အီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရို၌ ဘုရားကျောင်းမီးသင့်၍ လူ (၄၁) ဦးအသက်ဆုံးရှုံး

အီဂျစ်နိုင်ငံ၏မြို့တော် ကိုင်ရို၌ ဘုရားကျောင်းမီးသင့်၍ လူ (၄၁) ဦးအသက်ဆုံးရှုံး

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ ကော့ပ်တစ် အော်သိုဒေါ့စ်ဘုရားကျောင်း၌ တနင်္ဂနွေနေ့၀တ်ပြုခြင်းအ တောအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ မီးစွဲလောင်သည်နှင့်မဲနက်နေသောမီးခိုးများသည် ဘုရား ကျောင်းတစ်ဆောင်လုံးအား အုပ်မိုးသွားခဲ့သည်။ ထိုအခင်းဖြစ်ပွားမှုကြောင့် ဘုရား၀တ်ပြုလာသူ (၄၁) ဦးအသက်ဆုံးရှုံးခဲ့ပြီး၊ ၄င်းတို့အနက် ကလေး (၁၅) ဦးပါ၀င်သည်။

မီးစတင်လောင်ကျွမ်းသည်နှင့်ဘုရား၀တ်ပြုသူတို့က မီးဟပ်လာသည့်အတွက် ဓမ္မအာဇာနည် Abu Sefein ဘုရားကျောင်း၏အပေါ်ထပ်မှ လွတ်ရာလွတ်ကြောင်းခုန်ချသွားကြသည်။ မီးခိုးမွန်သူများ၊ ပိတ်မိသွားကြသူများအားလုံးမှာ အသက်ရှင်ကျန်မနေတော့ပေ။ ကယ်ဆယ်ရေးလာရောက်လုပ်ဆောင် သော ရဲ (၄) ဉီး အပါအ၀င် (၁၆) ဦးဒဏ်ရာရရှိခဲ့သည်။ ယခုကဲ့သို့ဖြစ်ပွားရခြင်းမှာ လျှပ်စစ်ကြောင့်ဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အဖြစ်ရဲကထုတ်ပြန်ခဲ့သည်။

ဘုရားကျောင်း၌ပိတ်မိနေသူများ၏ မိသားစု ၀င်များသည် ဘုရားကျောင်း၏အပြင်ဖက်၌ လည်းကောင်း၊ ဆေးရုံများ၌လည်းကောင်း သတင်းများသိရ ရေး ငိုယိုစောင့်စားနေကြသည်။ လူမှုကွန်ရက်ပေါ်၌ပျံ့နေသောပုံများအရ မီးသင့်သွားသော စားပွဲ၊ ထိုင်ခုံ၊ ပရိဘောဂများကိုမြင်တွေ့ရသည်။ မီးသတ်သမားများမှာလည်း မီးညွှန်ကျိုးရန်လုံးပန်းနေသကဲ့ သို့ ကယ်ဆယ်ရေးသမားများလည်း ပိတ်မိနေသောသူများကိုအချိန်မှီကယ်ထုတ်၍ ဆေးရုံများသို့ပို့ ဆောင်နိုင်ရန် လူနာတင်ယာဉ်များပေါ်သို့တင်ပေးနေကြသည်။

ဘုရားကျောင်းသည် (၄) ထပ်ဆောင်ဖြစ်သည်။ ကလေးများစွာလည်း ဘုရားကျောင်းထဲ၌ရှိနေခဲ့ ကြောင်း၊ ဘုရားကျောင်း၌ ကလေးများအားပြုစုစောင့်ရှောက်ပေးသော ဌာနနှစ်ခု၏ ပစ္စည်းများလည်းရှိ သည်။ ဘုရားကျောင်းအတွင်း၌ ကလေးမျာစွာပိတ်မိနေသော်လည်း အဘယ်သို့ကယ်ထုတ်ရမည်မသိ ဖြစ်နေခဲ့သည်။ ခရစ်ယာန်သတင်းကိုအဓိကတင်ဆက်သော Cots United သတင်းအရ မီးသင့်ရာတွင်အ သက်ဆုံးရှုံးခဲ့သောသူများအနက် ကလေး (၁၅) ဦးပါကြောင်းပြောသည်။

