အာရှပစီဖိတ်ဒေသ၌သာသနာပြုနေသော ဂျက်ဆွီစ်အသင်းမှ အရှေ့တောင်အာရှနိုင်ငံများ၌ သစ်ပင် (၄၀၀၀၀) ပင်စိုက်ပျိုး

အာရှပစီဖိတ်ဒေသ၌သာသနာပြုနေသော ဂျက်ဆွီစ်အသင်းမှ အရှေ့တောင်အာရှနိုင်ငံများ၌ သစ်ပင် (၄၀၀၀၀) ပင်စိုက်ပျိုး

အာရှပစီဖိတ်ဒေသ၌သာသနာပြုနေသော ဂျက်ဆွီစ်အသင်းမှ အရှေ့တောင်အာရှနိုင်ငံများ၌ သစ်ပင် (၄၀၀၀၀) ပင်စိုက်ပျိုး

(JRS) ဟုခေါ်သော the Jesuit Refugee Service (ဂျက်ဆွီစ်အသင်း၏ ဒုက္ခသည်များကူညီကယ်ဆယ်ရေး လုပ်ငန်း) စတင်သည့် နှစ် (၄၀) ပြည့် နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၀၂၀) မှစ၍ သစ်ပင် (၄၀၀၀၀) ကိုကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်ထိုင်းနိုင်ငံတို့တွင်စိုက်ပျိုး၍ နိုင်ငံများ၏လူမှုရေးနှင့်သဘာ၀ပတ်၀န်းကျင်စ နစ်ကိုလည်း ကူညီထိန်းညှိပေးရန်ရည်ရွယ်သည်ဟုဆိုသည်။

(၄၀-၄-၄၀) စုလူသိများသောစီမံကိန်းသည် သစ်ပင်များဖြင့်ဖုံးလွှမ်း ရေးနှင့်လူမှုအသင်းအဖွဲ့ဖွံ့ဖြိုးရေး’ စီမံကိန်းဖြစ်သည်။ ချို့တဲ့နွမ်းပါးမှုနှင့်သဘာ၀ ပတ်၀န်းကျင်ဆုံးရှုံးပျက်စီးနေမှုကို လက်တွေ့ကျလက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းရန်ဖြစ်သည်။

ဤစီမံကိန်းသည် (၂၀၂၁-၂၀၂၅) ခုနှစ် အာရှပစီးဖိတ် ဒေသမှဂျက်ဆွီစ်အသင်း ၏ရည်မှန်းထားချက်ဖြစ်သည်။ အထက်ကစီမံကိန်း၌ ဌာနေပြည်သူများ၊ လူငယ်များလည်းအား ဖြည့်ပါ၀င်ထားကြသည်။ စီမံကိန်းကိုစတင်ဖော်ဆောင်ခဲ့သည်မှာ တစ်နှစ်ပြည့်ပြီဖြစ်သည်။

ဤစီမံကိန်း၏တာ၀န်ခံဖြစ်သော Louie Bacomo က ဤဒေသ၏ ယဉ်ကျေးမှုနှင့်ပတ်၀န်းကျင်ဆိုင်ရာ သဟ ဇာတဖြစ်မှုမှာ ဖိအားပေးခံလာနေရသည်။ ခြိမ်းချောက်မှုများရှိလာနေသည်။ ဖျက်စီးမှုများရှိလာနေသည်။ ထို့ကြောင့် သ ဘာ၀ပတ်၀န်းကျင်ကိုပြန်လ်ထိန်းသိမ်းရန်နှင့်လေးစားတတ်ရန်၊ သဘာ၀ ပတ်၀န်းကျင်နှင့်သဟဇာတရှိစွာနေထိုင်တတ် ရန်နှင့်ကျွန်ုပ်တို့၏ဘုံစံအိမ်ကိုကာကွယ်ရန်လိုအပ်လာပါသည်။ တောရှိနေခြင်းသည် ဌာနေတိုင်းရင်းသားများအား မိမိတို့ ၏နေရပ်ကိုစွန့်ခွာခြင်းမပြုရန်အဟန့်ဖြစ်စေသည်ဟုဆိုသည်။

ဌာနေတိုင်းရင်းသားများသည် အသက် မွေး၀မ်းကျောင်းအတွက် တောကိုမှီခိုနေကြသည်။ တောကိုထိန်းသိမ်းစောင့် ရှောက်ခြင်းသည် ဌာနေတိုင်းရင်းသားများကိုစောင့်ရှောက်ပျိုးထောင် ခြင်းပင်ဖြစ်သည်။ ၄င်းတို့၏ယဉ်ကျေးမှုနှင့်လူမှုသဘာ၀၀န်းကျင်ကိုလည်းထိန်းသိမ်းရာလည်းရောက်သည်။

