ကွယ်လွန်ခဲ့သောစပိန်သီလရှင်လေး၏ကြား၀င်ဆုတောင်းပေးမှုများပြည့်စုံဟုဆို

ကွယ်လွန်ခဲ့သောစပိန်သီလရှင်လေး၏ကြား၀င်ဆုတောင်းပေးမှုများပြည့်စုံဟုဆို

အီကွေဒေါတွင် စပိန်အသင်းဂိုဏ်းမှ ဆုံးပါးသွားခဲ့သောစစ်စတာရ်လေးရဲ့ ကြားဝင်ဆုတောင်းပေးမူကြောင့် တန်ခိုးလက္ခဏာတစ်ခုပြီးတစ်ခုနှင့် လူတွေအကျင့်တရားပြောင်းလဲမူ့များ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း စပိန်အသင်းဂိုဏ်းမှ အစီရင်ခံတင်ပြသည္။

(၂၀၁၆) ခုနှစ်၌ အီကွေဒေါမှာ ငလျင်ဒဏ်တစ်ခု‌ကြောင့် အသက် (၃၃) နှစ်နဲ့ ဆုံးပါးခဲ့သော စစ်စတာရ်တစ်ပါးဟာ သူမရဲ့ ကြားဝင်ဆုတောင်းပေးမူ့ကြောင့် တန်ခိုးလက္ခဏာတစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပေါ်လာပြီး လူတွေ အကျင့်တရားပြောင်းလဲမှု ရှိလာကြောင်း စပိန်အသင်းဂိုဏ်းမှ တင်ပြခဲ့ပါတယ်။

သူမနာမည်က စစ်စတာရ် ခရောခ်ကက် ဖြစ် ပြီးသူမရဲ့ ဘဝဇာတ်ကြောင်း ကိုအခြေခံထားတဲ့ All or Nothingဆိုတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားရာမှာ You Tube ပေါ်တွင် ကြည့်ရှုသူ လေးသန်းရှိခဲ့ပြီး ဒီဇာတ်လမ်းဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လူတွေရဲ့ ဝိညာဉ်ရေး များစွာ ပြောင်းလဲလာခဲ့ပါတယ်။

ဘာသာတူယုံကြည်သူတွေကလည်း သူမထံ ကြားဝင်တောင်းလျှောက်ကြပြီး သူမကလည်း ကြားဝင်တောင်းလျှောက်သံကို နားညောင်းပေးကြောင်း သူမရဲ့ အသင်းဂိုဏ်းက ပြောကြားခဲ့ပါတယ်။

မြောက်အိုင်ယာလန်မှ စစ်စတာရ်ခရောခ်ကက်

( Sr Crockett )ရဲ့ ပထမဆုံးအတ္ထုပ္ပတ္တိကို ယခုလအစောပိုင်းမှာ ထုတ်ဝေခဲ့ပြီး အဲ့ဒီစာအုပ်မှာ ခရစ်တော်အပေါ် ထားတဲ့သူမရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ သူမရဲ့ဝိညာဉ်ရေးဆိုင်ရာ အရေးအသားတွေလည်း ပါဝင်ပါတယ်။

ဟောလီဝုဒ်မင်းသမီး ဖြစ်ဖို့သာ အိမ်မက် မက်ပြီး နာမည်ရလာတဲ့အခါမှာ ဆေးလိပ်သောက် အရက်သောက်ပြီး ပါတီပွဲတွေ ကလပ်တွေ သာတက်ရတာနှစ်သက်တဲ့ ဆယ်ကျော်သက်အရွယ် ခရောခ်ကက်( Crockett )ဟာ ( ၂၀၀၀ ) ခုနှစ်၊ အသက် ( ၁၈)နှစ်အရွယ်မှာ သူ့သူငယ်ချင်းက စပိန်နိုင်ငံကိုသွားမယ့် လေယာဉ်က အခမဲ့ ဖြစ်တာမို့ သွားချင်လားမေးတဲ့အခါမှာ သူမက အဲ့ဒီခရီးစဉ်မှာ လိုက်ပါလာခဲ့တယ်။ တကယ်တော့ ခရီးစဉ်ဟာ ဘုရားဖူးခရီးစဉ် တစ်ခုဖြစ်ပါတယ်။ ဘုရားဖူးခရီးစဉ်မှန်းသိရင် သူလိုက်ပါလာမှာမဟုတ်ဘူးလို့ဆိုပါတယ်။