မီးလောင်ကျွမ်းထားသော ခန္ဓာကိုယ် (၂၀) ခုကိုကယ်ထုတ်ထားနိုင်ခဲ့သော်လည်း မဲသဲနေသော ကြောင့် မည်သူမည်၀ါဖြစ်သည်ကိုပြောဆိုရန်ခက်ခဲနေသည်။ အဆိုပါ အလောင်းများကို နီးစပ်ရာဆေး ရုံဖြစ်သည့် Imbaba ပြည်သူ့ဆေးရုံသို့ပို့ဆောင်လိုက်သည်။ အဆိုပါလောင်းများအနက် (၁၀) ခုမှကလေး များ၏ရုပ်အလောင်းဖြစ်ကြသည်။ ၄င်းတို့အနက် (၃) ဦးမှာအမွှာများဖြစ်ကြပြီး၊ အသက် (၅) နှစ်မှ (၃) နှစ်ကြားများဖြစ်ကြသည်။ ဆရာတော် Abdul Masih Bakhit သည်လည်း အသက်ဆုံးရှုံးခဲ့ပြီး ရင်ခွဲရုံသို့ပို့ ဆောင်ထားသည်။ ကျန်သော အလောင်းများကိုမှု အခြားသောဆေးရုံတစ်ခုသို့ပို့ဆောင်ထားသည်။

ဘုရားကျောင်း၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Mousa Ibrahim က ယခုအသက်ဆုံးရှုံး သွားသူမျာအနက် (၅) နှစ်အရွယ် (၃) မွှာပူး၊ မိခင်၊ အဖွားနှင့်အဒေါ်တစ်ဦးတို့သည် မီးထဲပါသွားခဲ့ကြ ကြောင်း AP သတင်းဌာနအားဖြေကြားခဲ့သည်။ အပေါ်ထပ်များသို့တက်သွားကြည့်ရာ ထိုနေရာ၌လည်း သေဆုံးနေကြသူများကိုတွေ့မြင်ခဲ့ရကြောင်း၊ မီးတောက်များကြီးထွားလာပြီး၊ မီးခိုးလုံးများရုန်းကြွထ လာသောကြောင့် လူတို့သည် အပေါ်ထပ်မှပင်ခုန်ချကြသည်ဟုဆိုသည်။

နိုင်ငံ၏ကျန်းမာရေး၀န်ကြီးက မီးခိုးလုံးများကြားအသက်လု၍ပြေးလွှားသောပြည်သူများအား အပြစ်တင်ခဲ့သည်။ ဤသို့သောအခြေအနေ အီဂျစ်နိုင်ငံ၌ မီးလောင်ရာတွင်လူသေဆုံးမှုဖြစ်စေသော အလွန်ဆိုး၀ါးသည့်အခြေအနေတစ်ခုဖြစ်သည်ဟုလည်းပြောသည်။

ဘုရားကျောင်းသည် မြို့၏လူနေအလွန်ထူထပ်သော လမ်းကျဉ်းထဲ၌တည်ရှိသည်။ အီဂျစ်နိုင်ငံ သည် မွတ်စလင်နိုင်ငံဖြစ်သောကြောင့် တနင်္ဂနွေနေ့ သည် အားလပ်ရက်မဟုတ်။ ရုံးတက်ရက်၊ အလုပ်လုပ်သောရက်ဖြစ်သည်။ လမ်းသွားလမ်းလာရှုပ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများထူထပ်သည်။ အသက်ဆုံးရှုံးခဲ့ရသော ဆွေမျိုးသားချင်းတို့၏ကျန်ရစ်သောမိသားစု၀င်များက ကယ်ဆယ်ရေးအဖွဲ့နှင့်မီးသတ် များရောက်ရှိရန်နှောင့်နှေးကျန့်ကြာသောကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း၊ လူများသေဆုံးပြီးမှသာ ရောက်လာကြကြောင်း၊ ဘုရားကျောင်းလောင်းကျွမ်းပြီးမှသာရောက်ရှိလာခဲ့ကြကြောင်းဖြင့် မီးခိုးလုံး ဖြင့်လွှမ်းခြုံထားသော ဘုရားကျောင်းကြီးပြင်ပ၌ရပ်နေသောအမျိုးသမီးတစ်ဦးက မကျေမချမ်းအော် ဟစ်ပြောဆိုနေသည်ဟုဆိုသည်။

ကျန်းမာရေး၀န်ကြီးက လူနာတင်ယာဉ်သည် အခင်းဖြစ်ပွားနေကြောင်း သတင်းရရှိပြီးနောက် အခင်းဖြစ်ပွားရာသို့ (၂) မိနစ်အတွင်းရောက်ရှိလာခဲ့ကြောင်း၊ မီးသတ်ယာဉ် (၁၅) ဖြင့် မီးကိုငြိမ်းသတ်ခဲ့ ကြောင်းပြောကြားခဲ့သည်။ လူနာတင်ယာဉ်များသည်လည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီး ဆေးရုံအသီးသီးသို့တင်ပို့ပေးခဲ့ကြောင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတကလည်း အသက်ဆုံးရှုံးသွားသောသူတို့၏မိသားစုနှင့် ထပ်တူ၀မ်းနည်းစာနာ ကြောင်း၊ အခြေအနေအရပ်ရပ်ကို အနီးကပ်စောင့်ကြည့်ညွှန်ကြားပေးလျှက်ရှိကြောင်း၊ ကော့တစ်ပ်သာသနာ၏ဘာသာရေးခေါင်းဆောင် Tawadros II ထံဖုန်းဆက်ပြောကြားခဲ့သည်။

