ယေဇူးသခင်အကြောင်းပြောရာ၌ အသက်ရှင်လျှက်ရှိသည်ကိုပြောကြားပါဟုကာဒီနယ်Tagle ကတိုက်တွန်း

ယေဇူးသခင်အကြောင်းပြောရာ၌ အသက်ရှင်လျှက်ရှိသည်ကိုပြောကြားပါဟုကာဒီနယ်Tagle ကတိုက်တွန်း

ယေဇူးသခင်အကြောင်းပြောရာ၌ သတ်မှတ်ချက်များ၊ ယုံကြည်ချက်များကဲ့သို့မပြောဘဲ အသက်ရှင်လျှက်ရှိသည်ကိုပြောကြားပါဟုကာဒီနယ် Luis Antonio Gokim Tagle ကတိုက်တွန်းလိုက်သည်။

ဗာတီကန်၏ ဧ၀ံဂေလိတရားပြန့်ပွားရေးရုံးတော်၏တာ၀န်ခံအကြီးအကဲဖြစ်သော ကာဒီနယ် Cardinal Tagle က ဖိလစ်ပိုင်နိုင်ငံ၊ Mindanao-Sulu မှဘာသာရေးအဖွဲ့အစည်း၏အစည်းအ‌ဝေး၌ ခရစ်ယာန်ယုံကြည်ခြင်းမျိုးစေ့အား အတွေးအခေါ်အယူအဆသက်သက် (သို့) သတ်မှတ်ချက်တစ်ခုအနေဖြင့်သာမဟုတ်။ ယေဇူးသခင်၏အသက်တာကိုပုံတုယူလက်တွေ့ရှင်သန်ရန်တိုက်တွန်းခဲ့သည်။

ယေဇူးသခင်၏အကြောင်းကို သမိုင်းကြောင်းမှပုဂ္ဂိုလ်မြတ်တစ်ပါးအကြောင်းကိုပြန်ပြောပြသကဲ့သို့မဟုတ်။ ယေဇူးသခင်အမှန်တကယ်အသက်ရှင်လျှက်ရှိသည့်အကြောင်းကိုဟောပြောကြရန်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ကြီးထွားလာရမည်။ သို့မှသာ ဧ၀ံဂေလိတရားအောင်မြင်ကြီးထွားလာမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ယေဇူးသခင်ကိုလူအများသိလာ၊ ချစ်လာရန်၊ အစေခံလာရန်ဖြစ်ရမည်။

ဤသို့ပြုခြင်းသည်သာလျှင် ဧ၀ံဂေလိတရားကိုကျွန်ုပ်တို့၌ပြန့်ပွားခြင်းဟုဆိုလိုသည်။ ယေဇူးသခင်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုပြန်လည်ဆန်းသစ်ရန်၊ အလွန်ထူးဆန်းသောအသက်တာကို‌ဝေမျှရန်နှင့်သူ၏နီးစပ်သူအပေါ်အဘယ်သို့ကူညီယှိုင်းပင်းခဲ့သည်ကိုပြောပြရမည်ဖြစ်သည်။

ယေဇူးသခင်၏နှုတ်ထွက်စကားများသည် အလွန်လှပပါသည်။ သူ၏ဆက်ဆံရေးနည်းလမ်းများသည် ကျွန်ုပ်တို့အတွက်စံတရားဖြစ်သည်။ သူဖော်ပြသောသတင်းဆိုးများ (ကျွန်ုပ်တို့၏အားနည်းချက်များကိုထောက်ပြပေးခြင်း) သည်ပင်လျှင် အလွန်အံ့အားသင့်ရသောဟောပြောချက်များဖြစ်သည်။ ထို့ကြောင့် Mindanao နှင့် Sulu မှကိုယ်စားလှယ်များအပေါ်ဘုရားသခင်၏ကောင်းချီးကြွယ်၀စွာသွန်းလောင်းပေးပါစေရန်ဆုတောင်းပေးပါကြောင်းပြောကြားခဲ့သည်။

ဤအစည်းအ‌ဝေးသည် Mindanao နှင့် Sulu ၏ (၁၇) ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး နို၀င်ဘာလ (၇ - ၁၁) အထိကျင်းပခဲ့သည်။ ယခုတစ်ကြိမ်၏ အစည်းအ‌ဝေး၏ဆောင်ပုဒ်မှာ 'The Gift of Faith and New Evangelization as a Synodal Church' (ယုံကြည်ခြင်းလက်ဆောင်နှင့်အတူတကွယှဉ်တွဲလျှောက်လှမ်းသော ဧ၀ံဂေလိတရားဟောကြားသည့်နည်းသစ်) ဟုဖြစ်သည်။

ထိုအစည်းအ‌ဝေးကြီး၌ ဘာသာတူများ၊ သုံးပါးသစ္စာရှင်အမျိုးသားအမျိုးသမီးများ၊ ဘုန်းတော်ကြီးများ၊ ဆရာတော်များစုစုပေါင်း (၂၇၅) ဦးတက်ရောက်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FJk5Wg

Add new comment

2 + 2 =