အိမ်ထောင်ပြုရန် ပြင်ဆင်နေကြတဲ့ စုံတွဲတွေအတွက် ပိုပြီးကောင်းစေမယ့် အစီအစဉ်အသစ်ကို ဗာတီကန်ထုတ်ပြန်

အိမ်ထောင်ပြုရန် ပြင်ဆင်နေကြတဲ့ စုံတွဲတွေအတွက် ပိုပြီးကောင်းစေမယ့် အစီအစဉ်အသစ်ကို ဗာတီကန်ထုတ်ပြန်

လက်ထပ်ထားတဲ့သူတွေကို ပြင်ဆင်ပေးပြီး နှစ်ပေါင်းများစွာအတွေ့အကြုံရှိခဲ့တဲ့ Dicastery for the Laity၊ Family and Life အဖွဲ့ကနေ လက်ထပ်ဖို့အတွက် နှစ်ရှည်အိမ်ထောင်စုအတွေ့အကြုံရှိသူတွေကိုလက်ထပ်ခြင်းပြင်ဆင်ပေးရာမှာအဓိကနေရာထားဖို့ညွန်ကြားထားပါတယ်။

ဥပမာအားဖြင့် Dicastery အဖွဲ့ဟာ ကြင်စဦးမောင်နှံများက သူတို့အဖွဲ့နဲ့ တွဲလုပ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေကြပြီးတော့ ကပ်ဘေးကာလမှာ အခြားစုံတွဲတွေကို ကူညီဖို့ရန်အတွက် အကြံပြုထားတာဖြစ်ပါတယ်။

Dicastery for the Laity, Family and Life ရဲ့ အဖွဲ့ဝင် လက်ထောက် GABRIELA GAMBINO ဆိုသူ က "အထူးသဖြင့် အိမ်ထောင်ရေးပြဿနာအခက်အခဲတွေ ကြုံတွေ့နေရတဲ့ အိမ်ထောင်သည် ဇနီးမောင်နှံတွေက အတွေအကြုံ ရင့်ကျက်တဲ့ အိမ်ထောင်သည်ဇနီးမောင်နှံတွေအနားမှာ ရှိနေဖို့လိုအပ်တယ်။နောက်ပြီး ဆက်ဆံရေးမှာ တစ်ဦးပေါ်တစ်ဦး အပြန်အလှန်ယုံကြည်မှုနဲ့ လေးစားမှုတို့ တည်ဆောက်ဖို့ အရေးကြီးပါတယ် " လို့ ပြောကြားခဲ့ပါတယ်။

ဒီစာတမ်းတွေဟာဆိုရင် ရဟန်းများးအနေနဲ့ အတွေကြုံရင်ကျက်တဲ့လင်မယားတွေဆီကအကြံညဏ်ယူပြီးသူတို့ရဲ့သာသနာလုပ်ငန်းမှာအကူအညီ အဖြစ် အသုံးချဖို့တိုက်တွန်းခြင်းဖြစ်ကြောင်း

Dicastery for the Laity, Family and Life ရဲ့ အဖွဲ့ဝင် လက်ထောက် GABRIELA GAMBINO က အထူးသဖြင့် ဒီသာသနာတော်နဲ့ ဆိုင်တဲ့အမှုတော်ခရီးစဉ်အတွင်းမှာ သာသနာတော်ထဲမှာရှိတဲ့ ခေါ်တော်မူခြင်းတွေကြားမှာပြည့်ဝစုံလင်မှု တွေနဲ့ အတူ တာဝန်ယူမှု တာဝန်ခံမှု တွေကို တန်ဖိုးထားတတ်ဖို့ အရေးကြီးကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ လက်ထပ်ဖို့ ပြင်ဆင်နေတဲ့ အိမ်ထောင် သည်များက ရဟန်းတော်တွေနဲ့အတူ အတွေ့ အကြုံရှိထားတဲ့ အိမ်ထောင်သည်များထံ ယနေ့ခတ် ဇနီးမောင်နှံများအတွက် ရေရှည်လက်တွဲနိုင်ဖို့ အထောက်အကူဖြစ်စေတယ် လို့ဆိုပါတယ်။

ပုပ်ဖရန်စစ်က ဇနီးမောင်နှံတွေအတွက် အခွင့်အလမ်းသစ်‌ေတွကိုကမ်းလှမ်းပြီး ဖိတ်ခေါ်ပြီးတဲ့နောက်မှာ ဒီ စာတမ်းဟာအိမ်ထောင်ရေးပြင်ဆင်နေသူတွေ၊ နားထောင်ဆွေးနွေးပေးသူတွေနဲ့ လက်ထပ်ဖို့ပြင်ဆင်ပေးနေတဲ့ ရဟန်းတော်များအတွက်အထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

Photo courtesy of Arlington Catholic Herald 

https://bit.ly/3pwFw4f

Add new comment

6 + 12 =