အမိသာသနာ၏၀တ်ပြုခြင်းတစ်နှစ်တာနှင့် ကယ်တင်ခြင်း၏နက်နဲရာအကြောင်း

အမိသာသနာ၏၀တ်ပြုခြင်းတစ်နှစ်တာနှင့်ကယ်တင်ခြင်း၏နက်နဲရာအကြောင်းသိကောင်းစရာ

အမိသာသနာတော်ကြီး၏တစ်နှစ်တာ၀တ်ပြုခြင်း၌ အပိုင်း (၆) ပိုင်းရှိပါသည်။ ထိုအပိုင်းများကား

၁) အာဒ်၀င်တူးကာလ၊

၂) ခရစ္စမတ်ကာလ၊

၃) သာမန်ကာလ (ပထမပိုင်း)၊

၄) ၀ါတွင်းကာလ၊

၅) ပါစကားကာလ၊

၆) သာမန်ကာလ (ဒုတိယပိုင်း) ဟူ၍ခွဲခြားထားပါသည်။

ထို၀တ်ပြုခြင်းအပိုင်းများ၌ စိပ်ပုတီးစိပ်ရာတွင် ကယ်တင်ခြင်း၏နက်နဲဖွယ်ရာအချက်များကို အောက်ပါအတိုင်းထောက်ရှုဆင်ခြင်ရန် ခွဲခြားသတ်မှတ်ပေးထားသည်။

သာအမန်အချိန်ကာလတနဂ်နွေနေ့များ၌ အာဒ်၀င်တူးကာလတစ်လျှောက် တနဂ်နွေနေ့တိုင်းစိပ်ပုတီးစိပ်ရာတွင် ကယ်တင်ခြင်း၏၀မ်းမြောက်ဖွယ်ရာနက်နဲရာအချက်ကိုထောက်ရှုဆင်ခြင်၍စိပ်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤနက်နဲရာအချက်ဖြစ်ပျက်သောအချိန်ကာလဖြစ်သည်။ခရစ္စ မတ်ကာလတစ်လျှောက်လုံး၏တနဂ်နွေနေ့များ၌လည်း ထို့အတူပင်ဖြစ်သည်။

သာမန်ကာလနှစ်ပိုင်းလုံး၌မှု တနဂ်နွေနေ့တိုင်း၌ ကယ်တင်ခြင်း၏အံ့ဩဖွယ်ရာနက်နဲရာအချက်ကိုထောက်ရှုဆင်၍ စိပ်ပုတီးစိပ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် အမိသာသနာ၏၀တ်ပြုခြင်းသော် လည်းကောင်း၊ ယုံကြည်ခြင်းသည်လည်းကောင်း ယေဇူးသခင်၏ပါစကားနက်နဲရာဖြစ်သော ဒုက္ခခံထမ်းခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့တက်ကြွခြင်းတို့ကိုမျက်မှောက်ပြုရှင်သန်ရသည်။ ထို့ကြောင့် သာမန်ကာလ၏တနဂ်နွေနေ့များ၌ ကယ်တင်ခြင်း၏အံ့ဩဖွယ်ရာနက်နဲရာအချက်အများကိုထောက်ရှုရခြင်းဖြစ်သည်။

တစ်နှစ်တာ၏၀တ်ပြုခြင်းအများအနက် ၀ါတွင်းကာ၏တနဂ်နွေနေနေ့များ၌မူ ကယ်တင်ခြင်း၏ ၀မ်းနည်းဖွယ်ရာနက်နဲရာအချက်ကိုထောက်ရှုဆင်ခြင်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုကာလသည် ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်းကိုဆင်ခြင်ရင်း ယေဇူးသခင်အဘယ်ကြောင့်ဤသို့ခံထမ်းရသနည်း၊ အဘယ်သူသည် ဤဒုက္ခခံထမ်းခြင်း၏တရားခံဖြစ်သည်ကိုအမှတ်ရပြီး ယေဇူးသခင်၏ဒုက္ခခံထမ်းခြင်း၌ ကိုယ်တိုင်လည်းပါ၀င်ရန်ဆင်ခြင်စေခြင်းဖြစ်ပါသည်။ ၀ါတွင်းကာလ (၆) ပတ်ရှိရာ ထိုကာလပြီးဆုံးသည် အထိ တနဂ်နွေနေ့တိုင်း၌ ကယ်တင်ခြင်း၏၀မ်းနည်းဖွယ်ရာနက်နဲရာအချက်ကိုထောက်ရှုဆင်ခြင်၍စိပ်ပုတီးစိပ်ရပါသည်။

ဤနေရာ၌ အာဒ်၀င်တူးကာလနှင့်ခရစ္စမတ်ကာလနှင့်ခြားနားသည်မှာ အာဒ်၀င်တူးကာလ၌ သော်လည်းကောင်း၊ အာဒ်၀င်တူးကာလပြီးဆုံး၍ ခရစ္စမတ်ကာလတိုင်အောင် ကယ်တင်ခြင်း၏၀မ်း မြောက်ဖွယ်ရာနက်နဲရာအချက်များကိုသာဆင်ခြင်၍စိပ်ပုတီးစိပ်ကြသည်။ ၀ါတွင်းကာလနှင့်ပါစကား ကာလသည် တစ်ဆက်တစ်စပ်တည်းရှိနေသော်လည်း ယေဇူးသခင်ရှင်ပြန်ထမြောက်သောနေ့မှစ၍ စိပ်ပုတီးစိပ်ရာတွင် ကယ်တင်ခြင်း၏၀မ်းနည်းဖွယ်ရာမဟုတ်တော့ဘဲ ကယ်တင်ခြင်း၏အံ့ဩဖွယ်ရာနက်နဲ့ရာအချက်ကိုဆင်ခြင်၍စိတ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် ပါစကားအဖိတ်ညမှစ၍ယေဇူးသခင်ရှင် ပြန်ထမြောက်ခြင်းကို ပါစကားကာလတစ်လျှောက်ဆင်ခြင်ရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အတူ ပါစကားကာလကုန်ဆုံးသွားသော်လည်း သာမန်ကာလ၌စိပ်ပုတီးစိပ်ရာတွင် ဆက်လက်၍ကယ်တင်ခြင်း ၏နက်နဲဖွယ်ရာအချက်များကိုသာစိပ်ရမည်ဖြစ်ပါသည်။

အချို့ဘာသာတူများက အကယ်၍ထိုသို့မစိပ်လျှင်မရသလောဟုမေးကောင်းမေးလာနိုင်ပါသည်။ ယခင်မသိ၍မစိပ်ဖြစ်ခဲ့ပါလျှင် ယခုသိပြီဖြစ်၍အမိသာသနာတော်လမ်းညွှန်သည့်အတိုင်းစိပ်ပါကနာခံခြင်းကတိသစ္စာကိုစောင့်ဆည်းရာလည်းရောက်ပြီး၊ ကမ္ဘာတစ်၀ှမ်းလုံးရှိ စိတ်ပုတီးစိပ်ကြသောဘာသာတူ များနှင့်လည်းတူကြပေမည်။ ထို့ကြောင့်အသိမှန်၍အကျင့်လည်းသန်နိုင်ကြပါစေဟုဆုတောင်းမေတ္တာပို့သပေးပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : Google images

Add new comment

15 + 5 =