Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
အာရှ ဆရာတော်ကြီးများ အထွေထွေ ညီလာခံ ဖွင့်ပွဲ ကျင်းပရန် ပြင်ဆင်
အာရှ ဆရာတော်ကြီးများ အထွေထွေ ညီလာခံ ဖွင့်ပွဲ ကျင်းပရန် ပြင်ဆင်
အာရှဆရာတော်ကြီးများ အဖွဲ့ချုပ် (FABC) သည် လာမည့် ဩဂုတ်လ ၂၂ ရက်နေ့တွင် ၅၀ ကြိမ်မြောက် အထွေထွေ ညီလာခံကို ကျင်းပကြမည် ဖြစ်ပြီး ဘာသာဝင်များအနေနှင့် ဆုတောင်းပေးကြပါရန် တောင်းခံထားသည်။
လာမည့်နှစ်များအတွင်း ဦးတည် လုပ်ဆောင် ရမည့် အရာများကို ဆွေးနွေးရန်ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သူတော်စင် Nicholas Bunkerd Kitbamrung ဂူဗိမာန်တော်တွင် ဖွင့်ပွဲ ကို စတင်မည် ဖြစ်သည်။
ထိုအစီအစဉ်ကို အွန်လိုင်းမှ တိုက်ရိုက် လွှင့်ထုတ်မည် ဖြစ်ပြီး နောက်ပိုင်းတွင်လည်း FABC ၏ ဆိုရှယ် မီဒီယာ စာမျက်နှာများ နှင့် အခြားကက်သလစ် သတင်းဌာနများ တွင်လည်း ရရှိနိုင်မည် ဖြစ်သည်။
FABC အာရှတိုက် ဆရာတော်ကြီးများ အဖွဲ့ချုပ် ကို ၁၉၇၀ ခုနှစ်က မနီလာနိုင်ငံသို့ ရဟန်းမင်းကြီး ဆဌမမြောက် ပေါလု ကြွရောက်လည်ပါတ်စဉ်တွင် အာရှမှဆရာတော်ကြီးများ အားလုံး အတူ တကွတက်ရောက်ခဲ့ပြီး ထူထောင်ခဲ့ခြင်းပင်ဖြစ်သည်။
ထိုအစည်းအဝေးသည် အာရှတိုက်ရှိ ဆရာတော်ကြီးများအကြားတွင် အတူလက်တွဲ လုပ်ဆောင်နိုင်ရန် ခွန်အားရှိစေပြီး ၊ အာရှတိုက် အသင်းတော်အနေနှင့် ဒုတိယဗာတီကန် ကောင်စီ ၏ သွန်သင်ချက်နှင့် အညီ အဖြစ် ဖော်ပြရန် ဖြစ်သည်။ ထိုအချက်အရ အာရှ ဆရာတော်ကြီးများ ညီလာခံ ကို မွေးဖွား ပေး လိုက်ခြင်းပင်ဖြစ်သည်။
၂၀၂၀ ပြည်နှစ်သည် အဖွဲ့ချုပ်၏ နှစ် ၅၀ ပြည့် မှတ်တိုင် ဖြစ်သည့် အထင်ကရ အချိန်ကာလပင်ဖြစ်သည် ။ ဤမှတ်ကျောက်ကို လေ့လာစမ်းစစ်ရန် ၊ လာမည့်နှစ်များအတွက် လမ်းညွှန်မှု့များရေးဆွဲ ရန် နှင့် အထိမ်းအမှတ်ကျင်းပရန် FABC အဖွဲ့ချုပ်သည် တွေ့စုံစုဝေးခြင်း ပင်ဖြစ်သည်။
ဆုတောင်းမေတ္တာ တောင်းခံခြင်း
ဩဂုတ်လ ၂၂ ရက်နေ့ ဖွင့်ပွဲ အပြီးတွင် မူ အာရှတိုက်ရှိ ဘာသာဝင်ယုံကြည်သူများ အနေနှင့် ကျင်းပတော့မည့် ပထမဦးဆုံးအကြိမ် အထွေထွေ ညီလာခံကြီး အတွက် ဆုတောင်းပေးရန် အချိန်ကာလ အဖြစ်ဝင်ရောက်ပါဝင်ရန် FABC က ဖိတ်ခေါ်ထားပါသည်။
ဆရာတော်ကြီးများ အနေနှင့် နှစ် ၅၀ ပြည့် FABC အတွက် ဆုတောင်းရန် မေတ္တာကို လွယ်ကူချောမွေ့စွာ ရရှိနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်သဖြင့် အခြားဘာသာစကားအသီးသီး သို့ ဘာသာပြန် နိုင်ကြပါရန် တိုက်တွန်း ထား ပေသည်။
နှစ်ငါးဆယ်ပြည့် FABC အထွေထွေ ညီလာခံ အတွက် လည်း " The song of Asia, Bless Our God Who Walks with Us" ( အာရှ ၏ သီချင်း၊ ကျွန်ုပ်တို့နှင့်အတူ လျှောက်လှမ်းတော်မူသော ဘုရားရှင်အား ချီးမွမ်းကျူး) ဟု အမည်ရသော သီချင်းကိုလည်း ရေးစပ် သီကုံးထား သည်။
FABC ဆရာတော်ကြီးများ အဖွဲ့ အနေနှင့်လည်း ဆုတောင်းမေတ္တာ နှင့် သီချင်း တို့သည် အာရှဒေသ တခွင် ဤဖြစ်စဉ် အပေါ် စိတ်ဝင်စားမှု့ နှင့် ဂရုပြုမှု့ ကိုဖန်တီးရာတွင် အထောက်အကူ ပြု နိုင် မည်ဟု မျှော်လင့်ပါကြောင်း ထုတ်ဖော်ပြော ဆို ထားသည်။
အာဗီအေဘာသာပြန် -မာကုစ် ညီညီထွန်း
Add new comment