သီရိလင်္ကာနိုင်ငံမှကာဒီနယ်က အစိုးရနောက်ခံထားသောဖိနှိပ်မှုကိုဆန့်ကျင့်ပြောဆို

သီရိလင်္ကာနိုင်ငံမှကာဒီနယ်က အစိုးရနောက်ခံထားသောဖိနှိပ်မှုကိုဆန့်ကျင့်ပြောဆို

သီရိလင်္ကာနိုင်ငံမှကာဒီနယ် Ranjit သည် နို၀င်ဘာလ (၈) ရက်နေ့က အထူးကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် နိုင်ငံအတွင်းဖြစ်ပျက်နေသော အကျင့်ပျက်ခြစားမှုကိုပွင့် လင်းစွာငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသောပြည်သူများအား လူမဆန်ရက်စက်စွာသတ်ဖျက်နှိမ်နင်းခဲ့သောကြောင့်ဖြစ်သည်။

မြို့တော်၏ဂိုဏ်းချုပ်ဆရာတော်လည်းဖြစ်သော ကာဒီနယ်က လူသားချင်းဆိုင် ရာကုလရုံးတော် (UNHRC) သိရှိပြီး၊ သီရိလင်္ကာအစိုးရအား နိုင်ငံတကာ၏စံနှုန်အတိုင်းထိရောက်စွာအရေးယူပေးရန်မျှော်လင့်ကြောင်းပြောကြားထားသည်။

အထူးသဖြင့်ကာဒီနယ်သည် အစိုးရ၏အလွှဲသုံး စားမှုနှင့်မတရားမှုများအပေါ် ပွင့်လင်းစွာဆန့်ကျင်ရှုံ့ချထားသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံအတွင်းမတရားမှုများကိုလွတ်လပ်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော အရပ်ဖက်ခေါင်းဆောင်များအား အကြမ်း ဖက်နှိမ်နင်းသောဥပဒေဖြင့်အမှုဆင်ဖမ်းဆီးခဲ့ခြင်းကြောင့်ဖြစ်သည်။

ကာဒီနယ်အနေဖြင့်ဖမ်းဆီးခံများအားလုံးနှင့်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ ခေါင်းဆောင်များအတွက်အထူးစိုးရိမ်နေသည်။ ဖမ်းဆီးခံတို့သည် ခိုင်လုံသောမည်သည့်ပြစ်မှုမျှမပြနိုင်ဘဲ ပါစကားနေ့၏ တိုက်ခိုက်မှုနှင့်စပ်လျင်း၍ (၇၅) ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခံနေခဲ့ရသည်။ အာမခံချက်လည်းမပေးခဲ့ပေ။ ယခုကဲ့သို့ အမှုပေါင်းများစွာကိုစွပ်စွဲဖမ်းဆီးခြင်းသည် ဘာသာအချင်းချင်းအားသပ်လျှို သွေးခွဲပြီး ပြည်သူတို့ကိုမှိုင်းတိုက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဤသို့ဖမ်းဆီးထားခဲ့သော်လည်း ယခုထိတိုင်တိကျပြတ် သားသောစီရင်ချက်များလည်းမချမှတ်နိုင်သေးကြောင်း၊ ယခုစွပ်စွဲခံရသောအခင်းမှာ (၂၀၁၉) ပါစကားတနင်္ဂနွေနေ့၌ဘုရား၀တ်ပြုနေသောဘုရားကျောင်း ဗုံးခွဲတိုက်ခိုက်ခံရ၍ အပြစ်မဲ့ပြည်သူ (၂၇၂) ဦးအသက်ဆုံးရှုံးခဲ့ရပြီး၊ (၅၀၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြကြောင်း၊ ထိုရာဇ၀တ်မှုအတွက် တရားမျှတစွာစီရင်ရန် တောင်းဆိုနေကြသည်ဟုလည်းဆိုသည်။

ပြစ်မှုမထင်ရှားသောဖမ်းဆီးခံများအားပြန်လည်လွှတ်ပေးရန်တောင်းဆိုချက်ကိုလည်း လွတ်မပေးခြင်းသည်လည်း မရိုသားမှုနှင့်လွန်စွာရှက်ဖွယ်ဖြစ်ကြောင်း၊ မိမိတို့၏အမှားကို၀န်မခံလိုခြင်းဖြစ် ကြောင်း၊ စစ်မှန်သောဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ရောက်ရှိရန်ကြိုးစားလုပ်ဆောင်နေကြသောပြည် သူ့ခေါင်းဆောင်များနှင့်အီစတာတနဂ်နွေနေ့တိုက်ခိုက်မှုတွင်ထိခိုက်ဒဏ်ရာရခဲ့ကြသောမိသားစုများအနေဖြင့် အာဏာပိုင်တို့၏ခြိမ်းခြောက်မှုများခံနေရသည်ကို ကုလ၏လူ့အခွင့်အရေးရုံးတော်မှ နိုင်ငံတ ကာ၏စံနှုန်နှင့်အညီအလေးပေးအရေးယူပေးခြင်းဖြင့်စစ်မှန်သောလွှတ်လပ်ခြင်းနှင့်တရားမျှတခြင်းကို နိုင်ငံအတွင်းပြန်လည်ရှင်သန်စေရန်ထည့်သွင်းဖော်ပြထားသည်။ ကာဒီနယ်၏ ကြေညာချက်သည် လက် ရှိနိုင်ငံ၏စီးပွားရေးချွတ်ခြုံကျမှုကိုဦးတည်ထားသကဲ့သို့၊ အစိုးရကျောထောက် နောက်ခံပြုထားသောရာ ဇ ၀တ်မှုကျူးလွန်နေမှု၊ ပြည်သူများအားနှိမ်နင်းမှုများကိုလည်းထည့်သွင်းဖော်ပြထားသည်။ အစိုးရ၏ဤ ရာဇ၀တ်မှုမျိုးကိုသီးခံရန်ဘားဆုံးနေပြီဖြစ်ကြောင်းလည်းပြတ်သားစွာပြောကြားထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NZW7sC

Add new comment

2 + 2 =