လူကြီးလူငယ်မဟာမိတ်ဖွဲ့ခြင်းသည် အနာဂတ်လူ့မိသားစုတွေကိုကယ်တင်ရာရောက်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

လူကြီးလူငယ်မဟာမိတ်ဖွဲ့ခြင်းသည် အနာဂတ်လူ့မိသားစုတွေကိုကယ်တင်ရာရောက်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

စင်မြင့်ပေါ်ကနေ ချီးမြင့်တဲ့ ဩဘာသံတွေနဲ့ ပုပ်ဖရန်စစ်သည် ပုပ်ရဟန်းမင်ကြီး ဆဋ္ဌမ မြောက် ပေါလ်ခန်းမ ကနေ လမ်းလျှောက်သွားခဲ့ကာ သက်ကြီးရွယ်အိုတွေရဲ့တန်ဖိုးကို ဆက်လက်ဟောကြားခဲ့ပြီး‌တော့သက်ကြီးရွယ်အိုတွေရဲ့ ဘဝ အဓိက အပိုင်းကိုမျှဝေခဲ့ပြီး အသက်အရွယ်ကြီးရင့်လာခြင်းကဘဝရဲ့အဓိကအပိုင်းဖြစ်ပြီးတော့ ကလေးတစ်ယောက်ကိုယုံကြည်ခြင်းအသက်တာကိုပြောပြတာဟာလူ့အသက်တာကိုတည်ဆောက်ခြင်းဖြစ်သလို လူ့ဘဝဇာတ်ကြောင်းတွေကိုပြောပြတာတွေ၊ ယုံကြည်ခြင်းကိုသက်သေခံတာတွေကလူကြီးတွေရဲ့ဘဝပေးတာဝန်တစ်ခုပါပဲ ဆိုပြီးတော့ ပုပ်ဖရန်စစ်က မိန့်ကြားခဲ့ပါတယ်။

ပြီးတဲ့နောက်မှာ ပုပ်ဖရန်စစ်က မျိုးဆက်တွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ မြှင့်တင်ပေးခြင်းအားဖြင့် အဲ့တာကိုအကောင်အထည်ဖော်ရန် လိုအပ်ကြောင်းကို အလေးပေးပြောကြားခဲ့ပါတယ်။

ကလေး၊ လူငယ်တွေနဲ့အသက်ကြီးရင့်သူတွေစကားပြောခြင်းဟာအနာဂတ်ဘဝကိုအကျိုးရှိစေပြီးတော့ လူကြီးလူငယ်စကားပြောတာမရှိရင်အနာဂတ်ဟာမပီပြင်ဘူး။လူကြီးလူငယ်မဟာမိတ်ဖွဲခြင်းဟာအနာဂတ်လူ့မိသားစုတွေကိုကယ်တင်ရာရောက်တယ် ဆိုပြီး အရှင်သူမြတ်က မိန့်ကြားခဲ့ပါတယ်။

ပုပ်ဖရန်စစ်သည် သူဟောကြားတဲ့အတိုင်း သူကိုယ်တိုင်ကျင့်ကြံဖို့ အချိန်အကြာကြီး မယူခဲ့ရဘူးဆိုတာ ခဏကြာတော့ ကလေးငယ်တစ်ဦးက စင်မြင့်ပေါ်ကနေ ပြေးတက်လာကာ ပုပ်ဖရန်စစ်က ဟေး နေကောင်းလား? သားနာမည်ဘယ်လိုခေါ်လဲ? ဆိုပြီး ကလေးငယ်ကို မေးကာ ကလေးလေးကလည်း ပုပ်ဖရန်စစ်နဲ့ နီးကပ်ဖို့ရန် စင်မြင့်ပေါ် ပြေးလာခဲ့တာဖြစ်ပါတယ်။

ပုပ်ဖရန်စစ်က ကလေးငယ်လေးကို ဒီနေရာ ကြိုက်လား။ ကြိုက်ရင် ထိုင်ပါ ဆိုပြီး ကလေးငယ်လေးကို ပြောကြားပြီးတဲ့နောက်မှာ ပုပ်ဖရန်စစ်က လူထုပရိသတ်ကြားထဲမှာ တို့တွေ လူကြီးလူငယ်ကြားက ဆွေးနွေးမှုတွေအကြောင်း ပြောခဲ့ကြပြီး ဒါဟာရဲရင့်တဲ့လုပ်ရပ်မို့ တည်ငြိမ်ဖို့လိုတယ်ဆိုပြီး အရှင်သူမြတ်က မိန့်ကြားခဲ့ပါတယ်။

ကလေးငယ်လေးဟာ ပုပ်ဖရန်စစ်ရဲ့ ဘေးနားမှာ နေပြီးပုပ်ဖရန်စစ်ကလည်း လူထုပရိတ်သတ်နဲ့ တွေ့ဆုံမှုအပြီးမှာ အပိတ် ကောင်းချီးပေးရင်း ကလေးငယ်လေးကိုပါ အထူးကောင်းချီးပေးခဲ့တတာဖြစ်ပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်

https://bit.ly/3Afqgxq

 

Add new comment

5 + 13 =