စပိန်ကိုရောက်ရှိပြီး ကောင်းသော သောကြာနေ့ကြီး( Good Friday) မှာ သူများနည်းတူ ခရူးစူးလက်ဝါးကပ်တိုင်ကိုသွားနမ်းပြီးတော့ ဘုရားသခင်က သူ့ကို သူတော်စင်ဘဝတစ်ခုကို မြည်းစမ်းကြည့်ပြီးတော့ သူတော်စင်တစ်ဦးဖြစ်လာဖို့ သူ့မှာခေါ်တော်ခြင်းခံရကြောင်းကို ခံစားမိလိုက်တယ်။

အဲ့ဒီနှစ်မှာပဲ ကမ္ဘာ့လူငယ်ပွဲနေ့မှာ ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံရာကနေ သူမကို စပိန်နိုင်ငံမှာရှိတဲ့ မိခင်များရဲ့အိမ် အစေခံများရဲ့ အသင်းဂိုဏ်း ( the Servant Sisters of the Home of the Mother ) ကို ခေါ်ဆောင်ခဲ့တယ်။

သူမဟာ သီလရှင်ခေါင်းဆောင်းကို လက်ခံယူပြီး သီလရှင်ဘဝကိုခံယူကာ၊ သီလရှင်နာမည်ဖြစ်တဲ့ သုံးပါးတဆူနှင့်မာရီးယား၏နှလုံးတော်ဘွဲ့ခံ သီလရှင်ကလဲမာရီးယား ( Sr Clare Maria of the Trinity and the Heart of Mary) ဘွဲ့ကို ခံယူခဲ့တယ်။

သူမနေထိုင်တဲ့ သီလရှင်ကျောင်းမှာ သူမရဲ့ဘဝကို ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာအတွက် ပြင်းပြတဲ့ ဝိညာဉ်ရေးရှာဖွေမှုနဲ့အတူ ပျော်ရွှင်မှုနဲ့ ရွှင်လန်းမှုတို့နဲ့ မှတ်ကျောက်တင်ခဲ့တယ်။

အီကွေဒေါကို ခရီးမစခင်မှာ သူမရဲ့ ဒိုင်ယာရီမှာ " ကျွန်ုပ်၏ အတွေးနဲ့ နှလုံးသား အရာအားလုံးဟာ ကိုယ်တော်ဘုရားသာ ပိုင်ဆိုင်သော အရာများဖြစ်ပြီး ဘယ်အရာဖြစ်ဖြစ် ကျွန်ုပ်ကိုတောင်းဆိုပါ၊ ကျွန်ုပ်ပိုင်ဆိုင်သောအရာများသည် ကိုယ်တော်ဘုရားသာပိုင်ဆိုင်သော အရာများဖြစ်ကြပါသည်။ ကျွန်ုပ်ကိုစိုးပိုင်တော်မူပါအရှင်ဘုရား" ဆိုပြီး ရေးသားခဲ့ပါတယ်။

သူမရဲ့ သာသနာပြုလုပ်ငန်းမှာ တာဝန်ကျရာနေရာတိုင်းမှာ ချစ်ခြင်းမေတ္တာအပြည့်အဝနဲ့ လုပ်ဆောင်ရင်း လူတွေလည်းချစ်ပြီး လူသိများလာခဲ့တယ်။

(၂၀၁၆) ခုနှစ်၊ ဧပြီလ( ၁၆) ရက်နေ့မှာ ပြင်းထန်တဲ့ ငလျင်ကြောင့် Riochico, Portoviejo မှာ နေထိုင်‌ကြတဲ့ နေရာမှာအိမ်တွေပြိုကျပြီးနောက်မှာ လူတွေ ဒဏ်ရာအများအပြားနဲ့ သေဆုံးခဲ့တဲ့အထဲမှာ စစ်စတာရ် ခရောခ်ကက်လည်း ပါဝင်ခဲ့တယ်။

