အိန္ဒိယနိုင်ငံမှ ရဟန်းမင်းကြီးကိုယ်စားလှယ်က အခြားဘာသာနှင့်လည်းရင်းနှီးကျွမ်း၀င်မှုရှိရန်တိုက်တွန်း

အိန္ဒိယနိုင်ငံမှ ရဟန်းမင်းကြီးကိုယ်စားလှယ်က အခြားဘာသာနှင့်လည်းရင်းနှီးကျွမ်း၀င်မှုရှိရန်တိုက်တွန်း

အိန္ဒိယနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ (၃၃) ကြိမ်မြောက်အစည်းအ ဝေးကြီး၌ အိန္ဒိယနှင့်နေပယ်နိုင်ငံအတွက် ရဟန်းမင်းကြီးကိုယ်စ ားလှယ် Leopoldo Girelli က အခြားသောဘာသာများနှင့်ချစ်ကြည်ရင်းနှီးမှုရှိအောင်ဖန်တီးကြရန်၊ ဂန္ဒီ၏လမ်းစဉ်ကိုတိုးမြင့်လုပ်ဆောင်ကြရန် နို၀င်ဘာလ (၁၁၊ ၂၀၂၂) သောကြာနေ့က အိန္ဒိယဆရာတော်ကြီးများအားတိုက်တွန်းခဲ့သည်။

ရဟန်းမင်းကြီးကိုယ်စားလှယ်က ခရစ်ယာန်တိုင်းသည် အခြားသူများနှင့်ပြောဆိုဆွေးနွေးရေးကိုလုပ်ဆောင်ရမည်။ သို့မှသာ ကိုယ်ကျင့်တရား၏တန်ဖိုးများကိုကာကွယ်ပြီး ဖန်ဆင်းခြင်းလုပ်ငန်းစဉ်များ၌ ဘုရားသခင်ကိုချီးမွမ်းကြပေမည်။ အခြားသောဘာသာများနှင့်လည်းသဟဇာတဖြစ်အောင်နေထိုင်ရင်း ငြိမ်းချမ်းရေးယဉ်ကျေးမှုကိုတည်ဆောက်လုပ်ဆောင်ရန်တိုက်တွန်းခဲ့သည်ဟုဆိုသည်။

ရဟန်းမင်းကြီးကိုယ်စားလှယ်အနေဖြင့် ယခုတစ်ကြိမ်သည် ဤအစည်းအဝေးသို့ပထမအကြိမ်ပါ၀င်ခြင်းဖြစ်ကြောင်း၊ ထိုကြောင့် ဆရာတော်များအဖွဲ့ချုပ်မှအမှတ်တရလက်ဆောင်များကိုပေးခဲ့ကြသည်။

အိန္ဒိယသည် ယခုနှစ်ဩဂုတ်လ၌ ကာဒီနယ်အသစ် (၂) ပါးထပ်မံရရှိခဲ့သည်။ ထို့ကြောင့် ကာဒီနယ်အသစ်နှစ်ပါးအားလည်း အမှတ်လက်ဆောင်များပေးအပ်၍ ကြိုဆိုဂုဏ်ပြုပေးခဲ့ကြသည်။ မကြာမီက ဆရာတော်အဖြစ်ရွေးချယ်တင်မြောက်သော ဆရာတော်သစ်များအားလည်း ဆရာ တော်ကြီးများအဖွဲ့ချုပ်၀င်အဖြစ် ရင်းနှီးစွာကြိုဆိုခဲ့ကြသည်။

ယခုလသည် ကွယ်လွန်သွားသော၀ိညာဉ်များအတွက် အထူးဆုတောင်းပေးရသည့်လဖြစ်ရာ ကွယ်လွန်သွားခဲ့ကြသည့် ဆရာတော်များအဖွဲ့ချုပ်၏အဖွဲ့၀င်ဆရာတော်များ၏၀ိညာဉ်အတွက်ဆုတောင်းပေးခဲ့ကြသည်။

ရဟန်းမင်းကြီး၏လက်အောက်ရှိ ဧ၀ံဂေလိတရားပျံ့ပွားရေးရုံးတော်တာ၀န်ခံ ကာဒီနယ် Luis Antonio Tagle ၏သတင်း စကားသ၀တ်လွှာကိုလည်းဖတ်ကြားခဲ့ကြသည်။

လာမည့်နှစ်၌ကျင်းပမည့် ဓမ္မသဘင်အစည်းအဝေး ကြီးအတွက် အိန္ဒိယနိုင်ငံ၏စီစစ်တင် ပြချက်ကြေညာစာတမ်းထွက်ပေါ်လာခဲ့သည်။ ဆရာတော်ကြီးများ၏အစည်းအ ဝေးသည် တစ်ရက်တာကြာမြင့်မည်ဖြစ်ပြီး၊ လာတင်း၀ိနည်းတော်ကိုကျင့်သုံးနေသောဘာသာတူများအပေါ်သက်ရောက် မှုရှိသည့်အကြောင်းများကိုလည်းတင်ပြဆွေးနွေးသွားကြမည်ဖြစ်သည်။ ဤအစည်းအ ဝေး၌ သာသနာပေါင်း (၁၃၂) ခု၊ ဆရာတော်ပေါင်း (၁၉၀) ပါးပါ၀င်သည်။

အိန္ဒိယနိုင်ငံ၏ ဆရာတော်ကြီးများအဖွဲ့ချုပ်သည် အာရှ၌အကြီးဆုံးဖြစ်ပြီး၊ကမ္ဘာ၌စတုတ္ထအကြီးဆုံးစာရင်း၀င်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3E9fHxX

Add new comment

1 + 0 =