ထိုင်းနိုင်ငံမြောက်ပိုင်းမှကရင်လူငယ်တစ်ဦးဖြစ်သော Ornich ကဤစီမံကိန်းကြောင့် သူငယ်ချင်းများနှင့်အဖွဲ့အစည်းများကြားခင်မင်ရင်းနှီးမှုပိုမိုအားကောင်းလာခဲ့ကြောင်း၊ သဘာ၀ကိုလည်း ထိန်းသိမ်းလေးစားရကောင်းမှန်းသိလာ ရကြောင်း၊ သဘာ၀သည် လူ့ဘ၀ရှင်သန်ရန်အတွက်သာမဟုတ်။ ဘုရားခင်၏ဖန်ဆင်းခြင်းဖြစ်သည်ကိုနားလည်လာရ ကြောင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၌ အဖွဲ့အစည်း‌ (၅) ခုသည် Prey Lang ဒေသ၌သစ်ပင်ပေါင်း (၄၀၀၀) ကိုစိုက်ပျိုးခဲ့ကြသည်။ ထိုဒေသသည် အလွန်ကျယ်ပြန့်သောမြေနိမ့်ဒေသဖြစ်ပြီး၊ ကမ္ဘောဒီးယားနှင့်အရှေ့တောင်အာရှ၏ အမြဲစိမ်းတောများ ပေါက်ရောက်သည်။ ထိန်းသိမ်းထားသောတောလည်းဖြစ်သည်။ ဤသစ်တောကို (၂၀၁၆) ခုမှစ၍ ကမ္ဘောဒီးယားအစိုးရ က တောကောင်များကွန်း ခိုရာရိပ်မြုံအဖြစ်ကြေညာထားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မြောက် Cotabato မှ Marlon E. Apan ကလည်း ကျွန်မတို့ငယ်စဉ် စည်းလုံးကြရမည်။ အဘယ် ကြောင့်ဆိုသော် အနာဂတ်၏ခေါင်း ဆောင်ဖြစ်လာကြမည်။ ကျွန်မတို့အိုမင်းလာသောအခါ မျိုးဆက်သစ်များကို အမွေများချန်ထားခဲ့မည်။ ဖိလစ်ပိုင်မှ အဖွဲ့အစည်း (၅) ခုကလည်း သစ်ပင် (၂၂၀၀၀) ကို Bukidnon ရှိသာသနာအုပ် စုများ၌လည်းကောင်း၊ Davao ရှိတက္ကသိုလ်ပြင်ပနှင့် Zamboanga တို့၌စိုက်ခဲ့ကြသည်။ အချို့ကားမိမိတို့အစီအစဉ် များဖြင့်လည်းစိုက်ပျိုးခဲ့ကြသည်။ ဖိလစ်ပိုင်မှလူငယ်များကလည်း အပင်အားလုံးမျိုးတုန်းသွား၊ တောပြုန်းပြီး၊ သဘာ၀ ဘေးအန္တရာယ်သည်အထိ စောင့်မနေဘဲ အပင်များကိုစိုက်ပျိုးကြပါစို့။ အချိန်ရှိတုန်း လုံ့လစိုက်ကြစို့ဟုတိုက် တွန်းထားသည်။

ထိုင်းနိုင်ငံ၏တောင်ပိုင်း၌ ဒုက္ခသည် (၉၃၀၀၀) ကျော်ခိုလုံနေပြီး၊ ၄င်းတို့သည် ကရင်နှင့်ကရင်နီမျိုးနွယ်စုများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌ဖြစ်ပွားနေသော ပဋိပက္ခများကြောင့်ထွက်ပြေးခိုလုံနေကြခြင်းဖြစ်သည်။ ဒုက္ခသည်စခန်း (၆) ခုနှင့်ချင်းမိုင်သာသနာမှ အဖွဲ့အစည်း (၁၅) ဖွဲ့သည် အပင် (၇၄၀၀) ပင်စိုက်ပျိုးခဲ့သည်။ အပင်များမစိုက်ပျိုးမီ ရဟန်းမင်း ကြီးဖရန်စစ်၏ ‘Laudato si’ (ကျွန်ုပ်တို့၏ဘုံစံအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ကြစို့) စာချွန် တော်၏လမ်းညွှန်ချက်အ တိုင်း ပညာ‌ပေးအစီအစဉ်ကိုဦးစွာကျင်းပခဲ့သည်။

ထိုင်းမြောက်ပိုင်း Mae Sariang မှကရင်လူငယ်တစ်ဦးက ‘အပင်စိုက်ရလို့ ကျွန်တော်အရမ်းပြောတယ်။ သဘာ ၀နဲ့ပိုပြီးနီးကပ်ရတယ်လို့ခံစားရတယ်။ သဘာ၀ကိုထိန်းသိမ်းစောင့်ရှောက်ရင် သဘာ၀လည်းကျွန်တော်တို့ကိုစောင့် ရှောက်မယ်လို့ ရှေးလူကြီးတွေပြောခဲ့သလိုပါဘဲ။ အပင်စိုက်ခြင်းဟာ တောင်ယာ၊ ထင်း၊ အိမ်ထောင် ပရိဘောဂတွေလုပ်ဖို့ ခုတ်လဲလိုက်၊ မီးရှို့လိုက်တဲ့အပင်တွေအစား ပြန်လည်အစားထိုးခြင်းဖြစ်တယ်’ ဟုပြောကြားခဲ့သည်။