သူမရဲ့သေဆုံးသွားတဲ့ ရုပ်အလောင်းကို မြောက်အိုင်ယာလန်ကို သယ်ဆောင်ခဲ့ပြီး သူမရဲ့ဇာတိ Derry မှ ထားရှိခဲ့ကြတယ်။ သူမရဲ့ အတ္ထုပ္ပတ္တိကို ထုတ်ဝေပြီး (၂)နှစ်အကြာမှာကမ္ဘာတစ်ဝှမ်းလုံးက လူရာပေါင်းများစွာက စစ်စတာရ် ခရောခ်ကက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ရှာဖွေဖို့ အသင်းဂိုဏ်းက သီလရှင်များနဲ့ ဆက်သွယ်လာကြတယ်။

သူမရဲ့ကျော်ကြားမှုဟာ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့လာတာနဲ့အမျှ သူမရဲ့အသင်းဂိုဏ်းမှာရှိတဲ့ သီလရှင်တွေဟာ အတွင်းမှာဖြစ်နေတဲ့ စိတ်ဒဏ်ရာတွေရော ဝိညာဉ်ရေးဆိုင်ရာဒဏ်ရာဒဏ်ချက်တွေရောကုသပေးခြင်းနဲ့ ပြောင်းလဲခြင်းများစွာနဲ့ အံ့ဖွယ်အမှုတွေကိုသက်သေခံချက်များနဲ့ ပြည့်နှက်နေခဲ့တယ်။။ စပိန်ဘာသာရေးဝဘ်ဆိုဒ် Religionenlibertad.com ကနေ ကိုးကားဖော်ပြထားချက်မှာလည်း ကလေးယူဖို့အခက်အခဲရှိတဲ့ အိမ်ထောင်သည်စုံတွဲတွေဟာ စစ်စတာရ် ခရောခ်ကက် ရဲ့ ကြားဝင်ဆုတောင်းပေးမှုကြောင့် ကလေးရဖို့ ကူညီပေးခဲ့ကြောင်း ဖော်ပြထားပြီး ဇနီးမောင်နှံများစွာကလည်း သူတို့ရဲ့ သမီးလေးတွေကို ခရောခ်ကက် နာမည်ကို ပေးခဲ့ကြတယ်။

" လူတော်တော်များများဟာ စစ်စတာရ် ခရောခ်ကက်ရဲ့အုတ်ဂူကိုသွားပြီး ဆုတောင်းခဲ့ကြပြီး ကလေးမမွေးနိုင်တဲ့ တခြားသူတွေ အများကြီးရောက်လာကြပြီးတော့ ကလေးတွေ ရရှိလာကြပါတယ်။ ကိုယ့်ကိုကိုယ်သတ်သေဖို့ လုပ်ကြတဲ့ လူတွေတောင်စစ်စတာရ် ခရောခ်ကက်ရဲ့ ဇာတ်လမ်းရုပ်ရှင်ကို ကြည့်ရှုမိတဲ့အခါမှာ သူတို့ဘဝအသက်တာရဲ့ ရှင်သန်ရခြင်းရဲ့ ပျော်ရွှင်မှုတွေကိုတွေ့ရှိလာကြသလို တချို့သူတွေက အသင်းတော်နဲ့ ဝေးကွာနေတဲ့ သူတွေတောင် သူတို့ရဲ့ယုံကြည်ခြင်းကို ပြန်တွေ့ကြတယ်"ဆိုပြီး အသင်းဂိုဏ်းက စစ်စတာရ်တစ်ပါးက စပိန်ဝက်ဆိုဒ်ကနေဖော်ပြ ထားပါတယ်။

မြောက်အိုင်ယာလန်မှ စစ်စတာရ် ခရောခ်ကက် ရဲ့ ကြားဝင်ဆုတောင်းပေးမှုကြောင့် ယုံကြည်သူ လူငယ်များစွာဟာ သူတို့ရဲ့ သူတော်စင်ဘဝနဲ့ ရဟန်းဘဝကိုပိုင်းခြားသိမြင်လာကြပြီး မနှစ်က ဇန်နဝါရီလမှာ စစ်စတာရ် ခရောခ်ကက်ရဲ့ အသင်းဂိုဏ်းက သူမကိုရဟန္တာ ဖြစ်ရေးအတွက် ကြိုတင်ပြင်ဆင်စုံစမ်းမူတွေလုပ်နေပြီဆိုပြီး ကြေညာထားပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/3AAchng

Add new comment

1 + 7 =