီးများ၊ အမ၊ ညီမ စစ္စတာရ်များ ၊ ရန်ကုန်ဘာသာ၀င်များ နှင့် ကျိုင်းတုံဘာသာ၀င် အားလုံး၊ အလှူရှင်ကျေးဇူးရှင်များ၊ အခြားဘာသာ၀င်များ၊ အထူးဧည့်သည်တော် အခြားခရစ်ယာန်ဆရာများ ၊ ပီးမေ သာသနာပြုများ ၊ အဖွဲ့အစည်းအသီးသီး ကျိုင်းတုံရပ်မိရပ်ဖ များ၊ သက်တော် (၉၃) နှစ်ရှိ မိခင်ကြီးနှင့် ကွယ်လွန်သွားပြီဖြစ်တဲ့ဖခင်ကြီး၊ ကိုရင်ဘ၀ကနေ အခုထိ စောင့်ရှောက်ကူညီပေးသူများအားကျေးဇူးတင်တယ်"။
" ပါပါးရဲ့ ခန့်အပ်လွှာမှာ အစေခံတို့ရဲ့အစေခံလို့ ပြောထားပါတယ်။ ကျွန်ုပ်ဟာ အစေခံဖြစ်ပါတယ် အသင့်ရှိပါတယ် ကျွန်ုပ်ပ်ကို အသုံးပြုပါ၊ ခေါ်ပါ၊ ခိုင်းပါ " ဟုဆိုပြီး ကျေးဇူးတင်ပါတယ်ဆိုသည့်စကားကို ဘာသာစကားအသီးသီးနဲ့ မြွက်ကြားရင်းအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဒီနောက် Fr.Stephen Ano ၏ ကြေငြာချက်တွင် ၊ ဆရာတော်ကြီးများ ယနေ့၀တ်ဆင်တဲ့ သင်္ကန်းနဲ့ မိုက်တာခေါင်းဆောင်း ၊ ရဟန်းတော်များ ၀တ်ဆင်ထားတဲ့ လည်ဆွဲ စတိုးလ် တို့ဟာ ၊ ကျိုင်းတုံသာသနာရဲ့ မေတ္တာ လက်ဆောင်ဖြစ်တဲ့အကြောင်း၊ ကိုရင် သီလရှင်များနဲ့ အထူးဧည့်သည်တော်များ အတွက် နေ့လည်မိတ်ဆုံစားပွဲမှာ လက်ဆောင်ဆက်ကပ်ခြင်းရှိမှာဖြစ်တဲ့အကြောင်း၊ ကျိုင်းတုံ ရဟန်းများအနေနဲ့ လည်ဆွဲကို ကာသီဒြယ်မှာပဲ သိမ်းထားမှာဖြစ်၍ချန်ထားခဲ့ရန်များကြေငြာအပြီးမှာ မစ္ဆားကို ဆရာတော်ကြီး များ၏ကောင်းကြီးတော်နဲ့ အဆုံးသတ်ပြီး ဂါရ၀ပြုခြင်းအစီအစဉ္ကိုလည်းခဏတာပြုလုပ်ခဲ့ပါတယ်။
နေ့လည်စာ စားချိန် ဂုဏ်ပြုလက်ဆောင် ဆက်ကပ်ခြင်းများ၊ ညစာအပြီး ဖျော်ဖြေရေးအစီစဉ္များကိုလည်း Fr.Mario Myint Lwin နှင့် Fr.Nyein Chan တို့မှ ဉီးဆောင်၍ စနစ်တကျ ပြုလုပ်ခဲ့ကြပြီး ဆရာတော်များ၊ ရဟန်း၊ ကိုရင်၊ သီလရှင်များ၏ စင်မြင့်ထက် မှ Give Thanks သီချင်းဖြင့် ချီးမွမ်းကာ ပလ္လင်အပ်နှင်းခြင်းအခမ်း အနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါတယ်။
ဆရာတော်ကြီးဂျွန်စောယောဟန် အား အဖ ဉီးဂျိုးဇက်၊ အမိမေရီထူးတို့မှ ၁၉၆၈ ခုနှစ် ၊ မေလ ၅ ရက်နေ့တွင် မွေးဖွားသန့်စင်ခဲ့၍ သက်တော် (၅၆) နှစ်ရှိပြီးဖြစ်ပြီး၊ ရဟန်း၀ါတော် (၂၇) ၀ါ၊ ဆရာတော်၀ါတော် (၇) ၀ါရှိပြီဖြစ်ပါသည်။
၂၀၂၂ ခုနှစ် နူိ၀င်ဘာလ (၄) ရက် နေ့မှာပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မှ ဆရာတော်ကြီး ဂျွန်စောယောဟန် ကို ကျိုင်းတုံ ကက်သလစ် ဂိုဏ်းအုပ်သာသနာ၏ ဆရာတော်ကြီးအဖြစ် ခန့်အပ်ကြေငြာခဲ့တာဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်နေ့မှာတော့ ပလ္လင်အပ်နှင်းအခမ်းအနားကို ကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment