အိန္ဒိယမှဂိုဏ်းချုပ်ဆရာတော် Andrews Thazhath သည် Ernakulam-Angamaly ဂိုဏ်းချုပ်သာသနာ၏သာသနာ့ တာ၀န်ခံအဖြစ်တာ၀န်ပေးအပ်ခံရ

အိန္ဒိယမှဂိုဏ်းချုပ်ဆရာတော် Andrews Thazhath သည် Ernakulam-Angamaly ဂိုဏ်းချုပ်သာသနာ၏သာသနာ့ တာ၀န်ခံအဖြစ်တာ၀န်ပေးအပ်ခံရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် Ernakulam-Angamaly ဂိုဏ်းချုပ်သာသနာ၏ ဆရာတော် Antony Kariyil ၏ အမှုတော်မှရပ်နားရန်လျှောက်ထားချက်ကိုလက်ခံခဲ့ပြီး၊ ဂိုဏ်းချုပ်ဆရာတော် Andrews Thazhath အားလတ်တလော၌ သာသနာ၏တာ၀န်ခံအဖြစ်တာ၀န်ပေးအပ်ခဲ့သည်။ တရား၀င်ကြေညာချက်ကို ရောမစံတော်ချိန်မွန်းတည့်ချိန်၌ ကြေညာခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၌မူ ဂိုဏ်းချုပ်ဆရာတော်ကြီး၏ကျောင်းတိုက်တည်ရှိရာ စိန့်သောမတ်စ်တောင်တော်၌ ဒေသ စံတော်ချိန် (၃း၃၀) အချိန်တွင်ကြေညာခဲ့သည်။

သာသနာ၏တာ၀န်ခံအဖြစ်အမှုတော်ထမ်းမည့် ဂိုဏ်းချုပ်ဆရာတော် သည် Trichur ၏ဂိုဏ်းချုပ်သာသနာ၏သာသနာပိုင်အဖြစ်လည်း ဆက်လက်အမှုတော်ထမ်း မည်ဖြစ်သည်ဟုဆိုသည်။

သာသနာ၏တာ၀န်ခံတာ၀န်ကိုပေးအပ်ထားသော်လည်း ဂိုဏ်းချုပ်ဆရာတော်သည် ဂိုဏ်းချုပ်သာသနာ၏သာ သပိုင်အမှုတော်ကိုထမ်းဆောင်ရမည်ဖြစ်သည်။ သို့သော်ကာဒီနယ် Mar George Alencherry သည် Ernakulam-Angamaly ၏ ဂိုဏ်းချုပ်ဆရာတော်အမှုတော်ကိုဆက်လက်ခံယူထားဦးမည်ဖြစ်သည်။ သာသနာ၏တာ၀န်ခံသည် ဗာတီကန်ကိုယ်စားတာ၀န်ခံထားရသူဖြစ်၍ တစ်စုံတစ်ရာပြုလုပ်ဆုံးဖြတ်ရာ၌ ၀ါကြီးဂိုဏ်းချုပ်ဆရာတော်နှင့်ဆီးနော့ တို့နှင့်တိုင်ပင်၍သာလုပ်ဆောင်ရမည်ဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော် Antony Kariyil သည် သတ်မှတ်ထားသော သက်တော်စေ့၍အနားယူသွားခြင်းမဟုတ် ဘဲ Syro-Malabar ၀ိနည်းတော်အတွက် ဗာတီကန်မှသတ်မှတ်ညွှန်ကြားထားသည့်အတိုင်း မစ္ဆားတရားကိုတူညီစွာပူဇော်ခြင်းမပြုသောကြောင့် နာခံခြင်းမရှိ၍အနားပေးခံလိုက်ရခြင်းဖြစ်သည်။

တူညီသောမစ္ဆားတရားပူဇော်ခြင်း၀ိနည်း ကို အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီးနောက် (၂၀၂၁) ခုနှစ်၌ တရား၀င်ကြေညာအသုံးပြုစေခဲ့သည်။ သို့သော် ရဟန်း တော်များ၏အပိုင်းနှင့် Ernakulam မှဘာသာတူများ၏အပိုင်းကိုမူ ကာဒီနယ်မှညွှန်ကြားရန်ဖြစ်သည်။

ဂိုဏ်းချုပ်ဆရာတော် Andrews Thazhath သည် (၁၃၊ ၁၂၊ ၁၉၅၁) ခုနှစ်၌မွေးဖွားခဲ့ပြီး၊ (၁၄၊ ၃၊ ၁၉၇၇) တွင် ထာ၀ရရဟန်းသိက္ခာထပ်ခဲ့သည်။ ကာနွန်ဥပဒေ၌ဒေါက်တာဘွဲ့ရပြီးနောက် Trichur သာသနာအတွင်းအမှုတော်များစွာ တွင်ထမ်းဆောင်ခဲ့သည်။ (၁၊ ၃၊ ၂၀၀၄) ခုနှစ်တွင် Trichur သာသနာ၏လက်ထောက်ဆရာတော်အဖြစ် သိက္ခာထပ်ခဲ့ ပြန်သည်။ (၃) နှစ်အကြာ (၁၈.၃.၂၀၀၇) ၌ အဆိုပါဂိုဏ်းချုပ်သာသနာ၏ဆရာတော်ဖြစ်လာခဲ့သည်။

လက်ရှိ၌သူသည် ဆီးနော့၏အမြဲတမ်းအဖွဲ့၀င်အဖြစ်လည်းကောင်း၊ လူမှုရေးကိစ္စဆိုင်ရာကော်မရှင်၏ဥက္ကဌအဖြစ်လည်းကောင်း၊ ပညာရေးကော်မတီအဖွဲ့၀င်အဖြစ်အမှုတော်ထမ်းဆောင်လျှက်ရှိသည်။ သူသည် အရှေ့တိုင်း၀ိနည်း၏ဆရာတော်များ ဆိုင်ရာအဖွဲ့အစည်း၏ကိုယ်စားလှယ်တစ်ပါးလည်းဖြစ်ပြီး၊ Ernakulam-Angamaly ၏အရေးနှင့်စပ်လျင်း၍လည်း သူ နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3oKPf6p

Add new comment

16 + 4 =