ယူကရိန်းနိုင်ငံ၏မြို့တော်၀န်မှရဟန်းမင်းကြီးအားလက်ဆောင်ကပ်

ယူကရိန်းနိုင်ငံ၏မြို့တော်၀န်မှရဟန်းမင်းကြီးအားလက်ဆောင်ကပ်

ယူကရိန်းနိုင်ငံသည် ရုရှား၏မတရားကျူးကျော်စစ်ကိုခါးစည်းခံနေခဲ့သည်မှာ (၉) လကျော်လာပြီဖြစ်သည်။ ရဟန်းမင်းကြီးလည်း ယူကရိန်းနိုင်ငံအတွင်းဖြစ်ပျက်နေသောအခြေအနေနှင့်ပတ်သက်၍ ဘာသာရေးအရသော်လည်းကောင်း၊ သံတမန်နည်းလမ်းအရသော်လည်းကောင်း အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် နေ့စဉ်ရက်စက်သတ်ဖြတ်ခံနေရသောလူ့အသက်ပေါင်းများစွာ၏စာရင်းသည် လူမှုကွန်ရက်ပေါ်သို့ရောက်ရှိလာသည်များရှိသကဲ့သို့ ရောက်ရှိမလာဘဲဖျောက်ဖျက်ပစ်ခံရသည်များလည်းရှိနေသောကြောင့်ဖြစ်သည်။

ယူကရိန်းနိုင်ငံ၏မြို့တော် Lviv ၏မြို့တော်၀န်သည် ရဟန်းမင်းကြီးဖရန်စစ်အား အလွန်အဓိပ္ပါယ်ရှိသော်လည်း ရင်နစ်ဖွယ်အဖြစ်အပျက်ကိုအမှတ်ရစေမည့်လက်ဆောင်တစ်ခုကိုကပ်ခဲ့သည်။ ထိုလက်ဆောင်မှာ လက်၀ါးကပ်တိုင်ဖြစ်သည်။ ထိုလက်၀ါးကပ်တိုင်ပေါ်၌ ရုရှားစစ်တပ်မှပစ်လွှတ်ခဲ့သောလက်နက်ကြီးစတစ်စကိုကပ်ထားသည်။ ထိုလက်နက်ကြီးစသည် အသက် (၁၃) နှစ်ရှိကလေးမလေးတစ်ဦးအားထိမှန်ခဲ့သည့်လက်ကြီးစဖြစ်သည်။

ရဟန်းမင်းကြီးသည်လည်း ထိုလက်၀ါးကပ်တိုင်အား ကောင်းကြီးပေးခဲ့သည်။ ရဟန်းမင်းကြီးသည် ဤလက်၀ါးကပ်တိုင်ကိုယူလျှက် သူနိုင်ငံတကာတမန် တော်ခရီးကြွတိုင်းရောက်ရှိရာဒေသရှိဘာသာတူတို့အား ယူကရိန်းအတွက်ဆုတောင်းပေးရန်ပန်ကြားမည်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3BqKLIR

Add new comment

1 + 7 =