ကမ္ဘောဒီးယားနိုင်ငံဟာ လူကုန်ကူးမှုအဆင့် (၃) မှာရှိနေဟုဆို

ကမ္ဘောဒီးယားနိုင်ငံဟာ လူကုန်ကူးမှုအဆင့် (၃) မှာရှိနေဟုဆို

ဇူလိုင်လ ၂၀ ရက်အမေရိကန်ပြည်ထောင်စု လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနရဲ့ အစီရင်ခံချက်အရ ကမ္ဘောဒီးယားနိုင်ငံဟာ လူကုန်ကူးမှုအဆင့် (၃) မှာရှိနေတာ ကြောင့် ကမ္ဘောဒီးယားကက်သလစ်ဘာသာဝင် အဖွဲ့အစည်းတွေကို အံဩစေခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ Caritas လို့ခေါ်တဲ့ ဂရုဏာရေးအဖွဲ့အစည်းရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Monsarith Nou က လူကုန်ကူးမှုမှာ ကမ္ဘောဒီးယားနိုင်ငံဟာ တတိယအဆင့်မှာရှိနေတဲ့အပေါ် မှာစိတ်ပျက်မိကြောင်း ဖော်ပြပြောဆိုခဲ့တယ်။

အမေရိကန်ပြည်ထောင်စု လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှာ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံဟာ လူကုန်ကူးမှု အဆင့်(၂) သတ်မှတ်ခံရပြီး ယခုနှစ် (၂၀၂၂) ခုနှစ်မှာတော့ ကမ္ဘောဒီးယားဟာ အဆင့် (၃) မှာ ပါဝင်ခဲ့တာပါ။ ဆိုလိုတာက ကမ္ဘောဒီးယား အစိုးရဟာ လူကုန်ကူးမှု ပပျောက်ရေး ကြိုးပမ်းမှုမှာ အနိမ့်ဆုံး စံနှုန်းများနဲ့ မကိုက်ညီဘဲ လိုက်နာဖို့ရန် သိသာထင်ရှားတဲ့ အားထုတ်မှုတွေ မရှိကြောင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားအစိုးရဟာ လူကုန်ကူးခံရသူများ နဲ့ ပြည်တွင်းပြည်ပ လူကုန်ကူးခံရသူများ အတွက် လုံလောက်တဲ့ ပံ့ပိုးကူညီမှု မရှိသေး သလို ပြည်ပအလှူရှင်များနဲ့ NGO များအပေါ် လုံးဝနီးပါး မှီခိုနေရကြောင်းကို အစီရင်ခံစာမှာ ဖော်ပြထားပြီး

ကက်သလစ်အသင်းတော်မှာ ဂရုဏာရေးလုပ်ဆောင်မှုအဖွဲ့ဖြစ်တဲ့ Caritas အဖွဲ့အစည်းက ရပ်ကွက်နဲ့ဒေသအတွင်းသာမက အထူးသဖြင့် ပြည်နယ်တစ်ခုစီမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများမှာ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်ဆိုပြီး Monsarith Nou ကဆိုပါတယ်။

"ကျွန်ုပ်တို့တွေက လူကုန်ကူးမှု အန္တရာယ်ကို တိုက်ဖျက်ရန် စတင်နေပြီဖြစ်ပြီး လူတွေကို လူကုန်ကူးမှုအကြောင်းကို နားလည်စေရန် လေ့ကျင့်ပေးနေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ တရားဥပဒေစိုးမိုးရေးကို အဟန့်အတားဖြစ်စေတဲ့ အကျင့်ပျက်မှုနဲ့ အဂတိလိုက်စားမှုတွေကြောင့် လူကုန်ကူးမှုပပျောက်ရေးမှာ နောက်ကျကျန်နေခဲ့ကြောင်း
အစီရင်ခံစာအရ ဖော်ပြထားတယ်။

ကမ္ဘောဒီးယား ကရုဏာရေးအဖွဲ့အစည်း Caritas က လူကုန်ကူးမှုနဲ့ တခြားလူမှုရေးပြဿနာများကို ဖြစ်ပေါ်စေတဲ့ တနေရာမှတနေရာ ဘေးကင်းစွာ ရွှေ့ပြောင်းနေထိုင်နည်းတို့ကို ပစ်မှတ်ခံထားရတဲ့ လယ်သမားတွေကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်အောင် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း Monsarith Nou က ပြောကြားခဲ့ပြီး

2017 ခုနှစ်မှစတင်ပြီး ကမ္ဘောဒီးယား ကရုဏာရေး အဖွဲ့အစည်း Caritas က Covid-19 ဖြစ်ပွားနေချိန်မှလွဲ၍ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နှစ်စဉ်နှစ်တိုင်း ဘာသာပေါင်းစုံ ဆွေးနွေးပွဲ များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး

ကမ္ဘောဒီးယားရှိ ကက်သလစ်အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ဘာသာပေါင်းစုံ ကော်မရှင်အဖွဲ့ဝင် Savong Duong က လူကုန်ကူးမှုတိုက်ဖျက်ရေးကို ပါဝင်ဆင်နွှဲပြီး နှစ်စဉ်နှစ်တိုင်းရက်တော်တော်များများ လူတွေရဲ့ အသိပညာကို မြှင့်တင်ဖို့အတွက် ရှိနေကြောင်းဆိုပါတယ်။

“ကမ္ဘောဒီးယားအစိုးရကလည်း လူကုန်ကူးမှုပပျောက်အောင် ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။ တချိန်တည်းမှာပဲ အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ နိုင်ငံတွင်းမှာရှိတဲ့ ဘာသာတရားအားလုံးညကို စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်” ဆိုပြီး Savong Duong ကဆက်လက်ပြောကြားခဲ့ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အမျိုးသား ကော်မတီ (NCCT) ဒုဥက္ကဋ္ဌ Bun Eng Chou က

“ဒီနှစ်မှာ ကမ္ဘောဒီးယားဟာ အဆင့်ကောင်းတစ်ခု ရလိမ့်မယ်လို့ ကျွန်တော်တို့ အမြဲတမ်း မျှော်လင့်ပါတယ်။ ပြီးတော့ FBI ရုံးအထိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ ပူးပေါင်းပြီးတော့ နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။ အမျိုးသား ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ လည်းပူးပေါင်းပြီးတော့ သတင်းတွေထောက်လှမ်းရင်း အလုပ်ကိုအတူတကွ လုပ်ဆောင်မယ်ဆိုပြီး ပြောကြားသွားပါတယ်။

အမေရိကန်ပြည်ထောင်စု လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက မလေးရှား အပါအဝင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း နှင့် မကာအို တို့ကို နာမည်ပျက် စာရင်းမှာသွင်းထားပြီး အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အလုပ် ခိုင်းစေခြင်း ဒါမှမဟုတ် ရွှေ့ပြောင်း အလုပ်သမားများကို ကူညီပေးခြင်းများ ပျက်ကွက်ကြောင်းဖြင့် အပြစ်တင်ထားပါတယ်။

အာဗီအေဘာသာပြန် - သျှားလွန်းမယ်
https://bit.ly/3C0LAJv

Add new comment

1 + 0 =