ဆေးရုံတင်လိုက်ရသောလူနာများအနက် နှစ်ဦးမှာ ဆေးရုံမှဆင်းပြီဖြစ်ကြောင်း၊ ကျန်သူများမှ ဆက်လက်၍ ဆေးရုံ၌စောင့်ရှောက်ကုသမှုကိုခံယူနေကြကြောင်းပြောကြားခဲ့သည်။ အိုးအိမ်၀န်ကြီးက ဩဂုတ်လ (၁၅) ရက်နေ့ မီးလောင်ကျွမ်းမှုသတင်းကို ဒေသစံတော်ချိန်နံနက် (၉) အချိန်၌ကြားသိလိုက် ရကြောင်း၊ ယခုမီးသင့်လောင်ကျွမ်းမှု၏ပထမတွေ့ရှိချက်ကား ဒုတိယထပ်မှ လေအေးပေးစက်မှဖြစ် ကြောင်း၊ ယခုကဲ့သို့ဖြစ်ပွားရခြင်းသည် မီးကြိုးများအား စုပြုံ၍တွယ်တန်းထားသောကြောင့်ဖြစ် ကြောင်း၊ ထိုသို့တွယ်တန်းထားသောကြောင့် အပူလွန်ကဲရာမှဖြစ်ပွားခြင်းဖြစ်ကြောင်း၊ မှုခင်းရေးရာ၀န် ကြီးက ယခုအခင်းဖြစ်ပွားရခြင်းကို သေချာစွာစစ်ဆေးဖော်ထုတ်ရန်နှင့်ဘုရားကျောင်း၏အခြေအနေကို လည်းသိရှိရန် စစ်ဆေးမှုများကိုလည်းအသေးစိတ်ပြုလုပ်ထားစေကြောင်း၊ အသက်ဆုံးရှုံးသွားသောသူ အများပိုင်းသည် မိးခိုးများရှုမိ၍ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့နေ့မွန်းလွှဲပိုင်း၌မှု အစိုးရအဖွဲ့၀င်များ အခင်းဖြစ်ရာဆီသို့ရောက်ရှိသွားပြီး ကြည့်ရှုစစ် ဆေးမှုများကိုပြုလုပ်ခဲ့သည်။ အခင်းဖြစ်ရာ၌ အသက်ဆုံးရှုံးခဲ့သော မိသားစု၀င်များအနေဖြင့် နစ်နာ ကြေးများကိုပေးအပ်မည်ဖြစ်ကြောင်း၊ မီးသင့်သွားသောဘုရားကျောင်းကိုလည်း အစိုးရမှပြန်လည်တည် ဆောက်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အသက်ဆုံးရှုံးသွားခဲ့သူများ၏ခန္ဓာကို ဆုတောင်း၀တ်ပြုခြင်းများပြုလုပ်နိုင်ရန် အနီးအနားရှိဘုရားကျောင်းနှစ်ဆောင်သို့ခွဲပို့ထားပေးထားသည်။ လာရောက်ဆုတောင်းပေးသူများ၊ ငိုကြွေးကြသူများ ဖြင့်ဘုရားကျောင်း၀န်းကျင်သည်ပြည့်ကြပ်နေသည်။ အဆိုပါအလောင်းများကိုလည်း နီးစပ်ရာသချိုင်း ၌မြှုပ်နှံမည်ဖြစ်သည်။ အီဂျစ်နိုင်ငံ၏လူဦးရေ (၁၀) ရာခိုင်နှုန်းသာရှိပြီး ကျန်လူဦးရေမှာ မွတ်စလင်ဘာ သာ၀င်ဖြစ်သော်လည်း လူနည်းစုတို့သည် လူများစု၏ဖိနှိပ်မှုများကိုခံနေရကြောင်းပြစ်တင်‌‌ဝေဖန်သံမှာ ညံလျှက်ရှိပါသည်။

တနင်္ဂနွေနေ့ နေ့ကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုသည် ယခုနှစ်အနည်းငယ်အတွင်း အီဂျစ်နိုင်ငံ၏ အဆိုရွားဆုံး သောမီးလောင်ကျွမ်းမှုကြီးဖြစ်သည်။ မီးလောင်ကျွမ်းခြင်းမှကြိုတင်ကာကွယ်မှုလုပ်ငန်း များကိုလုပ်ဆောင်ထားမှုမှာလည်း အလွန်အားနည်းလှသည်။ ယခင်နှစ်ပတ်ကလည်း ကိုင်ရိုမြို့အနီး အထည်စက်ရုံမီးလောင်ကျွမ်းခဲ့သောကြောင့် လူ (၂၀) ကျော်သေဆုံးပြီး၊ (၂၄) ဦးဒဏ်ရာရခဲ့ကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://wapo.st/3dBtWSo

Add new comment

1 + 3 =