စိန့်အဲလစ်ဇဘက်၏သမီများဖရန်စစ္စကင်သီလရှင်အသင်းဖိလစ်ပိုင်ရောက်ခြင်း (၂၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပ

စိန့်အဲလစ်ဇဘက်၏သမီများဖရန်စစ္စကင်သီလရှင်အသင်းဖိလစ်ပိုင်ရောက်ခြင်း (၂၅) နှစ်ပြည့်ဂျူဗလီပွဲကျင်းပ

ဤသီလရှင်အသင်းသည် ဖိလစ်ပိုင်မှနွမ်းပါးချို့တဲ့သူများအားစောင့်ရှောက်လာခဲ့သည်မှာ (၂၅) နှစ်ပြည့်သွားသည့်ကျေးဇူးတင်ဆုတောင်းသည့်နေ့ကို နို၀င်ဘာလ (၂၉) ရက်နေ့ကကျင်းပခဲ့သည်။ သင်တို့သည်ကောင်းသောအလုပ်ကိုလုပ်နေသည်မှာ (၂၅) နှစ်ပြည့်ပြီဖြစ်ကြောင်းကာဒီနယ် Jaime Sin ပြောကြားခဲ့သည်။ ဤသီရှင်အသင်းသည် ဖိလစ်ပိုင်နိုင်ငံ၊ Quezon မြို့၊ Kimco ရွာမှလမ်းပေါ်တွင် လေလွင့်နေသောကလေးများ၏အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ရန်ရည်ရွယ်၍ (၁၉၉၇) ခုနှစ်ကကာဒီနယ် Jaime Sin ၏ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အသင်း၏အကြီးဆုံးအကြီးအကဲဖြစ်သည့်မာသာရ် Paola Yucra Solano ကတူညီသော ခံယူချက်၊ ဆက်ကပ်မှု၊ ချစ်ခြင်းဖြင့် ဧ၀ံဂေလကျမ်းလာအသိမ်ငယ်ဆုံးသောသူတို့ကိုအလုပ်အကျွေးပြုကြရန်အားပေးတိုက်တွန်းခဲ့သည်။ အသင်း၏အကြီးဆုံးအကြီးအကဲသီလရှင်သည် ဘိုလီးဗီးယားနိုင်ငံသူ ဖြစ်ပြီး ဒေါက်တာလည်းဖြစ်သည်။ ဤဆေးခန်း၌ ငွေကြေးမတတ်နိုင်သောအမျိုးသမီးများအား အခမဲ့သားဖွားခွင့်နှင့်ချို့တဲ့သူများအား အခမဲ့ဆေးကုသခွင့်ပေးထားခြင်းအပေါ် စစ္စတာရ် Leonia Chini ကချီးကျူးစကားဆိုခဲ့သည်။

မကြာခင်နှစ်များက စစ္စတာရ်အသင်းမှဆေးခန်းသေးလေးတစ်ခုကို အီတလီနှင့်ဖိလစ်ပိုင်နိုင်ငံမှ အလှူရှင်များ၏အကူအညီဖြင့်ဖွင့်လှစ်ကာကိုယ်၀န်ဆောင်မိခင်များအားကျန်းမာရေးစောင့်ရှောက်မှုကိုပေးလျှက်ရှိသည်။ ထို့အတူအပြင်လူနာများကိုလည်းကျန်းမာရေးစောင့်ရှောက်နိုင်ရန် (၂၀၀၃) ခုနှစ်က ဆေးခန်းတစ်ခုကိုဖွင့်လှစ်နိုင်ခဲ့သည်။ ဆေးခန်း၌ကျန်းမာရေးဆေးစစ်မှုနှင့်ကုသမှုကိုလည်းဆေးရုံနှင့်ချိပ် ဆက်၀န်ဆောင်ပေးခဲ့သည်။ ဘာသာ၊ လူမျိုးမရွေးစောင့်ရှောက်မှုကိုပေးသည်။ ချို့တဲ့နွမ်းပါးလွန်းပါက အစားအစာများကိုလည်းထောက်ပံ့ပေးသည်။ လူနာတင်ကား၊ လူနာများအားကျွေးမွေးကုသသည့်စရိတ်များအားလုံးသည် အီတလီနိုင်ငံ၊ ဖလောရင့်စ်မြို့မှအလှူရှင်များ၏ကောင်းမှုဖြစ်သည်။

ယခုကဲ့သို့ (၂၅) နှစ်တိုင်ချို့တဲ့နွမ်းပါးသူတို့အားအစေခံနိုင်သည့်အတွက် စစ္စတာရ်များအနေဖြင့်ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ ဆက်လက်၍လည်းအနာဂတ်၌ အပယ်ခံများအား ပျော်ရွှင်စွာဆက် ကပ်နိုင်ရန်ကြိုးစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

စစ္စတာရ်တို့၏ဗဟိုမိခင်ကျောင်းတော်ကြီး မှာမနီလာတွင်ရှိပြီး၊ အဓိကသာသနာပြုသည်နယ်မှာ အာရှဖြစ်သည်။ သို့သော် အီတလီ၊ ယေဇူးသခင်မွေးဖွားရာသန့်ရှင်းရာမြေနှင့်လာတင်းအမေရိကားတို့၌လည်းသာသနာပြုလျှက်ရှိသည်။

စစ္စတာရ်အသင်း ကို Francesca Casci က (၁၈၈၈) အီတလီနိုင်ငံ၊ Fiesole သာသနာ Casalino မြို့၏ရွာဇနပုတ်တစ်ခု၌စတင်ခဲ့သည်။ အသင်း၀င်များအနေဖြင့် ဖရန်စစ္စကင်တို့၏၀ိညာဉ်ရေးကျင့်စဉ်ကိုလိုက်နာလေ့ရှိသည်။ ဖရန်စစ္စကင်တို့၏ကျင့်စဉ်မှာ တိတ်ဆိတ်စွာနေ၍ထောက်ရှုဆင်ခြင်ခြင်း၊ အစေခံခြင်း၊ လို အပ်သူများ၊ မိဘမဲ့များ၊ စွန့်ပစ်ခံရသောကလေးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့်မကျန်းမမာဖြစ် နေသူများကိုကူညီခြင်းဖြစ်သည်။ စစ္စတာရ်တို့၏ကျင့်စဉ်မှာဘုရားသခင်ထံ၀ကွက်အပ်နှံပြီး၊ လိုအပ်သူ များ၊ စွန့်ပစ်သူများအား နှိမ့်ချစွာအစေခံရှင်သန်ရန်ဖြစ်သည်။ စစ္စတာရ်တို့၏အသင်သည် ဘိုလီးဗီးယား၊ အိန္ဒိယ၊ အီတလီ၊ အင်ဒိုနီးရှား၊ အီစ္စရေး၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ်နိုင်ငံတို့တွင်သာသနာပြုလျှက်ရှိပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iPQiSM
 

Add new comment

7 + 9 =