ဗာတီကန်မှ (၅၇) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ဆောင်ပုဒ်ကိုကြေညာ

ဗာတီကန်မှ (၅၇) ကြိမ်မြောက် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့ဆောင်ပုဒ်ကိုကြေညာ

‘Speak with the heart: Veritatem facientes in caritate” (Doing the truth in charity’ (ရင်တွင်းဖြစ်ကိုသာပြောပါ။ အမှန်တရားကိုမေတ္တာရားဖြင့်ပြုလုပ်ပါ) ဟုဗာတီကန်လူထုဆက်သွယ်ရေး ရုံးချုပ်မှ (၂၀၂၃) ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့၏ဆောင်ပုဒ်ကို ကြာသပတေးနေ့က တရား၀င်ကြေညာ လိုက်သည်။

ဤဆောင်ပုဒ်သည် (၂၀၂၂) ခုနှစ်၏ဆောင်ပုဒ်ဖြစ်သော ‘Listen with the ear of the heart’ (စိတ်ဖြင့်နားထောင်ပါ) နှင့်ဆင်တူပါသည်။ လာမည့်နှစ် (၂၀၂၃၊ အောက်တိုဘာလ) ၌ ဆီးနော့ ကျင်းပမည်ဖြစ်သည်။ ‘ရင်းတွင်းဖြစ်ကိုပြောပါ’ ဟုဆိုရာ၌ ‘မျှော်လင့်ခြင်းကိုပေးသောဆင်ခြင်မှုကိုပေးရန်’ ဤသို့ပြု ရန်မှာဆက်သွယ်ရေးနည်းပညာကို တံတိုင်းအဖြစ်မဟုတ်၊ ပေါင်းကူးတံတားအဖြစ် အသုံးပြုရန်ဖြစ်သည်’ ဟုဆိုလိုသည်။

Speaking the truth with a style of mercy အမှန်တရားကိုသနားခြင်းဖြင့်ပြောပါ။

အမှန်တရားကိုပြောဆိုရန် မသက်မသာဖြစ်နေသော်လည်း မစိုးရိမ်ဘဲပြောပါ။ ပြောရဲဆိုရဲရန် ဧ၀ံဂေလိကျမ်းစာမှအရင်းအမြစ်ကိုရှာရန်လည်းတိုက်တွန်းထားသည်။ အမှန်တရားကိုပြောဆိုရာ၌ သ နားခြင်း၊ ရိုးစင်းသောပျော်ရွှင်ခြင်းနှင့်ကျွန်ုပ်တို့ခေတ်အခါသမယ၏လူသားများတွေ့ကြုံနေ ရသောဒုက္ခ များကိုလည်းမျှ ဝေခံထမ်းရမည်။ ဧမာဦးရွာသို့ပြန်သော တပည့်တော်ကြီးနှစ်ပါးကဲ့သို့ဖြစ်ပျက်သမျှ၌ ခံစားမျှယူရမည်။

Non-hostile communication ရန်လိုမှုမဖက်သော ဆက်သွယ်မှုဖြစ်ရမည်။

ကမ္ဘာပေါ်၌ဖြစ်ပျက်နေသော ပဋိပက္ခဖြစ်ရပ်များ၌ လူထုဆက်သွယ်ရေးကိုအသုံးပြုရာတွင် ရန်ဆောင်မှု မျိုးမနွယ်စေရန်သတိရှိရမည်။ လူထုဆက်သွယ်မှုသည် အမှန်ဆိုသော် အခြားသူများနှင့်ဆွေးနွေးပြောဆိုခြင်းကို လမ်းစဖွင့်ပေးသည်။ လက်နက်လျော့ချရေး (သို့) လက်နက်စွန့်လွတ်သည့်လမ်းစဉ်ကိုလည်းအားပေးသည်။ စစ်ဖြစ်စေလိုသောစိတ်သည် ကျွန်ုပ်တို့၏စိတ်ထဲ၌ ငုပ်လျှိုးနေကြောင်းကို စိန့်ဂျွန် (၂၃) က ပရောဖက်ဉာဏ်ဖြင့် သူ၏ ‘Pacem in Terris’ စာချွန်တော်ထဲ၌ ထည့်သွင်းရေးသားခဲ့သည်။ သို့ဖြစ်၍ တစ်ဦးစီဖြစ်စေ၊ အထူးသဖြင့် လူ ထုဆက်သွယ်ရေးလုပ်ငန်းများ၌လုပ်ကိုင်ကြသူများအနေဖြင့် အသက်မွေး၀မ်းကျောင်းရင်း တရားမျှတခြင်း၊ ညီအစ်ကိုရင်းစိတ်ဓာတ်နှင့်လူသားဆန်သောအနာဂတ်ကိုတည်ဆောက်ရန်ကြိုးစားရမည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rxxMQz

Add new comment

4 + 14 =