အပင်စိုက်ခြင်း သည် လုပ်ရပ်တစ်ခုတည်းမဟုတ်။ အဖွဲ့အစည်းအတွက်အကျိုးရှိသည်။ အဖွဲ့အစည်းများလည်းပါ၀င်လာရသည်။ ဤ နည်းဖြင့် အတူတစ်ကွစုစည်းလုပ်ဆောင်ခြင်းသည် အဖွဲ့အစည်းအကြီးကြီးကိုတည် ဆောက်ခြင်းဖြစ်သည်။ အဖွဲ့အစည်း ကိုတည်ဆောက်ခြင်းသည် ဒေသခံများ၏ယဉ်ကျေးမှု၊ ၀ိညာဉ်ရေး၊ အသက်မွေး၀မ်းကြောင်းများကိုပျိုးထောင်ပေးရာ ရောက်သည်။

မြန်မာနိုင်ငံမှလည်း ဗန်းမော်သာသနာ၊ နားလိုင် စိန့်မိုက်ကယ်သာသနာအုပ်စုကလည်း ပထမဦးဆုံးအကြိမ်ဤ စီမံ ကိန်း၌ပါ၀င်လာခြင်းဖြစ်သည်။

ကယားပြည်နယ်၊ ရှမ်းတောင်ပိုင်းဒေသများ၌ ဤလှုပ်ရှားမှုတွင်ပါ၀င်လာကြသည်။ မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဒီမောဆိုမှ ကယန်းလူငယ်တစ်ဦးကလည်း ‘သစ်ပင်စိုက်ခြင်းသည် ကောင်း သောအလေ့ အထ၊ ရာသီဥတုကိုထိန်းညှိပေးနိုင်ရုံမျှသာမဟုတ်။ အဖွဲ့အစည်းစိတ်ဓာတ်၊ ငြိမ်းချမ်းရေးနှင့်အဖွဲ့အစည်းနှစ်ခုကိုပြန် လည်သင့်မြတ်ရေးကိုလည်းရှေ့ရှုသည်။ ကျွန်ုပ်တို့ကြား၌ ရင်းနှီးကျွမ်း၀င်မှုကိုပြန်လည်ရှင်သန်လာစေသည်’ ဟု ပြော ကြားသည်။

ဗီယက်နမ်သာသနာမှလည်း ဤအစီ အစဉ်၌ပါ၀င်ခဲ့သည်။ ဤစီမံကိန်း၏ တာ၀န်ခံဖြစ်သော Bacomo ကဤအစီအစဉ်၌ပါ၀င်ခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း၊ ဤအ စီအစဉ်သည် ထင်မှတ်ထားသည်ထက်ပို၍ပါ၀င်ခဲ့သော‌ကြောင့် ပါ၀င်ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ ဤအစီ အစဉ်သည် အာရှပစီးဖိတ်ဒေသ၌ သာသနာပြုနေသော ဂျက်ဆွီစ်အသင်း၏တမန်တော်လုပ်ငန်းတစ်စိတ်တစ်ဒေသဖြစ် ကြောင်း၊ ဂျက်ဆွီစ်အသင်းအနေဖြင့် အသင်းသား (၁၆၀၀) ဦးရှိပြီး၊ ၄င်းတို့မှာ (၁၀) ရာခိုင် နှုန်းသည် နိုင်ငံ (၁၆) နိုင်ငံမှ ဖြစ်ကြသည်ဟု ဘဏ္ဍာရေးမှူးလည်းဖြစ်ပြီး၊ ဤစီမံကိန်း၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သော ဖာသာရ် Vidal Gornez Jr ကရှင်းပြခဲ့သည်။

မိတ်ဆွေ၊ ကျေးဇူးရှင်များနှင့်လက်တွဲလုပ်ဆောင်သူများ၏အကူအညီဖြင့် ဂျက်ဆွီစ်အသင်းသည် ဧ၀ံဂေလိသတင်း ကောင်းပျံ့ပွားရေး၊ ပညာရေး၊ သာသနာအုပ်စုများကိုကြည့်ရှုခြင်းနှင့်တမန်တော်လုပ်ငန်း၊ ဥပုသ်များ၌ ဩ၀ါဒပေးခြင်း၊ ဌာနေတိုင်းရင်းသားများအရေးကိုတောင်းဆိုပေးခြင်း၊ သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းခြင်းမှုသည် အခြားသောတမန်တော်လုပ်ငန်းများစွာကိုလုပ်ဆောင်လျှက်ရှိကြောင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HRJSeC

Add new comment

1 + 0 =