သက်ကြီးရွယ်အိုများ၏အရေးပါမှုကို ပုပ်ဖရန်စစ်ဝေငှဟောကြား

သက်ကြီးရွယ်အိုများ၏အရေးပါမှုကို ပုပ်ဖရန်စစ်ဝေငှဟောကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လူထုပရိတ်သတ်နှင့်တွေ့ဆုံရာနေ့မှာ သက်ကြီးရွယ်အို တို့ ရဲ့ အရေးပါတဲ့ ခေါ်တော်မူခြင်းကို ရှင်းပြခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ နှုတ်ကပါတ်တော် သင်ကြားမှု အခန်းကဏ္ဍ မှာ အသက်ကြီးရင့်သူတွေဟာ အရွယ်ရောက်နေတဲ့ လူငယ်တွေကို အကြံအဉာဏ်ပေးပြီး ကူညီရာမှာ လူကြီးတွေဟာ “မပါမဖြစ်လိုအပ်တဲ့ အခန်းကဏ္ဍ” ကို ဆင်ခြင်သုံးသပ်ခဲ့ကြောင်း

ဒါကြောင့် အသက်ကြီးရင့်သူတွေရဲ့ အဓိက တာဝန်က "ကျွန်ုပ်တို့ရဲ့ကမ္ဘာထဲကို လူငယ်တွေကို ကြိုဆိုကြပြီးသူတို့ရဲ့အသက်တာကို ကောင်းချီးတစ်ခုအဖြစ် ဂုဏ်ပြုဖို့ရန်နဲ့ကွဲပြားခြားနားတဲ့မျိုးဆက်တွေရဲ့စည်းလုံးညီညွတ်မှု၌ဘုရားသခင်ရဲ့ကယ်တင်ခြင်းအကြံအစည်ကို ဖွင့်ဟရာမှာသက်သေခံဖို့" ဆိုပြီး မြွက်ကြားထားတာဖြစ်ပါတယ်။

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့

ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အလင်း၌အသက်ကြီးရင့်ခြင်းအတွက် ဆက်လက်ပြီး ကျွန်ုပ်တို့ရဲ့ နှုတ်ကပါတ်တော် သင်ကြားချက်တွေမှာ "အိုမင်ခြင်းဆိုင်ရာတွေကို နားလည်ဖို့ ပရောဖက်ဒါနီအဲရဲ့ဟောကြားချက်တွေကို ပြန်လည်ထောက်ရှုဖို့လိုပြီး ဒီအချက်တွေကို ဗျာဒိတ်ကျမ်းမှာ လည်း ထပ်လောင်းသွန်သင်ထားပါတယ်" ဆိုပြီး ပုပ်ဖရန်စစ်က မြွက်ကြားထားပါတယ်။

ခမည်းတော်ဘုရားသည် ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ ထာဝရတည်ရှိခြင်း၊ ကမ္ဘာကြီးနှင့် ဖြစ်စဥ်သမိုင်းအားဂရုစိုက်ခြင်းကိုဖော်ပြပြီး၊ ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက်စေလွှတ်တော်မူသောထာဝရဘုရား၏သားတော်သည်လူသားနှင်တူသောယေဇူးဖြစ်မည်ဟုကြိုတင်ဟောကိန်းရှိသူဖြစ်သည်။ စီမေအုံနှင့်အာနား ကသူငယ်ယေဇူးကိုပွေ့ဖက်ရင်းဘုရားသခင်ကတိထားတော်မူပြီး ရှည်လျားစွာစောင့်ဆိုင်းနေရသောကယ်တင်ရှင်ကို သတိမူမိကြသည် ဆိုပြီး အရှင်သူမြတ်က မြွက်ကြားခဲ့ပါတယ်။

ဒီနောက်မှာတော့ လူထုပရိတ်သတ်ထဲမှာ ပါဝင်ကြတဲ့ အင်္ဂလိပ်စကားပြော ဘုရားဖူးဧည့်သည်တွေကို ပုပ်ဖရန်စစ်က နှုတ်ဆက်ခဲ့ပြီး ဘုရားသခင်၏ ငြိမ်းချမ်းသာယာခြင်းသည် သင်နှင့် သင်မိသားစုအပေါ်၌ သက်ရောက်ပြီး ဘုရားသခင်သင့်ကိုကောင်းချီးပေးပါစေ ဆိုပြီး ဘုရားဖူးဧည့်သည်တွေကို ကောင်းကြီးပေးဆု‌တောင်းပေးလိုက်ပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3T4rLY3

Add new comment

4 + 2 =