အရိုးချဉ်ဆီကင်ဆာဖြစ်သော လာအိုနိုင်ငံမှ ဘုန်းတော််ကြီး ရဟန်းသိက္ခာခံပြီး (၅၁) ရက်အကြာတွင်ပျံလွန်

အရိုးချဉ်ဆီကင်ဆာဖြစ်သော လာအိုနိုင်ငံမှ ဘုန်းတော််ကြီး ရဟန်းသိက္ခာခံပြီး (၅၁) ရက်အကြာတွင်ပျံလွန်

သူသည် လောနိုင်ငံမှဖြစ်ကာ၊ ပြီးခဲ့သောဇွန်လက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ဆေးရုံတက်ခဲ့ပြီး ယမန်နေ့ ဩဂုတ်လ (၂) ရက်နေ့၌ပျံလွန်သွားခဲ့သည်။ သူ၏အမည်ကား ဖာသာရ် Khamsan Mim Khounthichak ဖြစ်သည်။

သူခံစားနေရသော‌ဝေဝောမှာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေသည်။ သူသည် ကက်သလစ်ရဟန်းသိက္ခာကို ‌အထူးအခွင့် အရေးတောင်းခံပြီး သူတက်ရောက်နေသောဆေးရုံ၏အခန်း၌ပင် ရဟန်သိက္ခာကိုခံယူကာ ရက်ပေါင်း (၅၁) ရက်ရှင်သန်ခဲ့ သည်ဟုဆိုသည်။

သူသည် ရဟန်းတစ်ပါးဖြစ်လာရန် ပညာသင်ကြားနေသော ဖိလစ်ပိုင်နိုင်ငံ၊ Quezon ပြည်နယ်၊ စိန့်ဗင်းဆင်းသီ ဩလိုဂျီကျောင်း၌ပင် ပျံလွန်သွားခဲ့သည်။ ဩဂုတ်လ (၃) ရက်နေ့၌ ကြွင်းကျန်သောရုပ်ကလပ်ကို အခြေအနေအရမီးသဂြိုလ်ခဲ့သည်။

ဇွန်လ (၃၀) ရက်နေ့က ပါပူအာနူးဂီနီ Alotau-Sideia သာသနာမှဆရာတော် Rolando Crisostomo Santos ကသူ့အားထာ၀ရရဟန်းသိက္ခာကိုထပ်ပေးခဲ့သည်။ ဤသို့တင်ပေးနိုင်ရန်အတွက် အထူးအခွင့်အရေးကို သက် ဆိုင်ရာဆရာတော်မှတောင်းခံပေးရသည်။ ယခုပျံလွန်သွားသော ဘုန်းတော်ကြီးသစ်သည် (၂၀၀၈) ခုနှစ် မနီလာသို့ ရောက်ရှိလာစဉ်က သူ၏သာသနာမှလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊

သူသည် လူငယ်များအားပညာရေး၌ ဖွံ့ဖြိုးမှုရှိ စေရန်အားပေးမြင့်တင်ပေးသော Fondacio အဖွဲ့အစည်းနှင့်အတူနေ ၍ ရဟန်းတစ်ပါးဖြစ်လာရန် တတ်အပ်သောဘာသာရေးဆိုင်ရာပညာများကိုသင်ကြားနေခဲ့သည်။ သူသည် (မေလ၊ ၂၀၂၂) ၌ ကျောင်းပြီးဆုံးတော့မည့် အ ချိန်၌ ခါးနာသည့်‌ဝေဒနာကို စတင်ခံစားခဲ့ရသည်။ ‌ဝေဒနာ အဘယ်မျှပြင်းထန်သနည်းဟုမူ လမ်းလျှောက်ရန်ပင်အလွန် ခက်ခဲလာသည်။ ထို့ကြောင့် ဆေးစစ်ချက်အကြိမ်ကြိမ်ပြုလုပ်လိုက်ရာ သူသည် အရိုးချဉ်ဆီကင်ဆာဖြစ်နေသည်။ ကင် ဆာ၏အခြေအနေမှာ နောက်ဆုံးအဆင့်ပင်ဖြစ်နေကြောင်းသိလိုက်ရသည်။ သူ၏ဆိုးရွားသောကျန်းမာရေးအခြေအနေ ကြောင့် ဆေးကုသခံနေသော ဆေးရုံ၏အခန်း၌ပင် ထာ၀ရရဟန်သိက္ခာကိုခံယူခွင့်ရခဲ့သည်။

သူငယ်ချင်းတစ်ဦး၏ပြောပြချက်အရ လောလောလတ်လတ်ရဟန်းသိက္ခာခံယူပြီး ပျံလွန်သွားသောဘုန်းတော် ကြီးသည် သူ၏နိုင်ငံအတွင်း၌ရှိစဉ်က နှစ်ကြိမ်တိုင်တိုင် လောအစိုးရ၏ထောင်ချခြင်းကိုခံခဲ့ရသူဖြစ်ကြောင်း၊ ထောင်ချခံခဲ့ရသည့် အကြောင်းအရင်းမှာ ဘာသာရေးသွန်သင်ချက်များကိုသင်ကြားပို့ချသောကြောင့်ဖြစ်ကြောင်း ၊ သူ၏ရဟန်းဘ၀သို့ခေါ်တော် မှုခြင်းသည် သူ့သာသနာအတွက်၊ သူ့နိုင်ငံအတွက်လည်းအလွန်ထူးခြားစေခဲ့သည်။ ဘုရားသခင်၏ခေါ်တော်မူခြင်းကျေး ဇူးတော်၌ အသီးအပွင့်ကိုကွဲပြားစွာသီးပွင့်စေလိုခဲ့ကြောင်းပြောကြားခဲ့သည်။

လောနိုင်ငံသည် ကက်သလစ်ဘာသာတူဦးရေ (၆၀၀၀၀) သာရှိသောနိုင်ငံတစ်ခုဖြစ်သည်။ ဘာသာ၀င်အများပိုင်း မှာ ဗီယက်နမ်လူမျိုးဖွားများနှင့် Hmong တို့ဖြစ်ကြသည်။ နိုင်ငံဦးရေ (၇.၂) သန်းရှိသည်။ ဤဘုန်းတော်ကြီး၏သာသ နာဖြစ်သော Pakse ၌ Champasak, Saravan, Xeguang နှင့် Attapu,တို့ပါ၀င်ကြသည်။

ထိုဒေသ၏လူဦးရေမှာ (၁.၃၇) သန်းနေထိုင်ကြသည်။ Pakse သာသနာအတွင်း၌ ကက်သလစ်လူဦးရေ (၁၅၀၀၀) ဦးရှိပြီး သာသနာအုပ်စု (၄၆) ခု၌ပြန့်ကြဲနေထိုင်လျှက်ရှိကြသည်။ နိုင်ငံအတွင်း၌ ဆရာတော်ကြီး (၄) ပါးရှိသော်လည်း ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်သာ သနာဟုလည်းမရှိ။ သာသနာပိုင်ဟူ၍လည်းမရှိဘဲ ကက်သလစ်ဘာသာတူများအား သာသနာ့တာ၀န်ခံများကသာ ဦးဆောင်လမ်းညွှန်မှုပေးလျှက်ရှိသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတ်
https://bit.ly/3bwEL7Q

Add new comment

5 + 10 =